အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews၏အစီရင်ခံစာအရ ဟီးဘရူးသတင်းစာ ( အစ္စရေးသတင်းစာ ) Haaretz က ဤစစ်ပွဲသည် အရှေ့ အလယ်ပိုင်းနိုင်ငံ များ၏ အမေရိကန်များအပေါ် ယုံကြည်မှုကို ထိခိုက်စေခဲ့ပြီး အစ္စရေးသည် ဒေသတွင်းကို ဆုံးရှုံး မှုများစွာဖြစ်စေသည့် အဖြစ်အပျက်တစ်ခုသို့ ဆွဲခေါ်သွားသည့် ပါတီအဖြစ် ရှုမြင်ကြကြောင်း ဖော်ပြ ထား ပါတယ်။
အာရပ်ပင်လယ်ကွေ့နိုင်ငံများသည် အမေရိကန်ကို မှီခို၍မရကြောင်း သဘောပေါက်လာကြပြီး အီရန်အပါအဝင် ကာကွယ် ရေးမဟာမိတ်အသစ်များကို ရှာဖွေနေကြကြောင်း Haaretz က ထပ်လောင်းပြောကြားခဲ့ပါတယ်။
Haaretz က လုံခြုံရေးခါးပတ်များသို့ ပြန်လည်ရောက်ရှိခြင်းသည် ပြောက်ကျားစစ်ပွဲနှင့် နေ့စဉ် ထိခိုက်ဒဏ်ရာရ မှုများကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး လက်ဘနွန်နိုင်ငံ၏ ရွှံ့နွံထဲတွင် ၁၈ နှစ်ကြာ နစ်မြုပ်နေချိန်တွင် ကျွန်ုပ်တို့ သိရှိခဲ့ရသည်ဟု ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် ဟီးဘရူးသတင်းစာ Israel Hayom က “အီရန်ကို စစ်ပွဲစတင်ချိန်တွင် အစ္စရေးသည် အီရန် နိုင်ငံ၏ အစိုးရ ပြိုလဲသွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယင်းသို့ မဖြစ်ပွားခဲ့ဘဲ ရလဒ်အနေဖြင့် ကြီးမားသော မဟာ ဗျူဟာမြောက် ကျရှုံးမှုတစ်ခု ဖြစ်ခဲ့ သည်။” ဟု ဖော်ပြခဲ့သည်။ အစ္စရေး ဟာယွန်က ဆက်လက် ပြောကြားရာတွင် “စိုးရိမ်စရာကောင်းတာက ဒီစစ်ပွဲမှာ အီရန်က အင်အားတောင့်တင်းနေခဲ့ပြီး အစ္စရေးနဲ့ အမေရိကန် ကတော့ အားနည်းနေခဲ့တာပါ” ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment