အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews သတင်းဌာန ၏ အစီရင်ခံစာ အရ European Airports International (ECI) က ဥရောပသမဂ္ဂ၏ သယ်ယူပို့ဆောင်ရေးအရာရှိထံ ပေးပို့သော စာတစ်စောင်တွင် ဟော်မုဇ်ရေလက်ကြားကို နောက်သုံးပတ်အတွင်း မဖွင့် ပါက EU ၏ လေဆိပ်များသည် လေယာဉ်လောင်စာဆီပြတ်လပ်မှု အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဟု သတိ ပေးခဲ့ပါတယ်။
Financial Times မှ ထုတ်ဝေခဲ့သော အစီရင်ခံစာအရ ဥရောပလေဆိပ်များတွင် လေယာဉ် လောင်စာဆီ သိုလှောင်မှုများ သိသိသာသာ ကျဆင်းနေပါတယ်။ အရှေ့အလယ်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကြောင့် လောင်စာ ဆီ ဝယ်လိုအား မြင့်တက်လာချိန်တွင်ဖြစ်ပါတယ်။
EU သယ်ယူပို့ဆောင်ရေးကော်မရှင်နာ Apostolos Tzitzikostas ထံ ပေးပို့သော စာတွင် ဥရောပ လေဆိပ်များ အသင်းက လောင်စာဆီပြတ်လပ်မှုနှင့်ပတ်သက်သည့် ဥရောပလေကြောင်းလုပ်ငန်းတွင် စိုးရိမ်မှုများ တိုးပွား လာနေကြောင်း သတိပေးခဲ့ပြီး ပြင်းထန်သောအကျပ်အတည်းကို ကာကွယ်ရန် ဥရောပကော်မရှင်မှ ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment