အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန်သည် အီရန်ဘက်မှ ဖြစ်နိုင်ခြေရှိသည်ဟု ယူဆရသော ခြိမ်းခြောက်မှုများကို စိုးရိမ်သည့်အတွက် ယမန်နေ့က ဗြိတိန်နိုင်ငံရှိ တော်ဝင်လေတပ် (Royal Air Force) ၏ မီလ်ဒန်ဟောလ် (Mildenhall) စစ်စခန်းမှ ၎င်း၏စစ်လေယာဉ်များကို ရွှေ့ပြောင်းခဲ့ပါတယ်။
သတင်းဖော်ပြချက်အရ အမေရိကန်၏ လေယာဉ်ဆီဖြည့်တင်းရေးလေယာဉ်နှစ်စင်းကို ဂျာမနီနိုင်ငံသို့ ရွှေ့ပြောင်းခဲ့ပြီး အခြားလေယာဉ်အများအပြားကိုလည်း နေရာအသီးသီးသို့ ရွှေ့ပြောင်းခဲ့ပါတယ်။
မှတ်သားဖွယ်မှာ အမေရိကန်အရာရှိများသည် အီရန်နှင့်ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထောက်ခံနိုင်သည့် ခိုင်လုံသော မှတ်တမ်းအထောက်အထားများကို ယခုအချိန်အထိ တင်ပြထားခြင်းမရှိသေးပေ။
ယခုလေယာဉ်များ ရွှေ့ပြောင်းမှုသည် ပြီးခဲ့သည့်လက ဗြိတိန်နိုင်ငံရှိ ဖဲယားဖို့ဒ် (Fairford) စစ်စခန်းမှ အမေရိကန်၏ B-1 ဗုံးကြဲလေယာဉ်များကို ရွှေ့ပြောင်းခဲ့မှု၏ နောက်ဆက်တွဲအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုစဉ်ကလည်း အီရန်၏ ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
ဤကိစ္စနှင့်ပတ်သက်၍ နယူးယောက်တိုင်းမ်စ် သတင်းစာက အမေရိကန်အရာရှိသုံးဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့ရာ အမေရိကန်သည် အင်္ဂလန်နိုင်ငံတောင်ပိုင်းရှိ ဖဲယားဖို့ဒ်စစ်စခန်းမှ B-1 ဗုံးကြဲလေယာဉ် ၁၂ စင်းကို ရုတ်တရက် ပြန်လည်ရွှေ့ပြောင်းခဲ့ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment