၁၆ မတ် ၂၀၂၆ - ၂၃:၅၆
အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ  ၏ ဒရ်စေခါရေဂျ် သည် ဟောင်ဇဟ် တွင် အလွန် လူကြိုက်များသည့် အတန်းများမှ တစ်ခု ဖြစ် +ဗီဒီယို

ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ ဖေက်ဆိုင်ရာနားလည်မှု တွင် အလွန်နက်ရှိုင်းပြီး ခေတ်မီပါတယ်။ လွန်ခဲ့သော တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း အာယာသွလ္လာဟ် ၏ ဒရ်စေခါရေဂျ် ( မွတ်ဂျ်သဟစ်ဒ် အဆင့် ရှိသူများတက်ရသည့်အတန်း ) တွင် ပညာရှင် ၆၀၀ မှ ၇၀၀ ခန့် နှင့် ဝါရင့်ပညာရှင်ကြီးများပါ တက် ရောက် ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ သည် အင်တာဗျူးတစ်ခုတွင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ  ၏ အရည်အချင်းအချို့ကို ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။  အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ က ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ  ၏ ဖေက်ဆိုင်ရာနားလည်မှု တွင် အလွန် နက်ရှိုင်းပြီး ခေတ်နှင့် ကိုက်ညီကြောင်း လွန်ခဲ့သော တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း အာယာသွလ္လာဟ် ၏ ဒရ်စေခါရေဂျ် ( မွတ်ဂျ်သဟစ်ဒ် အဆင့် ရှိသူများတက်ရသည့်အတန်း ) တွင် ပညာရှင်  ၆၀၀ မှ ၇၀၀ ခန့် နှင့် ဝါရင့်ပညာရှင်ကြီးများပါ တက် ရောက် ကြကြောင်းမိန့်ကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ် ရမ်ဒွါန်နီ က အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ အဆင့် အတန်း ကို သိရှိထားသော ရန်သူများသည် သူအာယာသွလ္လာဟ် ၏ ကိုယ်ရည်ကိုယ်သွေးကို ပျက်စီးစေရန် အားထုတ်မှု များစွာ ပြုလုပ်ခဲ့ကြကြောင်း သို့သော် အချိန်တိုအတွင်း လူများစွာသည် အာယာသွလ္လာဟ် ၏ အကျင့်စာရိတ္တနှင့် အပြုအမူကို ချစ်ခင်လေးစားလာကြမည်ဟု ကျွန်ုပ် ယုံကြည်ပါကြောင်း ထပ်မံအလေးပေး မိန့်ကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ် ရမ်ဒွါန်နီ က ဆက်လက်၍ အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ ကျိုးနွံ နှိမ့်ချမှုသည် စကားလုံးများဖြင့် ဖော်ပြမနိုင်လောက်အောင် ကြီးမားကြောင်း အမှန်တကယ် အကျင့် စာရိတ္တကောင်းမွန်စွာ ပိုင်ဆိုင်ထားသူဖြစ်ပြီး အလွန်သတိရှိကာ သက္က်ဝါးတရားရှိသူ ဖြစ်ကြောင်း ထို့ပြင် နိုင်ငံတော် ၏ ကိစ္စရပ်များနှင့် နိုင်ငံရေး လှုပ်ရှားမှုများအပေါ် ပြည့်စုံသော သိမြင်နားလည်မှုရှိကြောင်း ထို့ကြောင့် ရှဟီးဒ် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ သည် အရေးကြီးသော တာဝန်များကိုလည်း သူ့ထံ အပ်နှံလေ့ရှိခဲ့ ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ  ၏ အရည်အချင်းအချို့ကို ရှင်းလင်းမိန့်ကြားနေသည့် ဗီဒီယိုကလစ်တို ကို တင်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha