၂ မေ ၂၀၂၆ - ၂၃:၅၁
အီရန်သည် ပါရှန်ပင်လယ်ကွေ့ နှင့် အရှေ့အလယ်ပိုင်းရှိ အရေးကြီးသော အမေရိကန်စစ်စခန်းအားလုံးကို တိုက်ခိုက်ခဲ့

အမေရိကန်ရုပ် သံလိုင်း အမေရိကန်ရုပ်သံလိုင်း၏ အဆိုအရ ရက် ၄၀ စစ်ပွဲအတွင်း အီရန်၏ လက်စား ချေမှုကြောင့် အမေရိကန်စစ်စခန်းများနှင့် စျေးကြီးသော ကာကွယ်ရေးစနစ်များကို နီးပါး ပျက်ယွင်းစေပြီး အမေရိကန် အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အဆိုအရ အမေရိကန်ရုပ်သံလိုင်းသည် ရက် ၄၀ စစ်ပွဲအတွင်း အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်း ၁၆ ခုနှင့် အဆောက်အအုံအားလုံးနီးပါးကို အီရန်က တိုက်ခိုက်ခဲ့ကြောင်း ၎င်း၏ အစီရင်ခံစာ တွင် ဖော်ပြထားပါတယ်။ အစီရင်ခံစာအရ အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများသည် စစ်စခန်းများစွာကို အသုံးမပြုနိုင်သလောက် ဖြစ်စေခဲ့ကြောင်းသိရပါတယ်။

CNN ၏ ကျွမ်းကျင်သူတစ်ဦးကို ကိုးကား၍ ဤကဲ့သို့သော မြင်ကွင်းကို ကျွန်ုပ် တစ်ခါမှ မမြင်ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ အီရန်တိုက်ခိုက်မှုများ၏ အဓိကပစ်မှတ်များမှာ အမေရိကန်၏ ခေတ်မီရေဒါစနစ်များ၊ ဆက်သွယ်ရေးစနစ်များနှင့် လေယာဉ်များဖြစ်ကြောင်း ရုပ်သံလိုင်းက ပြောကြားခဲ့ပါတယ်။

၎င်းတို့အများစုမှာ စျေးကြီးပြီး အရေအတွက် အကန့်အသတ်ဖြင့်သာဖြစ်ပြီး ပြန်လည်ရယူရန် ခက်ခဲကြောင်း အမေရိကန်သတင်းရင်းမြစ်များက အီရန်သည် တိုက်ခိုက်မှုများအတွက် အထိရောက်ဆုံးနှင့် အရေးကြီးဆုံး နေရာများကို ရွေးချယ်ခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

အမေရိကန် လွှတ်တော်အမတ်တစ်ဦး၏ လက်ထောက်တစ်ဦးက ရေဒါစနစ်များသည် စစ်တပ်၏ အဖိုးတန်ဆုံးနှင့် အကန့်အသတ်ရှိသော အရင်းအမြစ်ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုဗဟိုချက်များသည် အမေရိကန် စစ်စခန်း အားလုံးနီးပါး ကို လွှမ်းခြုံထားကြောင်း ပြောကြားခဲ့ပါတယ်။  CNN ၏ အဆိုအရ အီရန်နှင့်စစ်ပွဲသည် အမေရိကန် ပြည်ထောင်စုအတွက် ဒေါ်လာ ၄၀ မှ ၅၀ ဘီလီယံအထိ ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ပင်တဂွန်က မကြာသေးမီက ဆုံးရှုံးမှုမှာ ဒေါ်လာ ၂၅ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha