အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA ၏ အဆိုအရ အီရန်လေကြောင်း ဟိုမားလေကြောင်းလိုင်းမှ MD Captain သွာဟေရ် အဗ်ဒိုလ္လာဟ်ဟီ သည် ဇွန်လ ၁ ရက်မှ ၁၄ ရက်အထိ အီရန်သို့ ဟာဂျီ များ ပြန်လည်ပို့ဆောင်ရန် လုပ်ငန်းစဉ်အသေးစိတ်ကို ပြောကြားခဲ့ပါတယ်။
IRNA နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ဇွန်လ ၁၃ ရက်နေ့တွင် ဟာဂျီ များကို ၎င်းတို့၏ဇာတိမြေသို့ ပြန်လည်ပို့ဆောင်ရန်အတွက် ဂျီဒ္ဒါ မှ တီဟီရန် ၊ မရှ်ဟဒ် ၊ ရှီးရာဇ်၊ ဂေါ်ရ်ဂန် ၊ ဇာဟေဒန် နှင့် အစ္စဖဟန် သို့ စုစုပေါင်း လေယာဉ် ၂၃၄ စင်း ပျံသန်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
Capt. Abdolhai က ဇွန်လ ၁၃ ရက်နေ့ကုန်တွင် ဟာဂျီ ပေါင်း ၂၇၈၁၀ ဦးကို အိမ်ပြန်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း စာရင်းအင်းများပေးနေစဉ် ပြောကြားခဲ့ပါတယ်။
အစီအစဉ်အရ လေဆိပ်မှ ဟာဂျီ များ၏ နောက်ဆုံးလေယာဉ်သည် ယနေ့ ဇွန်လ ၁၄ ရက် ည ၁၁ နာရီတွင် ဂျီဒ္ဒါ မှ ထွက်ခွာမည်ဖြစ်ပြီး ဇွန်လ ၁၅ ရက် နံနက် ၂:၃၀ နာရီတွင် အေမာမ် ခိုမေနီ (ရ.ဟ) အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆင်းသက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
အီရန်အဲယား (Homa) ၏ MD စီးရီးလေယာဉ်ကို မောင်းနှင်သော လေယာဉ်မှူးချုပ် သွာဟေရ် အဗ်ဒိုလ္လာဟ်ဟီ က အီရန်သို့ ဤလေယာဉ် ရောက်ရှိလာခြင်းဖြင့် ဘုရားဖူးများကို အိမ်ပြန်ပို့ဆောင်ရန် လုပ်ငန်းစဉ်များ ပြီးစီးမည်ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment