၂ မေ ၂၀၂၆ - ၂၃:၄၆
အေမာမ်ဟစန်နီ ဂျေဟာဒ်ဒီအဖွဲ့ သည် ဆင်းရဲသားများကို ကူညီပေး

အေမာမ်ဟစန်နီ ဂျေဟာဒ်ဒီအဖွဲ့ သည် ဒဲဟ်ဟေကေရာမသ် အတွင်း ကွမ်းမြို့ရှိ ဆင်းရဲသားများကို ကူညီပေးခဲ့ပြီး တန်ချိန် ၃၇ သန်းတန်ဖိုးရှိ အစားအစာထုပ် ၃၁၃ ထုပ်ကို ဖြန့်ဝေ လှူဒါန်းခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews၏အစီရင်ခံစာအရ အေမာမ်ဟစန်နီ ဂျေဟာဒ်ဒီအဖွဲ့သည် ဒဲဟ်ဟေကေရာမသ် အတွင်း ကွမ်းမြို့ရှိ ဆင်းရဲသားများကို ကူညီပေးခဲ့ပြီး တန်ချိန် ၃၇ သန်းတန်ဖိုးရှိ အစားအစာထုပ် ၃၁၃ ထုပ်ကို ဖြန့်ဝေ လှူဒါန်းခဲ့ပါတယ်။

ဤလှူဒါန်းမှုသည် ဂုဏ်သိက္ခာနှင့် သန့်စင်သော ရည်ရွယ်ချက်များ၏ သင်္ကေတတစ်ခုဖြစ်ပြီး ခါဒင်မ်မိုရ်ရေဇာ (အ.စ) ရှဟီးဒ် အဲဟ်စာန် ကာစင်မ်မီ အား အောက်မေ့သတိရခြင်းဖြင့် ဆင်းရဲသားများကို လှူဒါန်းခြင်းဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ လိုအပ်နေသူက ဘယ်နေရာမှာပဲရှိရှိ၊ ဘယ်ဒေသ၊ ဘယ်ရပ်ကွက်မှာရှိရှိ အေမာမ်ဟစန်နီ ဂျေဟာဒ်ဒီအဖွဲ့ အတွက် နာမည်နဲ့လိပ်စာရှိရုံနဲ့ လုံလောက်ပါတယ်။ အေမာမ် ဟစန် (အ.စ)  ရက်ရော သည့် ကျေးဇူးတော်အောက်မှာ လှုပ်ရှားနေခြင်းဖြစ်ပါတယ်။

ယခုအခါ ဒဲဟ်ဟေကေရာမသ် အဖြစ် ရက်ရောတဲ့လှူဒါန်းမှုကို ပြုခဲ့ခြင်းဖြစ်ပါတယ်။ အေမာမ်ရေဇာ (အ.စ) နှင့် အေမာမ် ၏ နှမတော် ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) တို့၏ မွေးနေ့ရက်မြတ် မင်္ဂလာများ အထိမ်းအမှတ် အဖြစ် ခါဒင်မ်မိုရ်ရေဇာ (အ.စ) ရှဟီးဒ် အဲဟ်စာန် ကာစင်မ်မီ အား ဆဝါးဗ်ရရင် စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မိသားစုများ အတွက် အစားအစာထုပ် ၃၁၃ ထုပ် ကို ပြင်ဆင်ပြီး ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။

၃၁၃ ဂဏန်းရဲ့ လျှို့ဝှက်ချက်ဟာ အေမာမ်ဟစန်နီ ဂျေဟာဒ်ဒီအဖွဲ့ အတွက်လည်း ဉာဏ်ပညာတစ်ခုရှိပါတယ်။ အသက်ရှင်နေသည့် အေမာမ် လက်ရှိအေမာမ် (အ.ဂျ) ၏ သာဝကတော် ၃၁၃ ပါးကို အထိမ်းအမှတ် ဖြင့် အစားအစာထုပ် ၃၁၃ ထုပ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။  

အစားအစာထုပ် တွင် ဆန် ၊ ခေါက်ဆွဲ၊ အသား၊ လက်ဆောင်ကတ် နှင့် ခရမ်းချဉ်သီးဗူးတို့ပါဝင်ပါတယ်။ ပစ္စည်း များ နည်းပေးမဲ့ လစဉ်ဘဝအတွက် လိုအပ်သည့် ပစ္စည်းများဖြစ်ပါတယ်။ ထိုပြင် ဒီအစဉ်အလာကို အခါသမယ အမျိုးမျိုးမှာ ထပ်ခါတလဲလဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha