၉ ဇွန် ၂၀၂၆ - ၂၃:၅၉
အပြစ် နှင့် ခင်ပွန်း၏ စကားကို နားထောင်ခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အပြစ် နှင့် ခင်ပွန်း၏စကားကို နားထောင်ခြင်း နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အပြစ် နှင့် ခင်ပွန်း၏စကားကို နားထောင်ခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

ကျွန်ုပ်၏ ညီမဖြစ်သူမှာ စေ့စပ်ထားပြီးဖြစ်၍ မင်္ဂလာဆောင်ရန် ရက်အနည်းငယ်သာ လိုပါတော့သည်။ သူမသည် မင်္ဂလာဆောင်သည့်နေ့တွင် (အစ္စလာမ်သာသနာ့စည်းကမ်းနှင့်အညီ) ဟေဂျာဗ် ဝတ်ဆင်လိုသော်လည်း သူမ၏ ခင်ပွန်းလောင်းက ထိုအချက်ကို သဘောမတူပါ။ ဤနေရာတွင် ရှရီအသ် (သာသနာ့ဥပဒေ) ၏ အမိန့်မှာ မည်သို့ ရှိပါသနည်း?

အဖြေ

ဤကိစ္စနှင့်ပတ်သက်၍ ထိုအမျိုးသမီးအတွက် မိမိခင်ပွန်း၏စကားကို နားထောင်ရန် (လိုက်နာရန်) ခွင့်မရှိပါ။ အကယ်၍ သူမသည် (ဟေဂျာဗ် မဝတ်ဘဲ) ခင်ပွန်း၏စကားကို နားထောင်လိုက်နာပါက သူမသည် အပြစ်ထိုက်သူ ဖြစ်ပေလိမ့်မည်။

(ကိုးကားစာအုပ် - ဖေက်ဟ်နစ်စဝါန် စာမျက်နှာ ၃၆၁၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ၏ ဖသ်ဝါများ)

ရှင်းလင်းချက်  - အစ္စလာမ်သာသနာတွင် ခင်ပွန်း၏စကားကို နားထောင်ရန် တိုက်တွန်းထားသော်လည်း၊ ဖန်ဆင်း ရှင် (ခ) အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် (ဥပမာ- ဟေဂျာဗ် ဝတ်ဆင်ခြင်း) ကို ဖောက်ဖျက်ရ မည့်ကိစ္စမျိုး တွင် မည်သူတစ်ဦးတစ်ယောက်၏ စကားကိုမျှ နားထောင်ခွင့်မရှိကြောင်း ဤဓမ္မသတ်က ဖော်ပြ နေခြင်း ဖြစ်ပါ တယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha