၁ ဇွန် ၂၀၁၂ - ၁၉:၃၀

အာဂါယေ ဟိုင်ဒဲရ် မရှ်ဟဒီ ရေးသားသီးကုံးထားသည့် အေမာမ်အလီ(အ.စ)၏ ဘဝသမိုင်းအကျဉ်းချုပ်။ အပိုင်း(၂) အား msm site မှ တိုက်ရိုက် ချစ်ပရိတ် သတ်ကြီး အတွက် ကူးယူဖော်ပြ လိုက်ပါသည်။ အဗ်နာ သတင်းဌာန

အေမာမ်အလီ(အ.စ) မွေးဖွားမှုနှင့် အေမာမ်အလီ(အ.စ) မွေးဖွားရာနေရာတမန်တော်မြတ် မုဟမ္မဒ်(ဆွ) ဟိဂ်ျရသ်မပြုလုပ်မီ (၂၃)အရင် အေဒီ(၆၀၀) (အာမုလ်ဖီးလ် (၃၀)) ရဂျဘ်လ(၁၃)ရက်နေ့ မက္ကာရွှေမြို့တော်၏ ကအ်ဘာကျောင်းတော်အတွင်း တစ်ခုတည်းသော အခြေအနေတွင် အေမာမ် အလီဘင်န်အဘီ တွာလိဘ်(အ.စ) မွေးဖွားခဲ့သည်။အေမာမ်အလီ(အ.စ) မွေးဖွားချိန်တွင် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ သက်တော်မှာ (၃၀)နီးပါး ဖြစ်သည်။ ထိုအချက် သည် စဉ်းစားတွေးတောစရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမြင့်မြတ်လှသော အထွတ် အမြတ် ကျောက် တုံး (အလ္လာဟ့်အိမ်တော်)တွင် မည်သည့်နဗီ ၊ မည်သည့် သူတော်စင်မှ မွေးဖွားခဲ့ခြင်း မရှိ သောကြောင့် ဖြစ် သည်။ အေ မာမ်အလီ(အ.စ)၏ မိခင် ဖှာတေမာဘင်သေအစဒ် သခင်မကြီးသည် ကအ်ဘာကျောင်းတော်၏ အပြင်တွင် ဆုတောင်း မှု ပြုလုပ်နေစဉ် ရုတ်တရက် ၀မ်း ဗိုက်နာကျင်ခြင်းကို ခံစားရပြီး သခင်မကြီးသည် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်း (ဒိုအာ) ပြုလုပ် သည်မှာ “ အို အလ္လာဟ်အရှင်မြတ်! ကျွန်တော်မျိုးမသည် အရှင်မြတ်နှင့် အရှင်မြတ် ပို့ချတော်မူသော ကျမ်းတော်များ နှင့် စေလွှတ်တော်မူသော တမန်တော်များအပေါ် ယုံကြည်မှု ရှိပါသည်။