အဗ်နာ သတင်းဌာန အနေဖြင့် အီးက်နာ သတင်းဌာမှ တဆင့်အောက်ပါအတိုင်းပြောပြလိုက်ပါသည်။အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော် မြတ်ကုရ်အာန်သတင်းဌာနအီရန်မှတင်ပြသည်မှာ -မကာမ်မေ မိုအာဇမ်မေရဲဟ်ဗရီ သည် မြောက်များစွာသော အေမာမ်ခိုမေနီ (ရ.ဟ) ၏နှစ်ပတ်လည် ဝမ်းနည်းမှုကိုပြသရန်လာရောက်ကြသည့်လူထုကြီးနှင့်အတူ အေမာမ်(ရ.ဟ)ဗိမာန်တော်အတွင်း နေရာယူ တက်ရောက်ခဲ့ပါသည်။ပြီးနောက် မိန့်ခွန်းတော်ကို ဟောကြားခဲ့ပါသည်။မိန့်ခွန်းတွင်ဟောကြားခဲ့သည်မှာ -အမီရွလ်မိုမေနီ အေမာမ်အလီ(အ.စ) သည် အွန်မသ်၏ ဖခမည်းတော်ဖြစ်ကြောင်း၊ဤ အတွက် ကျွန်ုပ်တို့၏ ပြည်သူများ အနေဖြင့် ရဂျဗ်လမြတ် ၁၃ ရက် အား ဖခမည်းတော်နေ့ အမည် ပေးခဲ့ကြောင်း၊ကြီးကျယ်လာသည့်ကျွန်ုပ်တို့၏ အေမာမ်ခိုမေနီ(ရ.ဟ)သည်လည်းကျွန်ုပ်တို့ပြည်သူများ၏ဖခမည်းတော်ဖြစ်ကြောင်းစသည်ဖြင့်မိန့်ချွေခဲ့ပါသည်။ဆက်လက်ပြီး မိန့်ကြားတော်မူသည်မှာ - အေမာမ် (ရ.ဟ) သည် ယနေ့ ကမ္ဘာ ပေါ်တွင် ဖြစ်ပေါ်နေသည့် အစ္စလာမ်မစ်တော်လှန်ရေး များ(အီဂျစ် ၊ယီမင် ၊ဘဲဟ်ရိန်း ၊တူနီရှား ၊ ဆော်ဒီ ၊ လစ်ဗီယား )၏ ဖခမည်းတော် လည်း ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။မကာမ်မေ မိုအာဇမ်မေရဲဟ်ဗရီ သည် မိန်းခွန်း၏ အခြားကဏ္ဍတစ်ခုတွင် ဂုဏ်သိက္ခာဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန် ၏ ရှု့ထောင် နှင့် ပတ်သက်ပြီး ၎င်း အီရန် နိုင်ငံ၏အစ္စလာမ်မစ် တော်လှန်ရေး ၏ အချို့ ဥပဒေ ၊စည်းမျဉ်း၊စည်းကမ်း များကို ၎င်း မိန့် ကြားခဲ့ပါသည်။ထိုနည်းတူစွာ အစ္စလာမ်နိုးကြားမှု နှင့် စပ်လျဉ်းပြီး လည်းမိန့်ကြားဟောပြောခဲ့ပါသည်။
၅ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 320207
မကာမ်မေ မိုအာဇမ်မေရဲဟ်ဗရီ ၏ မိန့်ခွန်း ၊အေမာမ်ခိုမေနီ(ရ.ဟ) ဗိမာန် တော် အတွင်း ယနေ့ မနက် ၊၂၃ကြိမ်မြောက်အေမာမ် ခိုမေနီ(ရ.ဟ) အစ္စလာမ်တော်လှန်ရေး ဗိသုကာကြီး၏ နှစ်ပတ်လည် အထိမ်းအမှတ် နှင့်ပတ်သက်ပြီး အေမာမ်(ရ.ဟ) ၏ ဗိမာန် တော်အတွင်း မကာမ်မေ မိုအာဇမ်မေရဲဟ်ဗရီ မှ မိန့်ခွန်း မိန့်ကြားခြင်း ဖြစ်ပေသည်။