၂၇ မေ ၂၀၁၂ - ၁၉:၃၀

ဤဆောင်းပါးလေး တွင် ရကူ၏အရေးပါမှုမှု ကို တင်ပြထားခြင်းဖြစ်ပါသည်။ စာဖတ် ချစ်ပရိသတ်များ အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များ အဗ်နာ မှ မျှော်လင့်ပြီးတင်ပြအပ်ပါသည်။

ရကူ၏အရေးပါမှု၁။ အကောင်းဆုံးသောအေဘာဒသ်။အေမာမ်အလီ(အ.စ)မိန့်ကြားတော်မူသည်မှာ-ရကူသွားခြင်းနှင့်ဆဂ်ျဒါပြုလုပ်ခြင်း သည်အလ္လာဟ်အရှင်မြတ်ရှေ့ တော် မှောက်တွင်အကောင်းဆုံးသောအေဘာဒသ်ဖြစ်ပေသည်။၂။ ကောင်းကင်တမန်များရကူသွားခြင်း။အေမာမ်အလီ(အ.စ)မိန့်ကြားတော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည်ကောင်း ကင်တမန်များ ကို ဖန်ဆင်းချိန်ကထိုကောင်းကင်တမန်များသည်၎င်းတို့၏အုပ်စုများနှင့်ညီညီညာညာစီတန်းနေကြသည်မှာ အုပ်စုများဖရိုဖရဲပြိုကွဲသွားခြင်း မရှိပေ။၎င်းအနက်မှ အုပ်စုတစ်ချို့သည်ရကူပြုလုပ်နေသောအခြေအနေတိုင်းသာရှိနေသည်။ တစ်ခြား အုပ်စု အချို့သည်ဆဂ်ျဒါသွားနေသောအခြေအနေတွင်ရှိ၍ဦး ခေါင်းကိုပင်ပြန်မ မော့ကြပေ။ အကယ်၍မည်သူမဆိုနမာဇ်ဖတ်မည်ဆိုပါကဂျမာအသ် ဖြင့်ဖတ်၍ကရာမ်၊ရ ကူနှင့် ဆဂ်ျ ဒါပြု လုပ်နေသောအခြေအနေသည်ဥပမာကောင်းကင်တမန်များအလားထင်ရပြီး၊အကယ်၍မည်သူမဆိုကောင်းကင်တန်မန်များအလားစဝါးဘ်ရယူလိုပါကနမာဇ်ဂျမာ အသ်ကို ရှောင် ကြဉ်၍မရပေ။၃။ ရိုကျိုးစွာရကူပြုလုပ်ခြင်း။ရစူလ်တမန်တော်မြတ်ကြီး(ဆွ) မိန့်တော်မူသည်မှာမည်သည့်အ ချိန်မဆိုတွင်ရကူပြုလုပ်ပါ ကအသင်၏စိတ်ထဲတွင် အလ္လာဟ်ဟိုအရှင်မြတ်သည်အကြီးမားဆုံး၊အမြင့်မြတ် ဆုံးဖြစ်သည် ဟုသတ်မှတ် ထားရမည်။ ဆဂ်ျဒါပြုလုပ်ချိန်တွင် လည်းကြိုးစားပြီးဒိုအာ   တောင်းခံရ မည်ြဖစ်ပြီး အသင်တို့၏ဒိုအာများ ကိုအလ္လာဟ်ဟိုအရှင်မြတ်ဘက်မှအောင်မြင် အောင်ပြု လုပ်ပေးမည် ဖြစ် သည်။၎။ တစ်ညတာတွင်ရကူပြုလုပ်ခြင်း။ရဘီအဘ်နေခစီးပ်၏ဖြစ်ရပ်မှန်တစ်ခုဖြစ်သည်။ထိုသူသည်တစ်ညလုံးကိုရကူဖြင့်ကုန်ဆုံးစေပြီးမနက်သို့မိုးလင်းစေခဲ့ပေသည်။ရကူပြုလုပ်နေသောအခြေအ နေမှခန္ဓာကိုယ်ကိုမတ် မတ်ရပ်ကာအလ္လာဟ်အရှင်မြတ်အားတမ်းတကာအို!ကျွန်ုပ် ၏ရှေ့တွင်ဘယ် အလုပ်ကိုပဲပြုလုပ်၊ ပြုလုပ်အလ္လာဟ်အရှင်မြတ်အားတမ်းတနေတတ်ကြသောအလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းခံများထဲတွင် ကျွန်ုပ်သည်လည်းရကူကိုဘဲပြု လုပ်နိုင်သေး၍ခိုဒါလမ်း တွင်နောက် ကျနေသည်ဟုပြောဆိုခဲ့ ပေ သည်။၅။ ယခုအချိန်ထိရကူအခြေအနေတွင်ရှိနေ၏။ အာဂါးနေဇားပ်သဝလီ(အေမာမ်ရေဇာ(အ.စ)၏မက်စ်ဂျဒ်မှတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး)မှ ပြောကြားသည်မှာ-ဆောင်းရာသီ၏ညများတွင်မှ ညလေးတစ်ညတွင် မက်စ်ဂျဒ်မှတာဝန်ရှိ ပုဂ္ဂိုလ်တစ် ဦးသည်သတင်းပေးခဲ့ရာထိုည တွင် ဟာဂျီရှိတ်ခ်ဟစန်အလီအစ်ဖ ဟာနီသည်ခေါင်မိုး အပေါ်ရှိဂွမ်ဘသ်၏အနီးတွင်နမာဇ်ဖတ်ခြင်းဖြင့်လုံးပမ်းနေခဲ့သည်။အကြိမ်ပေါင်းများစွာထိုသူကိုလာကြည့်လျှင်လည်းရကူပြုလုပ်နေသောအခြေအနေတွင်ပင်ရှိနေခဲ့သည်။ကျွန်ုပ်သည်ဟာဂျီရှိတ်ခ်အတွက်ထင်းအနည်းငယ်မီးရှို့ကာခေါင်မိုးအပေါ်တွင်ထားပေးခဲ့သည်။အဘယ်ကြောင့်ဆိုသော်နမာဇ်အပြီးတွင်ဟာဂျီရှိတ်ခ်အနည်းငယ်နွေးနေရန်အတွက်ဖြစ်သည်။ထိုညကလည်းမဟ်ရှဒ်တွင်အလွန်အလွန်မှနှင်းကျနေသောညတစ်ညလည်းဖြစ်ခဲ့သည်။ကျွန်ုပ်သည်နောက်တစ် ကြိမ်မနက်အာရုဏ်မတက်ခင်ကဟာဂျီရှိတ်ခ်ဘယ်အခြေအ နေတွင်ရှိနေမည်နည်းဟု သွားကြည့် ရာ သူ သည်ယခုအချိန်ထိရကူပြုလုပ်နေသောအခြေအနေမှာရှိပြီး၎င်း၏ခန္ဓာကိုယ် တစ်ဝက် သည် လည်းနှင်းများဖြင့်ဖုံးအုပ်လျက်ရှိပေသည်။၆။ နမာဇ်ဇီတစ်ဦး၏ခန္ဓာကိုယ်သည်ငရဲမီးမှလွတ်ကင်းနိုင်ခြင်း။ အေမာမ်ဘာကဲရ်(အ.စ)မိန့်ကြားတော်မူသည်မှာ အကြင်မည်သည့်မိုအ် မင်မဆိုနမာဇ်အ ချိန် တွင်ရကူ၊ဆဂ်ျဒါနှင့်က ရန်းမ်ပြုလုပ်ပေမည်။ ဤသို့ဆိုလျှင်အလ္လာဟ်ဟို အရှင်မြတ်သည် ၎င်းမိုအ်မင်၏ခန္ဓာကိုယ်အား ဂျဟန္နမ်ငရဲမီးအတွက် ဟရန်အဖြစ် ငတ်မှတ်တော်မူ မည် ဖြစ်ပါသည်။ရ။ ပြီးပြည့်စုံသော်ရကူ။ အေမာမ်ဘာကဲရ်(အ.စ)မိန့်ကြားတော်မူသည်မှာမည်သူမ ဆိုရကူကိုပြည့်ပြည့်စုံစုံ နှင်