၁၄ ဩဂုတ် ၂၀၂၆ - ၂၃:၅၉
မအောင်မြင်မှုကြောင့် ထိတ်လန့်နေသော ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရန် အသည်းအသန် ကြိုးပမ်းလာ

ရေနံ၊ ဓာတ်ဆီနှင့် အခြားကုန်ပစ္စည်းများ၊ အထူးသဖြင့် အစားအသောက်ဈေးနှုန်းများ မြင့်တက်လာပြီးနောက် ကမ္ဘာ့လူထုနှင့် အမေရိကန်ပြည်သူများ၏ ဖိအားပေးမှုကို ခံနေရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဟော်မုဇ်ရေလက်ကြားကို မိမိတို့ ထိန်းချုပ်ထားကြောင်း ကမ္ဘာကို ထပ်မံယုံကြည်လာစေရန် အားစိုက် ကြိုးပမ်း မှုများ ပြန်လည်စတင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ ယခုအချိန်တွင် ဟော်မုဇ်ရေလက်ကြားသည် အီရန်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေပြီး၊ စစ်ပွဲကာလအတွင်း ယင်းရေလက်ကြားကို ဖွင့်ထားရန် တောင်းဆိုခဲ့ဖူးသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ယခုအခါ “ဟော်မုဇ်ရေလက်ကြားကို အမေရိကန်က အပြည့်အဝ ထိန်းချုပ်ထားတယ်။ ကျွန်တော်တို့ ဒီထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ထင်တယ်” ဟု ပြောဆိုခဲ့ပါတယ်။

အီရန်ကို ဆန့်ကျင်သည့် စစ်ရေးနယ်ပယ်တွင် မအောင်မြင်ပြီးနောက် မိမိ၏ ဖြစ်နိုင်ခြေရှိသော အောင်ပွဲအတွက် “အများဆုံးဖိအားပေးမှု” နည်းလမ်းကို အသုံးပြုနေသော အမေရိကန်သမ္မတက ၎င်း၏ ယခင်က အဟောင်းအမြင်ကို ထပ်မံပြောဆိုခဲ့ပါတယ်။ ၎င်းက “ကမ္ဘာတစ်ဝန်းလုံးက ကျွန်တော်တို့ရဲ့ ရေတပ်ပိတ်ဆို့မှုကို သံမဏိနံရံတစ်ခုလို့ ခေါ်နေကြတယ်။ အီရန်အနေနဲ့ ဒါကို ဘာမှ မလုပ်နိုင်ဘူး” ဟု ပြောဆိုခဲ့ပါတယ်။

ထရမ့်သည် အီရန်၏ ပြည်တွင်းရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ ယခင်က ပြောဆိုခဲ့သော ၎င်း၏ အဆိုများကို ထပ်မံပြောကြားခဲ့သလို၊ ၎င်း၏ “အများဆုံးဖိအားပေးမှု” မူဝါဒ အောင်မြင်နေသည်ဟုလည်း ဆိုခဲ့ပါတယ်။

၎င်းက “သူတို့မှာ ပိုက်ဆံကုန်သွားပြီ။ သူတို့မှာ ရှိတာက သတင်းအတုတွေနဲ့ ငွေကြေးဖောင်းပွမှု ၃၀၀ ရာခိုင် နှုန်းပဲ။ အခြေအနေကလည်း ပိုဆိုးလာနေတယ်။ အီရန်က စကားပဲ ပြောနေပြီး ဘာလုပ်ဆောင်ချက်မှ မလုပ်ဘူး ” ဟု ပြောဆိုခဲ့ပါတယ်။

ထရမ့်သည် ယခင်ကလည်း ဟော်မုဇ်ရေလက်ကြားသည် “ဖွင့်ထားတယ်” ဟု ပြောဆိုခဲ့ပြီး အမေရိကန်ရေတပ်က ရေမြှုပ် မိုင်းများကို ရှာဖွေတွေ့ရှိကာ ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအခါ ယင်း ရေလမ်းကြောင်း ကို အမေရိကန်က ထိန်းချုပ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

သို့သော် CNN က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော သတင်းတစ်ပုဒ်၌ ပင်လယ်ရေကြောင်း သွားလာမှုဆိုင်ရာ အချက် အလက်များအရ အမေရိကန်သမ္မတ၏ ထိုပြောဆိုချက်ကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ဖော်ပြ ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha