၁၄ ဇွန် ၂၀၂၆ - ၂၃:၅၆
ဇါဟီယာအပေါ် အစ္စရေး၏ ကျူးကျော်မှု ၊ ဒေါက်တာကာလီဗါဖ်၏ ပြင်းထန်သော တုံ့ပြန်မှု

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က လက်ဘနွန် နိုင်ငံ ဒါဟီယာ၏ တောင်ပိုင်းဆင်ခြေဖုံးဒေသများကို ဇီယွန်ဝါဒီတိုက်ခိုက်မှုသည် အမေရိကန် ပြည်ထောင် စုသည် ၎င်း၏ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းမရှိ သို့မဟုတ် ထိုသို့ ပြုလုပ်ရန် မတတ်နိုင်ကြောင်း ထပ်မံသက်သေပြခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ  မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က လက်ဘနွန်နိုင်ငံ ဒါဟီယာ၏ တောင်ပိုင်းဆင်ခြေဖုံးဒေသများကို ဇီယွန်ဝါဒီ တိုက်ခိုက်မှုသည် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းမရှိ သို့မဟုတ် ထိုသို့ပြုလုပ်ရန် မတတ်နိုင်ကြောင်း ထပ်မံသက်သေပြခဲ့သည်ဟု ပြောကြား ခဲ့ပါတယ်။

အစ္စရေးအစိုးရအား အစိမ်းရောင်အချက်ပြမှုပေးခြင်းဖြင့် နိုင်ငံရေးအားသာချက် သို့မဟုတ် လိုက်လျောမှု မရနိုင်ကြောင်း၊ သို့သော် "ရဲကောင်းနှင့် ရဲဆိုး" ဟူသော ကစားနည်းဟောင်းသည် ယခုအခါ ထိရောက်မှု မရှိတော့ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုတွင် ၎င်း၏ကတိကဝတ်များကို အကောင်အထည်ဖော်ရန် စွမ်းရည် သို့မဟုတ် လေးနက်သောရည်ရွယ်ချက်မရှိပါက ညှိနှိုင်းမှုလုပ်ငန်းစဉ် သို့မဟုတ် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် ရှေ့ဆက်သွားရန် ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ‌ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha