၁၅ ဇူလိုင် ၂၀၂၆ - ၀၉:၂၁
မော့ဆက်က အီရန်အစိုးရ ပြောင်းလဲရန် မည်သို့သော အစီအစဉ် ရေးဆွဲခဲ့သနည်း?

အစ္စရေးမီဒီယာတစ်ခုက မော့ဆက် (Mossad) ၏ အီရန်အစိုးရ ပြောင်းလဲရန်ဆိုသော အစီ အစဉ်နှင့် ပတ်သက် သည့် အသေးစိတ်အချက်အလက်အသစ်များကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စရေးမီဒီယာတစ်ခုသည် မော့ဆက်၏ အီရန်အစိုးရ ပြောင်းလဲရေး စွပ်စွဲထားသည့် အစီအစဉ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်အသစ်များကို ဖော်ပြခဲ့ပြီး၊ ထိုအစီအစဉ်တွင် အီရန်၊အီရတ် နယ်စပ် ဒေသများရှိ စစ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များကို အားနည်းစေခြင်း၊ ထို့နောက် ကာ့ဒ်တပ်ဖွဲ့များကို အီရန် နိုင်ငံ အတွင်းသို့ ဝင်ရောက်စေခြင်းတို့ ပါဝင်ခဲ့သော်လည်း နောက်ဆုံးတွင် အဆိုပါအစီအစဉ်သည် မအောင်မြင်ခဲ့ ကြောင်း ဖော်ပြခဲ့ပါတယ်။

အစ္စရေးအစိုးရ၏ Channel 13 ရုပ်သံက ယခုနှစ်အစောပိုင်းတွင် အီရန်အစိုးရ ပြောင်းလဲရေးအတွက် မော့ဆက်၏ အစီအစဉ်အသစ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ပြီး၊ ယင်း စစ်ဆင်ရေးကို "Puss in Boots (ဂါးဘေ့ ချက်မဲပူရှ်)" ဟု အမည်ပေးထားကြောင်း ဆိုပါတယ်။

အဆိုပါအစီအစဉ်အရ အစ္စရေးသည် အီရန်၊အီရတ်နယ်စပ်တစ်လျှောက်၊ အထူးသဖြင့် အီရန်နိုင်ငံရှိ ကာ့ဒ် လူမျိုးများ နေထိုင်ရာဒေသများတွင် တည်ရှိသည့် အစ္စလာမ်တော်လှန်ရေး အစောင့်တပ် (IRGC) ၏ စခန်းများကို တိုက်ခိုက် ရန် စီစဉ်ထားကြောင်း ဖော်ပြထားပါတယ်။

Channel 13 ၏ အဆိုအရ၊ ထိုတိုက်ခိုက်မှုများသည် ကာ့ဒ်တပ်ဖွဲ့များကို အီရန်နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် အခြေအနေဖန်တီးပေးပြီး ထို့နောက် အနောက်မြောက်ပိုင်းရှိ ကာ့ဒ်လူမျိုးများ နေထိုင်ရာ မြို့များသို့ ချီတက်စေရန် ရည်ရွယ်ထားသည်ဟု ဆိုပါတယ်။

ထိုသတင်းအရ မော့ဆက်သည် ကာ့ဒ်လူငယ်ထောင်ပေါင်းများစွာက ယင်းတပ်ဖွဲ့များနှင့် ပူးပေါင်းလာမည်ဟု ယုံကြည်ထားပြီး၊ ထိုအခြေအနေက ကျယ်ပြန့်သော လှုပ်ရှားမှုတစ်ရပ်အဖြစ် ပြောင်းလဲကာ တီဟီရန်မြို့အထိ ချီတက်နိုင်မည် ဟု မျှော်လင့်ထားခဲ့ကြောင်း ဖော်ပြထားပါတယ်။ ထို့နောက် လူသန်းပေါင်းများစွာ ပါဝင်သည့် ဆန္ဒပြလှုပ်ရှားမှုကြီးတစ်ရပ် ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် အစိုးရပြိုလဲစေရန် ရည်ရွယ်ထားသည်ဟုလည်း ယင်းအစီအစဉ်တွင် ဖော်ပြထားပါတယ်။

အစ္စရေး၏ Channel 13 သတင်းအရ ရက် ၄၀ ကြာ စစ်ပွဲ စတင်ချိန်တွင် အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်၏ လုံခြုံရေးတပ်ဖွဲ့များ၊ နိုင်ငံ့ခေါင်းဆောင်များ၊ စစ်အခြေစိုက်စခန်းများ၊ ဒုံးကျည်စနစ်များ၊ ရဲစခန်းများနှင့် အနောက်မြောက်ပိုင်းရှိ ဗစီးဂျ် တပ်ဖွဲ့စခန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းမှာ ကာ့ဒ်တပ်ဖွဲ့များ လှုပ်ရှားနိုင်ရန် လမ်းဖွင့်ပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

သို့သော်လည်း အဆိုပါသတင်းအရ ယင်းအစီအစဉ်၏ အချက်အလက်များ မီဒီယာများတွင် ပေါက်ကြား သွားခြင်း၊ တူရကီနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ကာ့ဒ်အဖွဲ့များကိုယ်တိုင်၏ စိုးရိမ်ပူပန်မှုများကြောင့် ထိုအစီအစဉ် သည် နောက်ဆုံးတွင် မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha