၈ ဇွန် ၂၀၂၆ - ၂၃:၅၄
လက်ဘနွန်တွင် ဟစ်ဘိုလာ ၏ နောက်ဆုံးတိုက်ခိုက်မှုကြောင့် အစ္စရေးတပ်မှူးနှင့် တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံး

လက်ဘနွန်တောင်ပိုင်းတွင် ဟစ်ဘိုလာ (Hezbollah) အဖွဲ့၏ နောက်ဆုံးလုပ်ဆောင်ခဲ့သော ပြင်းထန်သည့် စစ်ဆင်ရေးများနှင့် တိုက်ခိုက်မှုများအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ အဆင့်မြင့်တပ်မှူး အပါအဝင် စုစုပေါင်း တပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယခုထုတ်ပြန်လိုက်သော ဓာတ်ပုံမှတ်တမ်းများတွင် သေဆုံးသွားခဲ့ရသည့် အစ္စရေးစစ်ဘက်ဆိုင်ရာ တပ်မှူးနှင့် အခြားတပ်ဖွဲ့ဝင် ၂၀ ဦးတို့၏ ရုပ်ပုံများကို ဖော်ပြထားပါတယ်။ ၎င်းတို့သည် လက်ဘနွန်နယ်စပ်တစ်လျှောက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဟစ်ဘိုလာတို့၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှုနှင့် အနီးကပ်တိုက်ခိုက်မှုများကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။

သေဆုံးသူများထဲတွင် အတွေ့အကြုံရင့် စစ်သည်များသာမက လူငယ်တပ်ဖွဲ့ဝင်များစွာလည်း ပါဝင်နေပြီး ၎င်းတို့အားလုံးမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း အသက်ပေးခဲ့ရသူများဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် လက်ဘနွန်နှင့် အစ္စရေးနယ်စပ်ကြား တင်းမာမှုများ အမြင့်ဆုံးသို့ ရောက်ရှိနေသည့်အချိန်တွင် ပေါ်ပေါက် လာခြင်းဖြစ်ပြီး နှစ်ဖက်စစ်ရေးအခြေအနေမှာ ပိုမိုပြင်းထန်လာမည့် အရိပ်အယောင်များ ပြသနေပါတယ်။

ဟစ်ဘိုလာအဖွဲ့ဘက်ကလည်း ဤတိုက်ခိုက်မှုသည် မိမိ တို့၏ နယ်မြေအား ကျူးကျော်မှုအပေါ် တုံ့ပြန်ခြင်းဖြစ် သည်ဟု ထုတ်ပြန်ထားပြီး၊ အစ္စရေးဘက်ကမူ ၎င်းတို့၏ ကျဆုံးသွားသော တပ်ဖွဲ့ဝင်များအတွက် ဝမ်းနည်းခြင်း အခမ်းအနားများကို ပြုလုပ်သွားရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha