၁၃ မေ ၂၀၂၆ - ၀၂:၀၂
ရမ်ဒွါန်စစ်ပွဲတွင် သာသနာ့ ကျောင်းသား နှင့် အာလင်မ် ၃၆ ပါး အသက်စတေးခဲ့

အီရန် နိုင်ငံ၏ ပါမောက္ခများ၊ ကျောင်းသားများနှင့် အာလင်မ် များ၏ ဗစီးဂျ် ဖွဲ့အစည်း၏ အကြီးအကဲက စုဆောင်းရရှိသော နောက်ဆုံးသတင်းအချက်အလက်များအရ တတိယအကြိမ်မြောက် စစ်ပွဲအတွင်း ကျွန်ုပ်တို့ နိုင်ငံ ၏ မိုဂျာဟစ်ဒ် နှင့် တော်လှန်ရေး သာသနာ့ ကျောင်းသား နှင့် အာလင်မ် ၃၆ ပါး သည် အာဇာနည်အဖြစ် နိုင်ငံအတွက် စတေးခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Rasanews၏အစီရင်ခံစာအရ အီရန် နိုင်ငံ၏ ပါမောက္ခများ၊ ကျောင်းသားများနှင့် အာလင်မ် များ၏ ဗစီးဂျ် ဖွဲ့အစည်း၏ အကြီးအကဲ H.I အဘာစ်အလီ အီနာနနလူဖရ်  က နိုင်ငံတော် ၏ မကြာသေးမီက ဖြစ်ပေါ် ခဲ့သည့် အခြေအနေ များနှင့် ပတ်သက်၍ ဘာသာရေး အာဇာနည်များ၏ စာရင်းအင်းများကို ဖော်ထုတ်ခြင်းနှင့် ကြေညာခြင်း၏ နောက်ဆုံးအခြေအနေကို ရည်ညွှန်း၍ အင်တာဗျူးတစ်ခုတွင် အစပိုင်းတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ လုပ်ကြံခံရမှု ၊  အီရန်ထောက်လှမ်းရေး ၏ အကြီးအကဲ H.I  ဆယက်ဒ် ဆသွီးဗ် ၏ လုပ်ကြံခံရမှု အတွက် အေမာမ် ဇမာန်း (အ.ဂျ) နှင့် မ၇်အအ်တော်များ ဟောင်ဇေများနှင့် ပတ်သက်နေသူများ ရှဟီးဒ်များ ၏ မိသားစု ဝင်များ နှင့် အီရန်ပြည်သူ လူထု အားဝမ်းနည်း ကြေကွဲရကြောင်းပြောကြားခဲ့ပါတယ်။

H.I အဘာစ်အလီ အီနာနနလူဖရ်  က ထပ်လောင်း၍  ဤအဆင့်မြင့် အာဇာနည်များသည် မိမိ တို့၏ ကောင်းချီးမင်္ဂလာရှိသော ဘဝများကို အစ္စလာမ်ဘာသာ မြှင့်တင်ရေး၊ အစ္စလာမ်တော်လှန်ရေး၏ စံနှုန်းများကို ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံ၏ လုံခြုံရေးနှင့် လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရေး လမ်းကြောင်းပေါ်တွင် ကုန်ဆုံးခဲ့ကြသည်မှာ သံသယဖြစ်စရာမလိုကြောင်း ယနေ့တွင် ၎င်းတို့၏ အမည်များနှင့် လမ်းကြောင်းသည် အနာဂတ်မျိုးဆက်များကို လမ်းညွှန်ပေးသည့် လမ်းကြောင်းပေါ်တွင် ထွန်းလင်း တောက်ပသော အလင်းရောင်တစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် နိုင်ငံ၏ ပါမောက္ခများ၊ ကျောင်းသားများနှင့် အာလင်မ် များ၏ ဗစီးဂျ် ဖွဲ့အစည်း၏ အကြီးအကဲ ဆက်လက်ပြီး နောက်ဆုံးစုဆောင်းရရှိသော အချက်အလက်များအရ တတိယအကြိမ်မြောက် စစ်ပွဲအတွင်း ကျွန်ုပ်တို့နိုင်ငံ၏ မိုဂျာဟစ်ဒ် နှင့် တော်လှန်ရေးသာသနာ့ ကျောင်းသားများ နှင့် အာလင်မ်များ  ၃၆ ပါး အသက်စတေးခဲ့ကြောင်း ထို့အပြင် ၁၂ ရက်ကြာစစ်ပွဲတွင် သာသနာ့ ကျောင်းသားနှင့် အာလင်မ်  ၁၄ ပါး  အသက်စတေးခဲ့ကြောင်း  ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်၊ဇီယွန်ဝါဒီတို့ ဦးဆောင်သည့် ပြည်တွင်း  အဓိကရုဏ်းသမားများက ပြုလုပ်ခဲ့သော အာဏာပုန်ကန် မှု တွင် ဗစီးဂျ် နှင့် တော်လှန်ရေးသာသနာ့ ကျောင်းသား နှင့် အာလင်မ် ၈ပါး အသက်စတေးခဲ့ကြောင်း ဤဖြစ်ရပ်များနှင့် ပဋိပက္ခများတွင် နိုင်ငံတော်၏ သာသနာ့ ကျောင်းသား များ နှင့် အာလင်မ်များ ပေါင်း ၅၈ ပါး အသက်စတေးခဲ့ကြပြီး ၎င်းတို့၏ အမည်များနှင့် ဝိသေ သလက္ခဏာ များ ကို ပြည်နယ်အလိုက် မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha