အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန - အဗ်နာ ။ ။ ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ၏ လေတပ်စစ်ဦးစီးချုပ်အမီးရ်အလီဟာဂျီဇာဒေ အနေဖြင့်တွေ့ဆုံပွဲတစ်ခုတွင် ၊အနောက်နိုင်ငံများအနေဖြင့် အီရန် နိုင်ငံအား ၃၃ နှစ်တိုင်တိုင် ပိတ်ပင်မှုများ၊ လုပ်နေသည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့်အမြဲတမ်းထင်ထား၊မှန်းထားသလိုအဖြေမ ထွက်လာဘဲ ၊ဆန့်ကျင်ဖက်အဖြေကိုသာရနေကြောင်း၊ ထိုပြင်ကျွန်တော်တို့နိုင်ငံ၏ပြင်ဆင်မှု စွမ်းအားရှိမှုတွင် တိုးတက်မှု အတွက်အကြောင်းခံသာဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး၎င်း အနေဖြင့် ပြောကြားသည်မှာ - မိမိအိမ်နီးချင်းနိုင်ငံများတွင် စူပါ ၊ပါဝါ၏စစ်တပ်များအမြောက်များရှိနေသော်လည်း မိမိနိုင်ငံ၏ အီရန်လူမျိုးများသည် ကိုယ်စီကိုယ်စီ၊သတိဖြင့်ရှိနေကြောင်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ၏ လေတပ်စစ်ဦးစီးချုပ်အမီးရ်အလီဟာဂျီဇာဒေ အနေဖြင့် အီရန်၏စစ်တပ်(ကြည်း၊ရေ ၊လေ) အနေဖြင့်လည်း အသေးစိတ်ဂရုစိုက်ကြည့်နေမှု ၊ စိတ်ဓာတ်တက်ကြွမှု အပြည့်ဖြင့် ကျူးကျော်၊နယ်ချဲ့၊နှိပ်စက်လာမည့်နိုင်ငံမှန်သမျှကို အပြည့်အဝတော်လှန်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ၏ ဆန်ကျင့်ဖက် အနောက်နိုင်ငံများ၏ မကောင်းကြံမှုမှန်သမျှ အောင်မြင်မည်မဟုတ်ကြောင်း၊ ခြိမ်းခြောက်မှုမှန်သမျှ ၊အန္တရာယ်အသွယ်သွယ်ကို အခြေအနေကြည့်ပြီး ခုခံ ကာကွယ်ဖြေရှင်း သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
၂၃ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 324515
ဟာဂျီဇာဒေ။။မကောင်းကြံမှုမှန်သမျှ အောင်မြင်မည်မဟုတ် ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ၏ လေတပ်စစ်ဦးစီးချုပ် အနေဖြင့် အီရန်အနေဖြင့်မိမိ ရန်သူ၏ ကျူးကျော်မှု မှန်သမျှကို အပြင်းအထန်ဆုံးအနေဖြင့် တိုက်ထုတ်မည် ဖြစ်ကြောင်း အဖြေပေးခဲ့ပါသည်။