၁၂ ဇူလိုင် ၂၀၂၆ - ၂၃:၅၃
မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ က အာဇာနည်ခေါင်းဆောင်ကြီး ၏ ဈာပနအခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ပြည်သူများ နှင့် တာဝန်ထမ်းဆောင်သူများအား ဂုဏ်ပြုချီးကျူး

မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ (မဂျ်လစ်စေခိုဘ်ရ်ဂန်နေရဲဟ်ဗရီ) က အာဇာနည် တော်လှန်ရေး ခေါင်းဆောင်ကြီး ၏ သမိုင်းဝင် ဈာပနအခမ်းအနားတွင် ပြည်သူများ၏ အင်တိုက်အားတိုက် ပါဝင်တက်ရောက်မှု သည် အမျိုးသားစည်းလုံးညီညွတ်ရေး၊ ဝေလာယသ် အပေါ် သစ္စာစောင့်သိမှုနှင့် ခိုင်မာစွာ ရပ်တည်မည့် သန္နိဋ္ဌာန် တို့ကို ကမ္ဘာသို့ ထင်ရှားစွာ ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ ဖော်ပြချက်အရ မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ က ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၏ ဈာပနနှင့် သင်္ဂြိုဟ်အခမ်းအနားများတွင် ပါဝင်ခဲ့ကြသော ပြည်သူများနှင့် စီစဉ်ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် အဖွဲ့အစည်းများ၊ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ယင်းသမိုင်းဝင် စုဝေးမှုသည် အစ္စလာမ်တော်လှန်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဝေလာယသ် အပေါ် သစ္စာစောင့်သိမှု၏ ကြီးမြတ် သော သင်္ကေတအဖြစ် သမိုင်းတွင် အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အသေးစိတ်ဖော်ပြချက်အရ မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ ၏ ထုတ်ပြန်ချက်တွင် အလ္လာဟ်အရှင်မြတ်၏ အလိုတော်အရ အာဇာနည်ခေါင်းဆောင်သည် ဘဝတစ်လျှောက် ရိုးသားစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးနောက် တမန်တော်မြတ်များ (အ.စ) ၊ အောလီယာများ (အ.စ) နှင့် အာဇာနည်များ ၏ အဖွဲ့တွင် ပူးပေါင်းသွားခဲ့ကြောင်း၊ ထို့ပြင် ၎င်း၏ မြင့်မြတ်သော ရုပ်ကလာပ်တော် ကို အီရန်နှင့် အီရတ်နိုင်ငံမှ ဝမ်းနည်းပူဆွေးသူ သန်းနှင့်ချီသော ပြည်သူများက သမိုင်းဝင်ပုံစံဖြင့် နောက်ဆုံးနှုတ်ဆက်ပို့ဆောင်ခဲ့ကြပြီး အေမာမ် ရေဇာ (အ.စ.) ၏ ဂူဗိမာန်တော် မြတ် အနီးတွင် သင်္ဂြိုဟ်ခဲ့( ဒဖ်နာ )ခဲ့ ကြောင်း ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်တွင် အာဇာနည်ခေါင်းဆောင်ကြီး ၏ ဈာပနအခမ်းအနားတွင် ပြည်သူများ၏ မကြုံစဖူး ပါဝင်မှုသည် အီရန်နှင့် အစ္စလာမ်အါန်မသ် ၏ ဂုဏ်ယူဖွယ်သမိုင်းတွင် တောက်ပသော စာမျက်နှာသစ်တစ်ခုကို ထပ်မံရေးသားနိုင်ခဲ့ကြောင်း ယင်းသည် ဈာပနအခမ်းအနားတစ်ခုသာ မဟုတ်ဘဲ အမျိုးသားအာဏာပိုင်မှု၊ ဝေလာယသ် အပေါ် သစ္စာစောင့်သိမှု၊ ရန်သူများ၏ ပူးပေါင်းကြံစည်မှုများကို ဆန့်ကျင်သည့် ကြံ့ကြံ့ခံ ရပ်တည်မှု နှင့် အွန်မသ် နှင့် အေမာမ်မတ် အကြား ခိုင်မာသော ဆက်ဆံရေး၏ လက်တွေ့သရုပ်ဖော်မှု ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ထို့ပြင် မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ (မဂျ်လစ်စေခိုဘ်ရ်ဂန်နေရဲဟ်ဗရီ) က ပြည်သူများ၏ စိတ်အား ထက်သန်သော ပါဝင်မှုသည် အေမာမ် ခိုမေနီ (ရ.ဟ) ၏ တော်လှန်ရေးအတွေးအခေါ်များကို ထပ်မံကတိပြုခြင်း နှင့် အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်သစ်ကြီး ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ အပေါ် အသိအမြင်ပြည့်ဝပြီး ခိုင်မာသော သစ္စာခံမှုကို ဖော်ပြခြင်းလည်း ဖြစ်ကြောင်း ဆိုပါတယ်။

ထုတ်ပြန်ချက်တွင် သမိုင်းဝင် ဈာပနအခမ်းအနားအတွင်း လွှင့်တင်ခဲ့သော အနီရောင်အလံများနှင့် “လက်စား ချေမည်” ဟူသော ကြွေးကြော်သံများသည် ကမ္ဘာ့အာဏာကြီးစိုးရေးဝါဒနှင့် ဇီယွန်ဝါဒထံသို့ အာဇာနည် ခေါင်းဆောင်ကြီး နှင့် အခြားအာဇာနည်များ၏ သွေးကို မည်သည့်အခါမျှ မေ့လျော့မည်မဟုတ်ကြောင်းနှင့် ခုခံရေးလှုပ်ရှားမှု ၏ အလံသည် ရည်မှန်းချက်အောင်မြင်သည့်အထိ ဆက်လက်မြင့်မားစွာ လွှင့်ထူနေမည် ဖြစ်ကြောင်း ရှင်းလင်းသော သတင်းစကားတစ်ရပ် ပေးပို့ခဲ့သည်ဟုလည်း ဖော်ပြထားပါတယ်။

မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ က အီရန်နိုင်ငံ၏ အသိပညာရှိသော ပြည်သူများ၊ အာဇာနည်များ၏ မိသားစုဝင်များ၊ စွန့်လွှတ်အနစ်နာခံသူများ၊ လူမှုအလွှာအသီးသီးနှင့် နိုင်ငံသားအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံ၏ သမိုင်းဝင် စိတ်ဓာတ်အတွက် အလ္လာဟ်အရှင်မြတ်ရှေ့တော်၌ ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်၏ အဆုံးပိုင်းတွင် တီဟီရန်၊ ကွမ်း၊ မရှ်ဟဒ်မြို့တော်မြတ် နှင့် အီရတ်နိုင်ငံရှိ သန့်ရှင်းမြင့်မြတ်သော နေရာများ တွင် ကျင်းပခဲ့သော ဈာပနအခမ်းအနားများ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စစ်ဘက်၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ ယာယီ တဲများနှင့် အမျိုးသားမီဒီယာများ၏ နေ့ညမပြတ် ဝန်ဆောင်မှုများကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီး ၏ ဂုဏ်အဆင့်အတန်း ပိုမိုမြင့်မားစေရန်၊ အီရန်ပြည်သူများ ပိုမိုဂုဏ်သိက္ခာနှင့် တိုးတက်မှုရရှိစေရန်နှင့် လူတိုင်း ဝလာယတ်၏ လမ်းစဉ် ပေါ်တွင် ခိုင်မာစွာ ဆက်လက်ရပ်တည်နိုင်ကြစေရန် ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha