အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘ္ဘာစ် အာရက်ချီသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ ဆာနီတာ ပေါ်လိုတာ ဒီဆီလန်ဒ်စ်နှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့ဆီတို့ထံ စာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါစာတွင် အမေရိကန်၏ ကြေညာချက်ကို ပြတ်ပြတ်သားသား လူသိရှင်ကြား ရှုတ်ချရန် တောင်းဆိုထားပါတယ်။
အာရက်ချီက ၎င်း၏စာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုကြေညာချက်သည် အီရန်နိုင်ငံ၏ နျူကလီးယားစင်တာများ၊ စက်ပစ္စည်းကိရိယာများ၊ သိပ္ပံပညာရှင်များနှင့် သက်ဆိုင်ရာကျွမ်းကျင်သူများအကြောင်း လျှို့ဝှက်သတင်းအချက်အလက်များ ရယူခြင်းနှင့် သူလျှိုလုပ်ငန်းများကို အားပေးအားမြှောက်ပြုရာ ရောက်ကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းလုပ်ရပ်ကြောင့် နျူကလီးယားစက်ရုံများနှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသူများ၏ လုံခြုံရေးအတွက် ပြင်းထန်သော အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
၎င်းက ဆက်လက်၍ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခွင့်သည် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ၏ အပိုဒ် ၄ အရ အသိအမှတ်ပြုထားသော အခွင့်အရေးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် မည်သည့်နိုင်ငံမျှ လျှို့ဝှက်ဝင်ရောက်စွက်ဖက်မှု သို့မဟုတ် ဖိအားပေးမှုများမှတစ်ဆင့် အခြားနိုင်ငံတစ်နိုင်ငံ၏ တရားဝင်နျူကလီးယားလုပ်ငန်းများကို ထိခိုက်ပျက်စီးစေရန် အခွင့်အရေးမရှိကြောင်းလည်း အလေးပေးပြောဆိုခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီတို့အနေဖြင့် အမေရိကန်၏ လုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ဖြစ်ပေါ်စေနိုင်သည့် ပြင်းထန်သော အကျိုးဆက်များကို နိုင်ငံတကာအသိုင်းအဝိုင်း သိရှိလာစေရန် ဆောင်ရွက်ပေးပြီး အမေရိကန်ကို ၎င်း၏လုပ်ရပ်များအတွက် တာဝန်ခံစေရန်လည်း တောင်းဆိုခဲ့ပါတယ်။
ထို့အပြင် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ်ထံလည်း အဖွဲ့အစည်း၏ ဘက်မလိုက်မှု၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် လျှို့ဝှက်သတင်းအချက်အလက်များ လုံခြုံစွာထိန်းသိမ်းရေးတို့ကို အာမခံပေးရန် တောင်းဆိုခဲ့ပါတယ်။
ထို့အတူ နျူကလီးယားသိပ္ပံပညာရှင်များနှင့် သက်ဆိုင်ရာဝန်ထမ်းများ၏ လုံခြုံရေးအတွက် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ရန်နှင့် ယခုကိစ္စကို အဖွဲ့အစည်း၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့ (Board of Governors) ရှေ့မှောက်သို့ တင်ပြရန်လည်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment