၁၀ မေ ၂၀၂၆ - ၂၃:၃၇
အိုမန်နိုင်ငံ၏ မုဖ်သီချုပ်သည် မွတ်စလင်မ် အွန်မသ်ကြီး အနေဖြင့်  ဂါဇာ နှင့် အီရန်အပေါ် ကျူးကျော် မှုကို ဆန်ကျင့် ရန် စည်းလုံးညီညွတ်ပေးဖို့  မေတ္တာရပ်ခံ

အိုမန်နိုင်ငံ၏ မုဖ်သီချုပ်သည် မွတ်စလင်မ် အွန်မသ်ကြီး အနေဖြင့် ဂါဇာ နှင့် အီရန်အပေါ် ကျူးကျော်မှုကို ဆန်ကျင့် ရန် စည်းလုံးညီညွတ်ပေးဖို့ မေတ္တာရပ်ခံ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အိုမန်နိုင်ငံ၏ ဖုဖ်သီချုပ် ရှိက်ခ် အဲဟ်မဒ် ဘင်န်ဟမ်ဒ်ဒိုလခလီလီ  သည် အမေရိကန်ပြည်ထောင်စုနှင့် ဇီယွန်အစိုးရ၏ အီရန်နှင့် ဂါဇာအပေါ် ကျူးကျော်မှုကို ဆန့်ကျင်ရန် မွတ်စလင်မ် အွန်မသ် ကြီးအား စည်းလုံးညီညွတ်ရန် မေတ္တာရပ်ခံခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များအရ မုဖ်သီချုပ် ကြီးသည် လူမှုမီဒီယာပလက်ဖောင်း X တွင် မိမိ ၏ သတင်း စကားတွင် ဂါဇာ နှင့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအပေါ် ဇီယွန်အစိုးရ၏ လုပ်ရပ်များကို ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့ပါတယ်။

ရှိက်ခ် အဲဟ်မဒ် ဘင်န်ဟမ်ဒ်ဒိုလခလီလီ  က မွတ်စလင်မ် များအားလုံးသည် ဂါဇာ ၊ အီရန် သို့မဟုတ် ကမ္ဘာ့ မည်သည့် နေရာတွင်မဆို ကျူးကျော်မှုကို ဆန့်ကျင်ရန် စည်းလုံးညီညွတ်သင့်ကြောင်း ထပ်လောင်း ပြောကြား ခဲ့ပါတယ်။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်အွန်မသ် ကြီးသည် တစ်ခုတည်းသောအွန်မသ် ဖြစ်ပြီး မှားယွင်းမှု များကို ဆန့်ကျင်ရာတွင် မိမိ ၏စည်းလုံးညီညွတ်မှုကို ပြသရမည်ဖြစ်သောကြောင့်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha