၁၁ မေ ၂၀၂၆ - ၁၃:၂၆
ရန်သူသင်္ဘောများကို စောင့်ကြည့်ရန်နှင့် လိုက်လံရှာဖွေရန် ဟော်မုဇ်ရေလက်ကြားရှိ အီရန်ရေငုပ်သင်္ဘောများ

ရန်သူသင်္ဘောများကို စောင့်ကြည့်ရန်၊ လိုက်လံရှာဖွေရန်နှင့် ဖြစ်နိုင်ချေရှိသော အရေးယူမှုများပြုလုပ်ရန် ပြည်တွင်း ၌တည်ဆောက်ထားသော ရေငုပ်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားတွင် ချထားခဲ့ ကြောင်း အီရန် ရေတပ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အီရန်ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှဲဟ်ရာမ်အီရန်နီ က အီရန်၏ ပြည်တွင်း၌တည်ဆောက်ထားသော ရေငုပ်သင်္ဘောများကို လက်ရှိခြိမ်းခြောက်မှုများနှင့် လိုအပ်ချက်များနှင့်အညီ ဟော်မုဇ်ရေလက်ကြားရေပြင်တွင် ချထားနေကြောင်း ပြောကြားခဲ့ပါတယ်။

ဤရေငုပ်သင်္ဘောများသည် ပင်လယ်ကြမ်းပြင်အောက်တွင် အချိန်ကြာမြင့်စွာရှိနေနိုင်ပြီး ဟော်မုဇ် ရေလက်ကြား ၏ အရေးကြီးသော ရေလမ်းကြောင်းများရှိ ရန်သူသင်္ဘောအမျိုးမျိုးကို စောင့်ကြည့်ခြင်း၊ လိုက်လံရှာဖွေခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း ဗိုလ်ချုပ် ကြီး ရှဲဟ်ရာမ်အီရန်နီက ပြောကြားခဲ့ပါတယ်။

အီရန်ရေတပ် ဗိုလ်ချုပ်ကြီး၏အဆိုအရ ရေတပ်အရာရှိများနှင့် ဝန်ထမ်းများသည် ဤရေငုပ်သင်္ဘောများကို ပါရှန်ပင်လယ်ကွေ့၏ လင်းပိုင်များဟု နေ့စဉ်အသုံးအနှုန်းများဖြင့် ခေါ်ဆိုကြပါတယ်။

ပါရှန်းပင်လယ်ကွေ့ လင်းပိုင်များသည် ဟော်မုဇ်ရေလက်ကြားတွင် စစ်ဆင်ရေးတစ်ခုအတွင်း ပေါ်ထွက်ကာ ဖျက်သင်္ဘော ဒါနာ၏ အာဇာနည်များကို အောက်မေ့သတိရရန် ရည်စူးသည့် ရေတပ်ကာကွယ်ရေးစွမ်းအားကို ပြသရန် စစ်ရေးလေ့ကျင့်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် မိမိ တို့၏ တာဝန်ဝတ္တရားများကို ဆက်လက် ထမ်းဆောင်ရန် ပင်လယ်ရေအောက်သို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ရှဲဟ်ရာမ်အီရန်နီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha