အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က လူမှုကွန်ရက် X ပေါ်ရှိ မိမိ ၏အကောင့် မှ တစ်ဆင့် အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
“အမေရိကန်များက စစ်တိုက်လိုသူများဖြစ်ပါက ကျွန်ုပ်တို့၏ ရဲရင့်သော စစ်ဘက်တပ်ဖွဲ့များနှင့် ရင်ဆိုင်ရမည်ဖြစ်ပါတယ်။”
အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတက ဆက်လက်၍ “အရပ်ဘက်အခြေခံအဆောက်အအုံများ၊ အစားအစာအရင်းအမြစ်များ နှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုများကို အဘယ်ကြောင့် တိုက်ခိုက်ကြသနည်း။ လူသားချင်းစာနာမှု၏ အနည်းငယ်မျှပင် ရှိသေးပါက ပြည်သူများ ရေနှင့် အစားအစာ၊ ဆေးဝါးများ ရရှိနိုင်ခွင့်ကို အဘယ်ကြောင့် ပိတ်ပင်ကြသနည်း?” ပြောကြားခဲ့ပါတယ်။
ပြီးနောက်ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က “ ကျွန်ုပ်တို့၏ ပြည်သူများသည် အင်အားသုံးခြင်း နှင့် အနိုင်ကျင့်ခြင်းတို့ကြောင့် အညံ့ခံမည်မဟုတ်ပါ။ အီရန်သည် မည်သည့်အခါမျှ အညံ့ခံမည်မဟုတ်ကြောင်း ” ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment