၁၂ ဇွန် ၂၀၂၆ - ၀၅:၂၆
အမေရိကန်၏ ခြိမ်းခြောက်မှုများကြား “ရေနံနှင့် ဓာတ်ငွေ့တင်ပို့မှုမှာ အားလုံးအတွက် ဖြစ်ရမည်၊ မဟုတ်လျှင် ဘယ်သူမှ မဖြစ်နိုင်” ဟု အီရန် ပြောကြား

အီရန်နိုင်ငံ၏ ခါသန်မိုလ်အန်ဗီယာ(ဆွ)ဗဟိုစစ်ဌာနချုပ် ၏ အထူးစစ်ဘက်ညွှန်ကြားရေးဌာန၏ ကွပ်ကဲရေးမှူးက အမေရိကန်ဘက်မှ အီရန်၏ ရေနံအခြေခံအဆောက်အအုံများကို ခြိမ်းခြောက်နေသည့်အခြေအနေများကို ရည်ညွှန်း၍ ပြောကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထိုကြေညာချက်အရ အီရန်၏ ရေနံနှင့် ဂက်စ်(ခ) သဘာဝဓာတ်ငွေ့ လုပ်ငန်းများကို ထိခိုက်စေမည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို လက်ခံမည်မဟုတ်ကြောင်းနှင့် ဒေသတွင်း ရေနံနှင့် ဓာတ်ငွေ့ တင်ပို့မှုများအပေါ် အကျိုး သက်ရောက်မှု ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။

ကွပ်ကဲရေးမှူးက “ဒေသတွင်း ရေနံနှင့် ဓာတ်ငွေ့ တင်ပို့မှုများသည် အားလုံးအတွက် ဆက်လက် လုပ်ဆောင်နိုင် ရမည်။ အကယ်၍ အချို့နိုင်ငံများကို တားဆီးမှုများ ပြုလုပ်လာပါက နောက်ဆုံးတွင် မည်သူမျှ တင်ပို့နိုင်မည် မဟုတ်တော့ပါ” ဟု ဆိုခဲ့ပါတယ်။

အဆိုပါပြောကြားချက်သည် မကြာသေးမီက အမေရိကန်ဘက်မှ အီရန်၏ စွမ်းအင်ကဏ္ဍနှင့် ရေနံ အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားနိုင်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်လာသည့်နောက် ထုတ်ပြန် လာခြင်းဖြစ်ပြီး ဒေသတွင်း စွမ်းအင်လုံခြုံရေးနှင့် ဈေးကွက်အပေါ် သက်ရောက်မှုများကို စောင့်ကြည့် နေကြ ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha