၂၄ ဇွန် ၂၀၂၆ - ၂၃:၅၈
အာရှုရာနေ့၏ ကျင့်စဉ်များ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ၏ နောက်လိုက်များနှင့် ချစ်မြတ်နိုးသူများ လိုက်နာကျင့်သုံးနိုင်ရန် အာရှုရာနေ့၏ ထူးမြတ်သော ကျင့်စဉ်များကို စုစည်းတင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ၏ နောက်လိုက်များနှင့် ချစ်မြတ်နိုးသူများ လိုက်နာကျင့်သုံးနိုင်ရန် အာရှုရာနေ့၏ ထူးမြတ်သော ကျင့်စဉ်များကို စုစည်းပြီး အောက်ပါအတိုင်းတင်ပြလိုက်ပါတယ်။

() အေမာမ်ဟိုစိုင်းန် (.) အား ဇေယာရသ်ပြုခြင်း

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်မှာ - “အကြင်သူသည် အာရှုရာနေ့တွင် အေမာမ်ဟိုစိုင်းန် (အ.စ) အား ဇေယာရသ်ပြု (ဖူးမြော်အလေးပြု) မည်ဆိုလျှင် ၎င်းအပေါ် ဂျန္နသ် (သုခဘုံ)သည် ဝါဂျစ်ဗ် (မုချထိုက်တန်) ဖြစ်သွား ပေမည်။”

ကျမ်းကိုး - အက်ပါလိုလ်အအ်မါလ်၊ အခန်း

အလ္လာဟ်အရှင်မြတ်သည် အေမာမ်ကို ချစ်မြတ်နိုးသူတိုင်းအား တစ်သက်တွင် အနည်းဆုံးတစ်ကြိမ် အာရှုရာနေ့၌ ကရ်ဗလာမြေတွင် ကိုယ်တိုင်ကိုယ်ကျ ဇေယာရသ်ပြုနိုင်ခွင့် ပေးသနားတော်မူပါစေ။

() လောကီအလုပ်ကိစ္စများကို ရပ်နားခြင်း

ဟဇရသ်အေမာမ်အလီရေဇာ (အ.စ) မိန့်တော်မူသည်မှာ - “အကြင်သူသည် အာရှုရာနေ့တွင် မိမိ၏ လောကီအလုပ်အကိုင်များကို ရပ်နားထားမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ လောကီနှင့် လောကုတ္တရာဆိုင်ရာ (ရှရီအီနှင့်ညီညွတ်သော) ဆန္ဒများကို ဖြည့်ဆည်းပေးသနားတော်မူမည်။” ဤဝမ်းနည်းဖွယ်နေ့ တွင် အေမာမ် (အ.စ) အတွက် ငိုကြွေးပူဆွေးသူသည် ကေယာမသ်နေ့တွင် ပျော်ရွှင်ရမည် ဖြစ်သည်။ အာရှုရာနေ့တွင် အိမ်အတွက် ပစ္စည်းဥစ္စာ စုဆောင်းခြင်း မပြုသင့်ပါ။ ထိုနေ့တွင် စုဆောင်းသော အရာများ၌ ဘရ်ကသ် (မင်္ဂလာ) ရှိမည်မဟုတ်ဘဲ ထိုသို့ပြုသူသည် ကေယာမသ်နေ့တွင် ရန်သူများဖြစ်သော ယဇီးဒ်၊ အိုဗိုင်းဒိုလ္လာဟ် နှင့် အုမရ်အစ်ဗ်န်နေစအ်ဒ် တို့နှင့်အတူ ရှင်သန်ထမြောက်ရမည် ဖြစ်သည်။

ကျမ်းကိုး - ဇါဒိုလ်မအာဒ်၊ အခန်း ၆၊ အပိုင်း

() ပူဆွေးဒုက္ခရောက်နေသူပမာ နေထိုင်ခြင်း

အာရှုရာနေ့တွင် အဝတ်အစား သန့်ရှင်းရမည်ဖြစ်သော်လည်း အလှအပအတွက် မဟုတ်ဘဲ ဝမ်းနည်းနေသူကဲ့သို့ နေထိုင်ရမည်။ အမျိုးသားများအနေဖြင့် အင်္ကျီကြယ်သီးများ ဖြုတ်ထားခြင်း၊ လက်မောင်းကို လက်ကောက် ဝတ်အထိ မတင်ထားခြင်းဖြင့် ပူဆွေးမှုကို ပြသရမည်။ အမျိုးသမီးများအနေဖြင့် မိတ်ကပ် လိမ်းခြင်း၊ နှုတ်ခမ်းနီဆိုးခြင်းစသည့် အလှပြင်ခြင်းများကို ရှောင်ကြဉ်ပြီး မိမိကိုယ်ကို ပူဆွေး ဒုက္ခရောက် နေသူပမာ ထားရှိရမည်။

ကျမ်းကိုး - အလ်ပါကီယာသိုလ်ဆွာလေဟာသ်၊ စာမျက်နှာ ၁၀၆

() ဖါကဟ် (အစာအောင့်ခြင်း) ထားခြင်း

အာရှုရာနေ့သည် ရှီအဟ်မိုအ်မင်န်များအတွက် အလွန်ဝမ်းနည်းကြေကွဲဖွယ်နေ့ ဖြစ်သည်။ ထို့ကြောင့် နံနက်ပိုင်းမှ စ၍ စားသောက်ခြင်းမပြုဘဲ နေရမည်။ အဆ်ရ် (ညနေ) အချိန်ကုန်ဆုံးပြီး နေဝင်ရန် ၂ နာရီခန့်အလို (ကရ်ဗလာစစ်ပွဲ ရပ်နားချိန်) တွင်မှ ရေ သို့မဟုတ် ရိုးရှင်းသော အစားအစာဖြင့် ‘ဖါကဟ်ရှေကနီ’ (အစာပြန် စားခြင်း) ပြုရမည်။ မိမိ၏ အိမ်သူအိမ်သားများကိုလည်း အေမာမ် (အ.စ) အတွက် မိခင်တစ်ဦး သားသမီးအတွက် ငိုကြွေးသကဲ့သို့ ငိုကြွေးကြရန် တိုက်တွန်းရမည်။

ကျမ်းကိုး - အလ်ပါကီယာသိုလ်ဆွာလေဟာသ်၊ စာမျက်နှာ ၁၀၅

() ဇေယာရသ်သေအာရှုရာ ဖတ်ရွတ်ခြင်း

စိတ်ပါဝင်စားစွာ၊ နှိမ့်ချစွာဖြင့် ငိုကြွေးလျက် အေမာမ်ဟိုစိုင်းန် (အ.စ) ၏ ကဗဲရ်တော် (ဂူဗိမာန်) ရှိရာဘက်သို့ မျက်နှာမူကာ အာရှုရာနေ့၏ ဖြစ်ရပ်များကို တွေးတောရင်း ‘ဇေယာရသ်သေအာရှုရာ’ ကို ဖတ်ရွတ်ရမည်။ ပြီးနောက် နမာဇ်ဇေဇေယာရသ် (၂ ရကတ်) ဝတ်ပြုရမည်။

ကျမ်းကိုး - သဟ်ဖသိုလ်အဝါမ်၊ စာမျက်နှာ ၃၂၂

() အေမာမ် (.) အား သတ်ဖြတ်သူများအပေါ် လအ်နသ် ပို့ခြင်း

အေမာမ်ဟိုစိုင်းန် (အ.စ) နှင့် အပေါင်းအပါများကို သတ်ဖြတ်သူများအပေါ် အကြိမ် (၁၀၀၀) လအ်နသ် ပို့ရမည်။ လအ်နသ်တစ်ကြိမ်တိုင်းအတွက် ကောင်းမှု (၁၀၀၀) ရရှိမည်ဖြစ်သည်။ ဖတ်ရွတ်ရန်မှာ -

«اللَّهُمَّ الْعَنْ قَتَلَةَ الْحُسَيْنِ (عَلَيْهِ السَّلاَمُ) وَأَصْحَابِهِ»

(အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ ဟဇရသ်အေမာမ်ဟိုစိုင်းန်နှင့် ၎င်း၏ နောက်လိုက်များအား သတ်ဖြတ် သူများ အပေါ် လအ်နသ် ကျရောက်ပါစေ။)

(မှတ်ချက် - နေ့စဉ် နမာဇ်များ၏ ကူနူးသ်တွင်လည်း ဤဒိုအာကို ထည့်သွင်းဖတ်ရွတ်သင့်ပါသည်။)

() စူရဟ်သောင်ဟီးဒ် (၁၀၀၀) ကြိမ် ဖတ်ရွတ်ခြင်း

လမ်းသွားရင်းဖြစ်စေ၊ ထိုင်နေရင်းဖြစ်စေ ‘စူရဟ်သောင်ဟီးဒ်’ (Qul Huwallahu Ahad) ကို အကြိမ် ၁၀၀၀ ဖတ်ရွတ်ပါ။ ထိုသို့ဖတ်ရွတ်သူကို အလ္လာဟ်အရှင်မြတ်သည် ကရုဏာတော်မျက်လုံးဖြင့် ကြည့်တော်မူ မည်ဖြစ်ပြီး၊ ထိုသူအား ငရဲဘေး (အဇါဗ်) မှ ကင်းဝေးစေမည်ဖြစ်ပါတယ်။

ကျမ်းကိုး - ဇါဒိုလ်မအာဒ်၊ အခန်း

() ဘေးအန္တရာယ်ကင်း ဒိုအာ (၁၀) ကြိမ် ဖတ်ခြင်း

အောက်ပါဒိုအာကို အာရှုရာနေ့တွင် (၁၀) ကြိမ် ဖတ်ရွတ်လျှင် ဘေးအန္တရာယ် အပေါင်းမှ ကာကွယ် စောင့်ရှောက်ခြင်း ခံရမည်။

«اَللُّهُمَّ اِنّیِ اسئلک بحق الحسین وجدّه و ابیه و امّه و اخیه (صلواتک وسلامک علیهم) اَن تُفَرِّجَ عَنِّی ما انا فیه برحمتک یا اَرحم الرّاحِمین»

(အသံထွက် - အလ္လာဟွန်မာ အင်န်နီ အက်စ်အလိုကာ ဘေဟက်ကေလ် ဟိုစိုင်းန် ဝဂျက်ဒေဟီ ဝအဘီဟီ ဝအွန်မ်မေဟီ ဝအခီဟီ (ဆလဝါသိုကာ ဝစလာမိုကာ အလိုင်းဟင်းမ်) အန်သိုဖရ်ရေဂျအန်နီ မာ အနာဖီးဟီ ဘေရဲဟ်မသေကာ ယာအရ်ဟမရ်ရါဟေမီးန်။)

() လေးရကတ် နမာဇ် ဝတ်ပြုခြင်း

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ လမ်းညွှန်ချက်အရ နေမွန်းတည့်ချိန် (ကျာရှ်သ်အချိန်) တွင် ၂ ရကတ်စီ (၂ ကြိမ်) ခွဲ၍ ၄ ရကတ် ဝတ်ပြုပါ။

  • ပထမရကတ် - စူရဟ်ဟမ်ဒ် နှင့် စူရဟ်ကာဖေရူးန်
  • ဒုတိယရကတ် - စူရဟ်ဟမ်ဒ် နှင့် စူရဟ်သောင်ဟီးဒ်
  • တတိယရကတ် - စူရဟ်ဟမ်ဒ် နှင့် စူရဟ်အဲဟ်ဇားဗ်
  • စတုတ္တရကတ် - စူရဟ်ဟမ်ဒ် နှင့် စူရဟ်မိုနာဖစ်က်ကူးန်

(အဆိုပါစူရဟ်များ အလွတ်မရပါက မိမိရသည့်စူရဟ်များဖြင့် ဝတ်ပြုနိုင်ပါသည်။ နမာဇ်အပြီးတွင် လအ်နသ် အကြိမ် ၁၀၀၀ ပို့ခြင်းဖြင့် ဆဝါးဗ်ကုသိုလ် အမြောက်အများ ရရှိမည် ဖြစ်သည်။)

(၁၀) မတ်တပ်ရပ်၍ ရှေ့တိုးနောက်ဆုတ် ဖတ်ရွတ်ခြင်း

တစ်နေရာတွင် မတ်တပ်ရပ်လျက် အောက်ပါစာစုကို ဖတ်ရင်း ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးခြင်း၊ ပြီးနောက် နောက်သို့ ပြန်ဆုတ်ခြင်းကို (၇) ကြိမ် ပြုလုပ်ပါ။

«إِنَّا لِلَّهِ وَإِنَّا إِلَیْهِ رَاجِعُونَ رِضاً بِقَضائِه و تَسْلیماً لِامْرِه»

ဤသို့ပြုခြင်းသည် ဟဂျ်နှင့် အွမ်ရဟ် အမြောက်အများ ပြုလုပ်သကဲ့သို့ ကုသိုလ်ထူးရရှိစေမှာဖြစ်ပါတယ်။

(၁၁) အချင်းချင်း ဝမ်းနည်းကြောင်း ပြောကြားခြင်း

အာရှုရာနေ့တွင် မိုအ်မင်န်အချင်းချင်း တွေ့ဆုံပါက အေမာမ်မိုဟမ္မဒ်ဘာကဲရ် (အ.စ) သင်ကြားပေးသည့်အတိုင်း အောက်ပါအတိုင်း နှုတ်ဆက်ဝမ်းနည်းရမည် -

«اَعْظَمَ اللهُ اُجُوْرَنَا وَاُجُوْرَكُمْ بِمُصَابِنَا بِالْحُسَيْنِ عَلَيْهِ السَّلَامُ وَجَعَلَنَا وَاِيَّاكُمْ مِنَ الطَّالِبِيْنَ بِثَارِهِ مَعَ وَلِيِّهِ الْاِمَامِ الْمَهْدِىِّ مِنْ اٰلِ مُحမ္မဒٍ عَلَيْهِمُ السَّلَامُ»

ယာအလ္လာဟ်… ကျွန်ုပ်တို့အား ဤလောကတွင် အေမာမ်ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ်နှင့် နောင်တမလွန် တွင် အေမာမ်၏ ရှဖာအသ် (ကြားဝင်စောင်မမှု) ကို ပေးသနားတော်မူပါ။ အာမီးန်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha