၂၉ ဇွန် ၂၀၂၆ - ၀၈:၅၁
မီနာဗ်မြို့ရှိကျောင်းတစ်ကျောင်းအားတိုက်ခိုက်မှုမှာခေတ်သစ်သမိုင်းတွငအရပ်သားများအပေါ်အများဆုံးတိုက်ခိုက်မှုဖြစ်/နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့

မီနာဗ် မြို့ရှိ “ရှဂျရဟ်သွာယေဗဟ်” မူလတန်းကျောင်းအား အမေရိကန်တို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ သည့်ဖြစ်စဉ်မှာ လေးလပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ယခုတိုင် အမေရိကန်အနေဖြင့် တာဝန်ခံမှု ရှိရှိ ဖြေရှင်း ခြင်း မရှိသေးသည့်အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က စုံစမ်းစစ် ဆေးမှု ရလဒ်များကို ထုတ်ပြန်ပေးရန်နှင့် တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်စစ်တပ်က အဆိုပါကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၁၂၀ အပါအဝင် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရပြီး ယနေ့အချိန်ထိ အမေရိကန်ဘက်မှ ယင်းလုပ်ရပ်အတွက် မည်သို့မျှ တာဝန် ယူဖြေရှင်းပေးခြင်း မရှိသေးကြောင်း အဖွဲ့က ထုတ်ပြန်ပါတယ်။

အယ်လ်ဂျာဇီးယား (Al Jazeera) သတင်းဌာန၏ ဖော်ပြချက်အရ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အမေရိကန်ဌာနခွဲမှ အစိုးရဆက်ဆံရေးနှင့် လော်ဘီလုပ်ငန်းဆိုင်ရာ ဒါရိုက်တာ အမန်ဒါ ကလပ်ဆန် က ဤ တိုက်ခိုက် မှုသည် အရပ်သားများအပေါ် တိုက်ခိုက်မှုများထဲတွင် သေဆုံးသူအရေအတွက်အရ ခေတ်သစ် သမိုင်း တွင် အသွေးအသံအထွက်ဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော်လည်း အချိန် အတော် ကြာမြင့်ခဲ့သော်လည်း အမေရိကန်အာဏာပိုင်များမှာ ဤဖြစ်ရပ်၏ အကြောင်းရင်းနှင့် တာဝန်ရှိသူကို ဖော်ထုတ် ပေးခြင်း မရှိသေးပေ။

ကလပ်ဆန်က ဤသို့ကြန့်ကြာနေရသည့်အကြောင်းရင်းကို မေးခွန်းထုတ်ခဲ့ပြီး၊ မီနာဗ်မြို့ရှိ ကျောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များအတွက် ပွင့်လင်းမြင်သာမှုရှိရှိနှင့် တာဝန်ယူမှုရှိရှိ ဖြေရှင်းပေးရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဤဖြစ်ရပ် နှင့် ပတ်သက်ပြီး ဆန့်ကျင်ဘက်ဖြစ်သော ပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်က ဤတိုက်ခိုက်မှု နှင့် ပတ်သက်သည့် အချက်အလက်များကို အမေရိကန်ကွန်ဂရက်ထံ ပေးအပ်ရန် ငြင်းဆန်နေသည့်အပြင်၊ ဥပဒေ ပြု အမတ်များနှင့် အမေရိကန်ပြည်သူများ၏ မကျေနပ်ချက်များ မြင့်တက်လာချိန်တွင်လည်း “စုံစမ်း စစ်ဆေးဆဲ” ဟူသည့် အဖြေကိုသာ ထပ်ခါတလဲလဲ ပြောဆိုနေခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အဆိုပါအဖွဲ့က “ကျွန်ုပ်တို့သိရှိထားသည့် အမှန်တရားမှာ အမေရိကန်စစ်တပ်သည် ကလေးငယ်များ ပြည့်နှက် နေသော ကျောင်းတစ်ကျောင်းအား ‘တိုမာဟော့’ (Tomahawk) တိကျသောလမ်းညွှန်ဒုံးကျည်များဖြင့် တိုက်ခိုက် ခဲ့ခြင်း ကြောင့် လူပေါင်း ၁၅၀ သေဆုံးခဲ့ရသည်ဆိုသည့်အချက်ပင်ဖြစ်ပါတယ်။

 အမေရိကန်တို့အနေဖြင့် ဤ အဆောက်အအုံမှာ ကျောင်းဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်ကြောင်း သိရှိထား သင့်ပြီး ပင်တဂွန်တွင် ဤအချက်ကို သုံးသပ်နိုင်သော ထောက်လှမ်းရေးစွမ်းရည် ရှိထားပြီးဖြစ်သည်” ဟု ဆို ပါ တယ်။

ထို့ပြင် တိုက်ခိုက်မှုပစ်မှတ်များ ရွေးချယ်ရာတွင် ဉာဏ်ရည်တု (AI) အသုံးပြုခဲ့သည့် ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ ထုတ်ပြန် ထားခြင်းမရှိသေးပေ။ အဖွဲ့က “Anthropic” ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ၎င်းတို့ကုမ္ပဏီ၏ AI ဆော့ဖ်ဝဲ များကို အီရန်တွင် အမေရိကန်တို့ တိုက်ခိုက်မှုအတွက် ပစ်မှတ်ရွေးချယ်ရာတွင် အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ မသိရှိ ကြောင်း ပြောကြားခဲ့ပြီး ပစ်မှတ်အပေါ် နောက်ဆုံးဆုံးဖြတ်ချက်မှာ လူသားတစ်ဦးတည်း၏ လက်ထဲ တွင်သာရှိကြောင်း တာဝန်ယူပြောကြားခဲ့သည်ဟု ဖော်ပြထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မီနာဗ် ကျောင်းတိုက်ခိုက်မှုသည် ထရမ့်အာဏာရလာပြီးနောက်၊ ၎င်း၏ ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက် (Pete Hegseth) နှင့်အတူ အရပ်သားများ ထိခိုက်မှုနည်းပါးစေရန် ပင်တဂွန်၏ စီမံချက်များကို လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်စစ်တပ်၏ အရပ်သားများအပေါ် တိုက်ခိုက်မှုများထဲမှ နောက်ဆုံးပေါ် နမူနာတစ်ခုသာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

အဖွဲ့က ပင်တဂွန်စစ်ဌာနချုပ်အား ဤတိုက်ခိုက်မှုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး အပြီးသတ် ရန်နှင့် ရလဒ်များကို ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်သည်။ ထို့ပြင် နိုင်ငံတကာ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန်နှင့် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိကြောင်း ခိုင်လုံသော သက်သေ အထောက်အထားများရှိသည့် မည်သူ့ကိုမဆို အရေးယူဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဤကိစ္စနှင့်ပတ်သက်ပြီး ယခုထက် ပိုမိုလုပ်ဆောင်မှုများ မရှိပါက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး၊ မီနာဗ် ကျောင်း တိုက်ခိုက်ခံရမှု၏ သားကောင်များနှင့် ကျန်ရစ်သူများအပေါ် သစ္စာဖောက်ရာရောက်လိမ့်မည်ဟု သတိပေးလိုက်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha