بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ အဖိုးမဖြတ် နိုင်သည့် သခင်မကြီး ဟဇရတ် ဇိုင်နပ် (စလာမ်မိုလ္လာဟ် အလိုင်ဟာ)၏ ဟဒီးစ်တော်များ မောင်လာ အလီ (အလိုင်ဟစ်၊စလမ်) ၏ သမီးကြီး သခင်မကြီး ဟဇရတ် ဇိုင်နပ် (စလာမ်မိုလ္လာဟ် အလိုင်ဟာ) မီးရှူးသန့်စင်ဖွားမြင်တော်မူသည်ရက်နှင့် စပ်လျဉ်းပြီး ရှီအာ အိုလမာ အများစု လက်ခံထားသည်ရက်သည်ကား ဂျမဒီယိုလ် အူလာ ၅ ရက်နေ့ ဟီဂျရီ (၅) (သို့) (၆)(မဒီနာရွှေမြို့တော်တွင်၊ဖွားမြင်ခဲ့သည်ဟု၍) ဖြစ်ပါသည်။ ရှိက်ခ် ဂျအ်ဖရ် နတ်က်ဒီ(ရ.ဟ) ရေးသားထားသည် ((ဇိုင်နပ် ဘိုလ်ကိုဗ်ရာ)) စာအုပ် ၌ သခင်မကြီး အကြောင်း လေ့လာ မှတ်သားနိုင်ပေသည်။ ထိုပြင် အီဂျစ်စာရေးဆရာမ အာအေရှာ ဗင်သေရှ် ၊ရှာသီရေးသားထားသည့် (بطلة کربلا) စာအုပ်တွင်လည်း လေ့လာ နိုင်ပေသည်။ သခင်မကြီးနှင့်ပတ်သက်ပြီးကိုယ်တော်မြတ်ဟဇရတ်မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ်) မိန့်တော်မူသည်မှာ - ((အကြင်မည်သူမဆို ဤသမီးငယ်( အလီ(အ.စ)၏သမီးတော်၊ဟဇရတ်ဇိုင်နပ်(အ.စ) ) ၏ပူဆွေးသောက ဒုက္ခများ အတွက် ငိုကြွေးမည်ဆို လျှင် ၎င်း၏ အစ်ကိုတော်များဖြစ်ကြသည့် ဟစန်နှင့် ဟိုစိုင်း(န) (အလိုင်ဟေမွစ်၊စလာမ်) များ အပေါ်ငိုကြွေး ခြင်း မည်ပေမည်။)) ကြည့် - وفيات الأئمه، ص431 -
မောင်လာ အလီ (အလိုင်ဟစ်စလာမ်) ၏ သမီးကြီး သခင်မကြီး ဟဇရတ် ဇိုင်နပ် (စလာမ်မိုလ္လာဟ် အလိုင်ဟာ) အနေဖြင့် မိန့်တော်မူသည်မှာ - ဟဇရတ် ဖွာတေမာ (စလာမ်မိုလ္လာဟ် အလိုင်ဟာ) မှ မိန့်တော်မူသည်မှာ - ((ကျွန်ုပ်တို့ သည် အလ္လာဟ် ဟိုအရှင်မြတ် နှင့် ၎င်း ၏ အဖန်းဆင်းခံများအကြား ဆက်သွယ်ပေးသည် ဝဆီလာ ဖြစ်ပေသည်။ ကျွန်ုပ်တို့ သည် အလ္လာဟ် ဟိုအရှင်မြတ်၏ အရွေးချယ်ခံထားရ သူများ ဖြစ်ပေသည်။ ကျွန်ုပ်တို့ နေရာ သည် သန့်ရှင်း သန့်ပြန့်ပေးသည်။ ကျွန်ုပ်တို့ သည် အလ္လာဟ် ဟို အရှင်မြတ်၏ ဟွဂျဒ်တော်များ (စံမှတ်ကျောက်) နှင့် တမန်တော်များ (အလိုင်ဟေမွစ်၊စလာမ်) ၏ အမွေခံများ ဖြစ်ပေသည်။ …))
ကြည့် - مشارق انوار اليقين، ص 51
မောင်လာ အလီ (အလိုင်ဟေစလမ်) ၏ သမီးကြီး သခင်မကြီး ဟဇရတ် ဇိုင်နပ် (စလာမ်မိုလ္လာဟ် အလိုင်ဟာ) အနေဖြင့် မိန့်တော်မူသည်မှာ - ဟဇရတ် ဖွာတေမာ (စလာမ်မိုလ္လာဟ် အလိုင်ဟာ) မှ မိန့်တော်မူသည်မှာ - ((အို အဘူသွာလစ်ဗ် ၏ သားတော် ဧကန်မုချ အသင်နှင့်အသင်၏နောက်လိုက်ရှီအာ များသည် ဂျန္နတ် အမတသုခဘုံ သို့ဝင်ရောက်ရပေမည်။ များမကြမှီ အသင်(အလီ(အလိုင် ဟစ်စလာမ်)အားနှစ်သက်မြတ်နိုးကြောင်းပြောသည့်လူမျိုးတစ်မျိုးပေါ်ပေါက်လာမည်။ထိုအချိန် အစ္စလာမ်သည် မြားသည် လေးမှ ထွက်သွားသကဲ့ သို့ ထွက်သွားပြီး ဖြစ်ပေသည်။ )) ကြည့် - مناقب الخارزمي، ص 257 အမီးရွလ် မို မေနီ မောင်လာ အလီ (အလိုင်ဟေစလမ်) ၏ သမီးကြီး သခင်မကြီး ဟဇရတ် ဇိုင်နပ် (စလာမ်မိုလ္လာဟ် အလိုင်ဟာ) အနေဖြင့် မိန့်တော်မူသည်မှာ - ဟဇရတ် ဖွာတေမာ (စလာမ်မိုလ္လာဟ် အလိုင်ဟာ) မှ မိန့်တော်မူသည်မှာ - (( သိထားကြကုန်လော ၊အကြင်မည်သူမဆို အာလေမိုဟမ္မဒ်((အလိုင်ဟေမွစ်၊စလာမ်) အပေါ် အချစ်ထားပြီး ဘဝအဆုံးသတ်ခဲ့မည်ဆိုလျှင်၎င်းသည်ရှဟီးဒ်(အလ္လာဟ်ဟိုအရှင်မြတ်၏လမ်း၌ အသက်ပေးခဲ့သူ) မည်ပေသည်။ ))
ကြည့် - 2 اثبات الهداة، ج
မြန်မာ ရှီအာ အမျိုး သမီး တိုင်း သခင်မကြီး ဇိုင်နပ်(အလိုင်ဟာ ၊စလာမ်) ကဲ့သို့ ဘဝ တည် ဆောက်နိုင်ကြပါစေ။ မိမိအနေဖြင့်အလုပ်အများကြီးအကြားမှပင်သခင်မကြီးဇိုင်နပ်(အလိုင်ဟာစလမ်)၏ဟဒီးစ် တော်တစ်ချို့နှင့် အခြားမြန်မာရှီအာများအကျိုး ပြုပို့စ်များ၊ဘာသာပြန်စာအုပ်များ၊ရှီအာကာကွယ်ရေးစာပေများ…ရေးသားသီး ကုံးပြန်ဆိုနိုင်ရန်စွမ်းအားပေးသနားတော်မူထားသည့်မြတ်အလ္လာဟ်ကိုအထူးထူးကျေးဇူးတင်လျက်ရှိကြောင်း၊ ထိုပြင်မိမိတို့်အရှုပ်ထုပ်အဖြေခံရမည်ကိုကြောက်သည်ကတစ်မျိုး၊မနာလိုသည်ကားတစ်ဖုံအကြောင်း အမျိုးမျိုးကြောင့်အီရန်နိုင်ငံတွင်ပညာမသင်ကြားမဆည်းပူးနိုင်အောင်တစ်ချို့၏အပြင်းအထန်းကြိုးပမ်း လုပ်ခဲ့သည်ကြားမှရောက်အောင်ပြုတော်မူခဲ့သည့်မြတ်အလ္လာဟ်၊အသနားခံပေးခဲ့ကြသည်
ကိုယ်တော်မိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ်)နှင့်အဟ်လေ့ဘိုက် (အလိုင်ဟေမွစ်၊စလာမ်) အထူးသဖြင့် အေမာမ်ဇမန် နှင့်အေမာမ်ရေဇာ ၎င်းပြင် ကိုယ်တော်၏ နှမတော် မစူမာယေကွမ်း(အလိုင်ဟေမွစ်၊ လာမ် - အဂ်ျမအီး(န)) ၊ ဒိုအာပြုအားပေးကူညီခဲ့ကြသည့် အဖိုး၊ အဖေ၊ အဖွား၊ညီမ၊ဆရာသမ
