၆ ဇွန် ၂၀၂၆ - ၀၀:၄၇
အီရန်အပေါ် ပြုလုပ်သည့် စစ်ပွဲအပြီးတွင် သင်္ဘောတင်ပို့မှုကုန်ကျစရိတ်များ ၈၀ ရာခိုင်နှုန်း မြင့်တက်လာ

ဖေဖော်ဝါရီလကုန်ပိုင်း အမေရိကန် နှင့် ဇီယွန်ဝါဒီအစိုးရတို့သည် အီရန်အပေါ် မိမိ တို့၏ ရန်လိုမှုကို စတင်ခဲ့သည့်နေ့မှစ၍ သင်္ဘောတင်ပို့မှုစျေးနှုန်းများသည် ၈၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သယ်ယူပို့ဆောင်ရေးကျွမ်းကျင်သူများ၏ အဆိုအရ ကွန်တိန်နာများ၏ တိုက်ရိုက်စျေးနှုန်းသည် ၈၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သင်္ဘောများအတွက် လောင်စာဆီစျေးနှုန်းနှင့် အခြားလောင်စာဆီဆိုင်ရာ ကုန်ကျစရိတ်များ မြင့်တက် လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေးနှုန်းထားများအပေါ် နောက်ထပ်ဖိအားများ မြင့်တက် လာခဲ့ပါ တယ်။

တစ်ချိန်တည်းမှာပင် ဟော်မုဇ်ရေလက်ကြားရှိ သယ်ယူပို့ဆောင်ရေးပမာဏသည် ၉၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ပင်လယ်နီလမ်းကြောင်းပေါ်တွင် ဖိအားများ မြင့်တက်လာခြင်းကြောင့် ထုတ်ကုန်ပို့ဆောင်မှုအမြန်နှုန်း နှေးကွေး လာပြီး ကုန်သွယ်ရေးလမ်းကြောင်းများ ပြောင်းလဲသွားပြီး ထုတ်လုပ်မှုနှင့် ဝယ်ယူမှုလုပ်ငန်းစဉ်အမျိုးမျိုး အနှောင့် အယှက်ဖြစ်ခဲ့ရပါတယ်။

ကမ္ဘာ့ကွန်တိန်နာအညွှန်းကိန်းမှ နောက်ဆုံးရရှိသောဒေတာကို ကိုးကား၍ Drewry Maritime Research Center မှ ပေ ၄၀ ကွန်တိန်နာတစ်ခု၏ ပျမ်းမျှကုန်ကျစရိတ်သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဒေါ်လာ ၁,၉၀၀ မှ ဒေါ်လာ ၃၃၀၀ အထိ မြင့်တက်လာကြောင်း ဖော်ပြခဲ့ပါတယ်။

ပစိဖိတ်ဖြတ်ကျော်နှင့် အာရှ-ဥရောပပင်လယ်လမ်းကြောင်းများတွင် ကွန်တိန်နာအရေအတွက်နှင့် ဟော်မုဇ် ရေလက်ကြား ရှိ စီးပွားဖြစ်သင်္ဘောများ၏ အမြန်နှုန်း သိသိသာသာကျဆင်းမှုကြောင့် ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha