၁၀ စက်တင်ဘာ ၂၀၂၆ - ၂၃:၁၇
ယီမင်တွင် အန်ဆွာရိုလ္လာဟ် အဖွဲ့၏ ကြီးမားသောအောင်မြင်မှု

ယီမင်နိုင်ငံရှိ အယ်လ်မိုခါမြို့ကို သိမ်းပိုက်ပြီးနောက် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားအပေါ် အန်ဆွာရိုလ္လာဟ် အဖွဲ့၏ ထိန်းချုပ်မှုသည် အပြည့်အဝဖြစ်လာရန် နီးကပ်လာပြီဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင်နိုင်ငံ၏ နုတ်ထွက်ထားသောအစိုးရမှ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် ၄ ဦးက ယနေ့ ကြာသပတေးနေ့တွင် အန်ဆွာရိုလ္လာဟ် အဖွဲ့သည် သမိုင်းဝင် ကမ်းရိုးတန်းမြို့ဖြစ်သော အယ်လ်မိုခါ ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဆိုပါသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အယ်လ်မိုခါမြို့ကို သိမ်းပိုက်လိုက်ခြင်းကြောင့် ကမ္ဘာ့ ရေကြောင်းကုန်သွယ်ရေးအတွက် အရေးအပါဆုံး ဖြတ်သန်းရာလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သော ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြား အပေါ် အန်ဆာရုလ္လာအဖွဲ့၏ ထိန်းချုပ်မှုသည် အပြည့် အဝဖြစ်လာနိုင်ခြေ ပိုမိုမြင့်တက်လာပါတယ်။

ယီမင်နိုင်ငံ၏ နုတ်ထွက်ထားသောအစိုးရဘက်မှ သတင်းရင်းမြစ်များကလည်း အန်ဆွာရိုလ္လာအဖွဲ့ဝင်များ သည် ပင်လယ်နီအတွင်းရှိ မဟာဗျူဟာအရ အရေးပါသော ဟာနစ်ရှ် ကျွန်းများ ကို တိုက်ခိုက်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အခြားတစ်ဖက်တွင်မူ ဆော်ဒီအာရေဗျနှင့် ၎င်း၏ မဟာမိတ်တပ်ဖွဲ့များ သည် နောက်ဆုတ်ကာ တောင်ဘက်သို့ ရွှေ့လျားပြီး ဘာဗ်ဗိုလ်မန်ဒက်ဗ် အနီးရှိ ဇူဘာဘ်  မြို့ဘက်သို့ တိုးရွှေ့နေကြပါတယ်။

မှတ်သားဖွယ်မှာ မကြာသေးမီရက်များအတွင်း ယီမင်အမျိုးသားတပ်မတော် နှင့် ဆော်ဒီအာရေဗျနှင့် ဆက်နွှယ်သော အစိုးရကို ထောက်ခံသည့် မဟာမိတ်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး စစ်မျက်နှာသစ်တစ်ခုလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုအခြေအနေကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံရေးနှင့် တည်ငြိမ်မှု အပေါ် အန္တရာယ်ကျရောက်လာနိုင်မည့် စိုးရိမ်မှုများလည်း ပိုမိုမြင့် တက်လာနေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha