အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟော်ဇာသတင်းဌာန၏ သတင်းတစ်ပုဒ်အရ လက်ဘနွန်ရှိ " قولنا والعمل" အသင်းသည် ဟစ်ဂျရီ လဆန်းနှစ် အစတွင် "ဗရာလေယာစ် " ဒေသတွင် ဘာသာရေးနှင့် ပညာရေးဆိုင်ရာပွဲတစ်ခုကို ရှိက်ခ် အဲဟ်မဒ် အယ်လ်ကသွန် ၏ ရှေ့မှောက်တွင် ကျင်းပခဲ့ပါတယ်။
ယင်းပွဲကို ပါလီမန်အမတ်တစ်ဦးဖြစ်ပြီး "ခုခံတွန်းလှန်ရန် သစ္စာရှိမှု" အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဖာသာ တီမိုသီ အဘူဂျာလီ၊ အော်သိုဒေါ့စ်ချာ့ခ်ျမှ ဘိရှော့ အန်တိုနီယို အယ်လ်-ဆူရီ ကိုယ်စားပြုသည့် "ကြံ့ကြံ့ခံ ခုခံတွန်းလှန်ရန် သစ္စာရှိမှု" အဖွဲ့ဝင်တစ်ဦးအပြင် အမျိုးသားနှင့် အစ္စလာမ်ပါတီများ၊ ပါလက်စတိုင်းအဖွဲ့များနှင့် ဒေသတွင်းမှ ပုဂ္ဂိုလ်များ၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ရှိက်ခ် အဲဟ်မဒ် အယ်လ်ကသွန် က အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် ကြံ့ကြံ့ခံ ခုခံတွန်းလှန်ရန် ရွေးချယ်မှု ကို ကုရ်အာန်ကျမ်းတော်မြတ်၏ အမိန့်များကို လိုက်နာခြင်းအပေါ် အခြေခံ၍ ရွေးချယ်ခဲ့ ခြင်းဖြစ် ပါတယ်။
ဆက်လက်ပြီးရှိက်ခ် အဲဟ်မဒ် အယ်လ်ကသွန် က ဇီယွန်ဝါဒီ၊ အမေရိကန်အစီအစဉ်ဟာ လူသားနဲ့ လူသားမျိုးနွယ် ကို ပစ်မှတ်ထားပြီး မွတ်စလင်မ်များနှင့် ခရစ်ယာန်များကို ခွဲခြားသတ်မှတ်ခြင်း မရှိပါကြောင်း အစ္စရေးရဲ့ ကျူးကျော် မှုကို ခုခံသူတိုင်းနဲ့အတူ ရပ်တည်တာဟာ ဘာသာရေးတာဝန်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရှိက်ခ် အဲဟ်မဒ် အယ်လ်ကသွန်က ထပ်လောင်းပြောကြားရာမှာ လက်ဘနွန်နိုင်ငံက ကြံ့ကြံ့ခံ ခုခံမှုကို မကောင်းဆိုးဝါးဖြစ်သတ်မှတ်ဖို့ ကြိုးစားမှုများသည် မွေးရပ်မြေကို ကာကွယ်ရာမှာ အာဇာနည်များ နှင့် မိုဂျာဟစ်ဒ်များ ပေးဆပ်ခဲ့တဲ့ ပမာဏကို လျစ်လျူရှုထားခြင်း ဖြစ်ကြောင်း ဖြစ်ပါတယ်။
လက်ဘနွန်နိုင်ငံက စွန်နီပညာရှင်က အလေးပေးပြောကြားရာမှာ လက်ဘနွန်နိုင်ငံက ကြံ့ကြံ့ခံ ခုခံမှုဟာ ကျွန်ုပ် တို့၏ အသက်သွေးကြောဖြစ်ပြီး ဇီယွန်ဝါဒီရန်သူဟာ အဆက်မပြတ် ကျူးကျော်နေပေမယ့်လည်း သူတို့ ၏ ဆိုးရွားသည့် ရည်မှန်းချက်များကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ကြောင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment