၁၂ နိုဝင်ဘာ ၂၀၂၆ - ၂၁:၁၄
အီရန်၏ စစ်ရေးခြိမ်းခြောက်မှုနှင့် အနောက်နိုင်ငံများအပေါ် တုံ့ပြန်နိုင်စွမ်း /ဥရောပရှိ အမေရိကန်စစ်အခြေစိုက်စခန်းများမှ အရှေ့အလယ်ပိုင်းအထိ

အမေရိကန် ၊အစ္စရေး နှင့် အီရန် စစ်ရေးပဋိပက္ခ ထပ်မံ ဖြစ်ပွားလာပါက ဥရောပရှိ အမေရိကန်အသုံးပြု စစ်အခြေစိုက်စခန်းများကိုပါ တုံ့ပြန်တိုက်ခိုက်နိုင်ကြောင်း အီရန်ဘက်မှ ပြင်းထန်သော သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထို့အပြင် နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲနိုင်ခြင်းသည် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်ကြောင်းလည်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန် ၊အစ္စရေး နှင့် စစ်ပွဲဖြစ်ပွားလာပါက အီရန်သည် မည်သည့်နိုင်ငံများနှင့် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားနိုင်သနည်း? ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ အီရန်ဘက်မှ ပြင်းထန်သည့် စစ်ရေးသဘောထားတစ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆိုပါပြောကြားချက်တွင် ဥရောပတိုက်ရှိ အမေရိကန်တပ်ဖွဲ့များ အသုံးပြုနေသည့် စစ်အခြေစိုက်စခန်းများကို အနောက်ဘက်အကျဆုံး နေရာများမှ စတင်ဖော်ပြခဲ့ပါတယ်။

ရိုမေးနီးယားနိုင်ငံရှိ Mihail Kogălniceanu စစ်အခြေစိုက်စခန်း၊ ဆိုက်ပရပ်စ်နိုင်ငံရှိ Akrotiri၊ ဂရိနိုင်ငံရှိ Souda Bay နှင့် Larissa စစ်အခြေစိုက်စခန်းများကို ဖော်ပြခဲ့ပါတယ်။

ထို့အပြင် စပိန်နိုင်ငံရှိ Rota၊ အီတလီနိုင်ငံရှိ Ghedi၊ Aviano နှင့် Sigonella၊ ပြင်သစ်နိုင်ငံရှိ Lester၊ ဂျာမနီနိုင်ငံရှိ Ramstein၊ Spangdahlem နှင့် Büchel၊ ပေါ်တူဂီနိုင်ငံရှိ Lajes နှင့် ဗြိတိန်နိုင်ငံရှိ RAF Mildenhall နှင့် RAF Lakenheath စစ်အခြေစိုက်စခန်းများကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အမေရိကန် နှင့် အစ္စရေး ဒုတိယ အကြိမ် အီရန်အား ကျူးကျော် တိုက်ခိုက် ခဲ့ပြီး နောက် အီရန် က ပြောခဲ့သည့် အတိုင်း အစ္စရေး၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ အဇာဘိုင်ဂျန်၊ တူရကီ၊ အီရတ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ ဆိုက်ပရပ်စ်နှင့် အိုမန်နိုင်ငံရှိ အမေရိကန် အခြေစိုက် စစ်စခန်းများကို တုံ့ပြန် တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။

အီရန်၏ စစ်ရေးရပ်တည်ချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် "ငါ့ကို ခြိမ်းခြောက်လာမယ်ဆိုရင် မင်းတို့အားလုံးကို ငါပြန်လည်တိုက်ခိုက်မယ်။ တစ်နိုင်ငံတည်းကမဟုတ်ဘဲ နိုင်ငံအများအပြားက ဝိုင်းဝန်းခြိမ်းခြောက်လာရင်လည်း အားလုံးကို တုံ့ပြန်သွားမယ်" ဟူသည့် သဘောထားကို အလေးပေးပြောကြားခဲ့ပါတယ်။

ထို့နောက် ကမ္ဘာပေါ်တွင် အီရန်ကဲ့သို့ နိုင်ငံအများအပြားကို တစ်ပြိုင်နက် ရင်ဆိုင်တုံ့ပြန်နိုင်ကြောင်း ယုံကြည်မှုရှိသည့် နိုင်ငံ မည်မျှရှိသနည်း? ဟုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

နောက်ဆုံးတွင် နျူကလီးယားဗုံးတစ်လုံးကို စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါက လက်ရှိကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေးအခြေအနေသည် လုံးဝပြောင်းလဲသွားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha