အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန - အဗ်နာ ။ ။ အလ်အာလမ် သတင်းဌာနမှကောက်နှုတ်တင်ပြရမည်ဆိုလျှင် အသစ်တဖန်ဆော်ဒီရှီအာများ၏အကျော်အမော်ဘာသာရေးခေါင်းဆောင်များမှ ရှိက်ခ်နေမရ်အား(ကာသီးဖ်မြို့)ရှိမိမိမိတ်ဆွေအိမ်၌ရှိနေစဉ် အချိန်တွင်ဖမ်းဆီးချုပ်နှောင် လိုက်ပြီး နနက်၎နာရီ အချိန်အခါတွင် (ဒမန်န်မြို့) သို့ ပို့ဆောင်ခဲ့လေသည်။ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဤကိစ္စနှင့်စပ်လျဉ်းပြီး ရေငုံထားပေသည်။သို့သော် သတင်းဌာနများမှအိမ်ရှေ့မင်းသားအဟ်မဒ်ဗင်အဗ်ဒွလ်အဇီးဇ်အာလေဆော်အူးဒ်၊နိုင်ငံခြားရေးဝန်ကြီးအသစ်သည်နှစ်ပေါင်းများစွာအိမ်ရှေ့မင်းသားနာရေဖ်ဗင်အဗ်ဒွလ်အဇီးဇ်အာလေဆော်အူးဒ်(ကွယ်လွန်)၏ပထမလက်ထောက်တာဝန်ထမ်းဆောင်ခဲ့ရာမိမိ၏ရာထူး၊ထိုင်ခုံမြဲမြံခိုင်မာ ရန်အတွက်နိုင်ငံခြားရေးဝန်ကြီးရာထူးကိုစတင်ယူချိန်အစတွင်အကျော်အမော်နိုင်ငံရေးခေါင်း ဆောင်များဘာသာရေးခေါင်းဆောင်များကိုဖမ်းဆီးချုပ်နှောင်မှုများပြုလာကြောင်းယုံကြည်ကြ ပေသည်။ ဤအခြေအနေနှင့်ပတ်သက်ပြီးပြောရမည်ဆိုလျှင်ဆော်ဒီရှီအာများ၏အကျော်အမော်ဘာသာ ရေးခေါင်းဆောင်များမှ ရှိက်ခ်နေမရ်အားဖမ်းဆီးချုပ်နှောင်မှုများပြုပြီးနောက် ကာသီးဖ်မြို့တွင် ဆန္ဒပြမှုများဖြစ်ပွားလာနိုင်ခြေရှိပြီး ၊နိုင်နင်းရန်အတွက် ဆော်ဒီစစ်တပ်ကိုနေရာချထားပြီးဖြစ်ပါသည်။
၂၇ ဇွန် ၂၀၁၂ - ၁၉:၃၀
News ID: 325308
ဆော်ဒီသတင်းဌာနများမှပြောကြားသည်မှာ ဆောင်ဒီပြန်ကြားရေးဌာနနှင့်လုံခြုံရေး အဖွဲ့မှအသစ်တဖန်ဆော်ဒီရှီအာများ၏အကျော်အမော်ဘာသာရေးခေါင်းဆောင်များမှ ရှိက်ခ်နေမရ်အားဆော်ဒီနိုင်ငံအရှေ့ပိုင်းဒေသတွင်ဖမ်းဆီးချုပ်နှောင်လိုက်ကြောင်းဖြစ်ပါ သည်။