၁၅ ဇူလိုင် ၂၀၂၆ - ၂၁:၀၄
ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်ချိုးဖောက်ခံရ / ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ပြည်သူ ၁၆ ဦး ရှဟီးဒ်ဖြစ်

ဂါဇာကမ်းမြှောင်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကောင်အထည်ဖော်ခဲ့သည်မှာ ၂၇၉ ရက်မြောက်နေ့ သို့ ရောက်ရှိလာချိန်တွင်လည်း ဇီယွန်နစ်အစိုးရ၏ တိုက်ခိုက်မှုများသည် ဂါဇာဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၆ ဦး ရှဟီးဒ် ဖြစ်ကာ ဒါဇင်နှင့်ချီသော အခြားသူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာရှိ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဇီယွန်နစ်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက် ပစ်ခတ်မှုများကြောင့် ဂါဇာကမ်းမြှောင်၏ နေရာအနှံ့တွင် ပါလက်စတိုင်းပြည်သူ ၁၆ ဦး ရှဟီးဒ်ဖြစ်ခဲ့ပြီး အခြား လူအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုများအနက် တစ်ခုတွင် ဒီရ်အလ်ဘလဟ် မြို့၌ ဖခင်၊ မိခင်နှင့် အသက် (၆) နှစ်အရွယ် သမီးငယ်တို့ ပါဝင်သည့် မိသားစုဝင် သုံးဦးလုံး ရှဟီးဒ်ဖြစ်ခဲ့ရပါတယ်။ ထို့အပြင် ဂါဇာမြို့ အနောက်ဘက်ရှိ စစ်ဘေး ရှောင်စခန်းတစ်ခုကို တိုက်ခိုက်ခြင်းနှင့် ခန်းယူနွစ် ၊ ရာဖာ နှင့် ဂါဇာ၏ အခြားဒေသများကို ဗုံးကြဲ တိုက်ခိုက်ခြင်းများ ကြောင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ပိုမိုများပြားလာခဲ့ပါတယ်။

ဂါဇာ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဇီယွန်နစ်အစိုးရ၏ ဒရုန်းဖြင့် ရဲစခန်းတစ်ခုကို တိုက်ခိုက်မှုကြောင့် ဂျဘာလီယာ ဒုက္ခသည်စခန်း ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦး ရှဟီးဒ်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာတောင်ပိုင်းတွင်လည်း လူသားချင်းစာနာမှု အကူအညီပို့ဆောင်ရေး ယာဉ်တန်းများ၏ လုံခြုံရေး တာဝန် ထမ်းဆောင်သူ တစ်ဦးနှင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပါလက်စတိုင်းပြည်သူအချို့သည် ဇီယွန်နစ်အစိုးရ စစ်တပ်၏ သေနတ်ဖြင့် ပစ်ခတ်မှုများနှင့် အခြားတိုက်ခိုက်မှုများကြောင့် အသက် ဆုံးရှုံးခဲ့ ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha