၂၄ ဩဂုတ် ၂၀၁၂ - ၁၉:၃၀

အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့အရှေ့ပိုင်းရှိမစ်ဂျစ်ဒ်ဆွာဒ်ရ်တွင်ဆက်တိုက်အဆက် မဖြတ်ဗုံးနှစ်လုံးဖောက်ကွဲမှုကြောင့်ဘဂ္ဂဒတ်မြို့ရှီအာများ၏အေမာမ်မေဂျမာအတ် အပါအဝင်၁၁ဦးဒဏ်ရာရ၊၃ဦးရှဟီးဒ်ဖြစ်ခဲ့ရပါသည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ။ ။  ယနေ့ သြဂုတ်လ ၂၄ရက်နေ့ ဇဟိုရ်အချိန် အဆက်မဖြတ်အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့အရှေ့ပိုင်းရှိမစ်ဂျစ်ဒ်ဆွာဒ်ရ်တွင် ဗုံး နှစ်လုံး ဖောက်ကွဲမှု ဖြစ်ပွား ခဲ့ပါသည်။ဤပေါက်ကွဲမှုသည် ဂျရ်ရန်နေဆွာဒ်ရ် ရုံးအနီးတွင် ကျင်းပနေသည့် ရှီအာများ၏ ဂျမာအတ် ဖြင့် သောကြာ နမာဇ် ဝတ်ပြုနေသည့် အချိန်အခါတွင် ဖြစ်ပွားခဲ့ပါသည်။ပထမဆုံးဗုံးသည် သောကြာရှေ့ဆောင်အေမာမ်၏ မင်ဗဲရ် အနီးတွင် ပေါက်ကွဲခဲ့ပါသည်။ ပြီးနောက်တဆက်တည်းအဝတ်စဖြင့်ထုတ်ထားသည့်လက်ပစ်ဗုံးနောက်တစ်လုံးသည် နမာဇ်ဝတ်ပြုနေသူများ အကြားတွင် ထပ်မံပေါက်ကွဲခဲ့ပါသည်။ ဤပေါက်ကွဲမှုကြောင့် ၃ ဦး ရှာဟီးဒ်ဖြစ်ခဲ့ပြီး ၊၁၁ ဦးထိခိုက် ဒဏ်ရာ ရခဲ့ပါသည်။အကျော်အမော် ရှီအာ ခေါင်းဆောင် နှင့် သောကြာရှေ့ဆောင် နာစေရ် ဆာအာဒီလည်း ဤပေါက်ကွဲမှုကြောင့် ဒဏ်ရာခံခဲ့ ရပါသည်။