အမှန်တကယ် အလွဲ သုံးစား လုပ်သူ ဆို သည်ကား ??? အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်ကျွန်ုပ်တို့အားနှုတ်လျှာပေးသနားတားတော်မူထားပေသည်။ထိုအရှင်မြတ် သည် နှုတ်လျှာ ၏အခွင့်အရေးကိုလည်းကောင်း ၊မည်သို့ မည်ပုံ အသုံးပြုရမည် ကို ၎င်း ပြဋ္ဌာန်းတော်မူပေသည် ။ အမှန်တကယ် အလွဲ သုံးစား လုပ်သူ ဆို သည်ကား မည်သူနည်း? အကြင်မည်သူမဆို နှုတ်လျှာ ကို အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် အမာနတ် အဖြင့် ချီးမြှင့်ထား သည် ကို ဆဲရေတိုင်းထွာမည် ၊မုသားဆိုမည်၊အတင်းတုတ်မည်၊သူတစ်ပါးအား စွပ်စွဲမည်၊ မသိဘဲပြောဆိုမည်၊ လူထုအား စော်ကားပုတ်ခပ်မည် ၊ဆိုလျှင် အမှန်တကယ် အလွဲ သုံးစား လုပ်သူ ဖြစ်ပေသည်။ ကောက်နုတ် - အာယာသွလ်လ္လာဟ်ရှဟီးဒ်ဒါစ်သာဂီးဗ်ရှီးရာဇီး (ရ.ဟ) ရေးသားသီးကုံးထားသည့်((ဗရ်ဇာခ်)) စာအုပ်မှအလ္လာဟ်ဟိုအရှင်မြတ်သခင်သည်ကျွန်ုပ်တို့၏ နှုတ်လျှာစသည်ဖြင့်ကိုပိုင်စိုးတော်မူသည့် အရှင်ဖြစ်ပေသည်။ပိုင်ရှင်ဖြစ်တော်မူပေသည်။ ဤအတွက်ကြောင့် မည်သည့် ပစ္စည်း ကို မဆို ပိုင်ရှင် ခွင့်ပြုထားသည်နေရာ များ၌ သာ အသုံးပြု သင့်ပေသည်။ မာရှာအလ္လာဟ် ကျွန်တော်တို့ ၏ စတုတ္တမြောက်အေမာမ်၊ အေမာမ်ဇိုင်နွလ်အာဗေဒီး(န)(အ.စ) သခင်အနေဖြင့် အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ကျွန်ုပ်တို့ကိုချီးမြှင့်ထားသည့် အရာများမှ အဓိက အရာကြီး ၅၀ ကို မည်သူ မည်ပုံ သုံးစွဲရမည် ကို မိန့်ဆို လမ်းညွှန်ထားပါသည်။ ကျမ်းဂန်များတွင် ((ရေဆာလသ်သွလ်ဟူကူးက် )) အမည်ဖြင့် လေ့လာ မှတ်သားနိုင်ပါသည်။ သာသနာ့နယ်မြေတစ်နေရာမှ ဂျမားလ် (ကွမ်း)
၈ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 321057
ကျမ်းတော်မြတ်ကုရ်အာန် အဟ်လေ့ဘိုက်(အ.စ) အစေခံ ၊ ရှိက်ခ် ဂျမားလ် ဟိုစိုင်း(န) ကွမ်း ၊ ရေးသား ထားသည့် ((အမှန်တကယ် အလွဲ သုံးစား လုပ်သူ ဆို သည်ကား ???)) ပို့စ်အား အင်ရှာအလ္လာဟ် အကျိုး အထူးရှိမည်ဟု မျှော်လင့် မိ ပါသဖြင့် ကျွန်တော်များ အဗ်နာ သတင်းဌာနမှ ၊လေးစားအပ်ပါသော ချစ်ပရိတ် သတ်ကြီး အတွက် တင်ပြလိုက်ရပါသည်။