အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လူမှုကွန်ရက်ဝက်ဘ်ဆိုက် X တွင် တင်ထားသော ပို့စ်တစ်ခု၌ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ် မာဖီက အမေရိကန်၏ ဖိအားပေးမှုများကို ရင်ဆိုင်ရာတွင် အီရန်၏ ပိုမိုတိုးပွားလာသော ဆုံးဖြတ်ချက် ခိုင်မာမှု နှင့် ပတ်သက်၍ မှတ်ချက်ပြုခဲ့ပါတယ်။
၎င်းက “အီရန်နှင့် စစ်ပွဲသည် အလွန်အမင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သောကြောင့် ထိုပျက်စီးမှုများကို ချဲ့ကားပြောဆိုရန်ပင် မလိုအပ်ပါ။ ဒီစစ်ပွဲဟာ စတင်ခဲ့တဲ့အချိန်ကတည်းက မအောင်မြင်တဲ့ စစ်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ထရမ့်ရဲ့ မာနထောင်လွှားမှုက အီရတ်စစ်ပွဲနောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အကြီးမားဆုံး အဖြစ်ဆိုးကို ဖန်တီးလိုက်ပါတယ်” ဟု ရေးသားခဲ့ပါတယ်။
အဆိုပါ အမေရိကန်ဥပဒေပြုအမတ်သည် မကြာသေးမီကလည်း အီရန်အပေါ် စစ်ပွဲတွင် ဝါရှင်တန်၏ ရှုံးနိမ့်မှုကို ဝန်ခံခဲ့ပြီး နိုင်ငံကို ထပ်မံအားနည်းသွားခြင်းမှ ကာကွယ်ရန်အတွက် အမေရိကန်အနေဖြင့် အီရန်နှင့် “မကောင်း သည့် သဘောတူညီချက်” တစ်ရပ်ကိုပင် လက်ခံသင့်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ခရစ် မာဖီက ဟော်မုဇ်ရေလက်ကြား၏ အခြေအနေကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပြီး “ဒီစစ်ပွဲ ဆက်လက် ဖြစ်ပွား နေသရွေ့ အမေရိကန်ဟာ နေ့စဉ်နှင့်အမျှ ပိုမိုအားနည်းလာမှာဖြစ်ပြီး အီရန်ကတော့ ပိုမိုအားကောင်းလာမှာ ဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာပင် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်လာမှု၏ ဝန်ထုပ်ဝန်ပိုးကို အမေရိကန် ပြည်သူတွေက ခံစားရပါလိမ့်မယ်” ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment