သြဝါဒတော် (၁)
(( မနုဿ လူသား၏ ကိုယ်ပိုင်အရည်အသွေး သည် ၎င်း၏ နှုတ်ဖျား အောက်တွင် ရှိပေသည်။ ၎င်းအနေဖြင့် နှုတ်ဟပြောဆိုချိန် တွင် ၎င်း၏ ကိုယ်ပိုင်အရည်အသွေးများ ထွက်ပေါ်လာပေသည်။ ))
ကြည့် - မွစ်နတ် အေမာမ် မိုရ် ရေဇာ ကျမ်း အတွဲ (၁) ၊ စ .မ ၂၉၁ - ၂၉၄
သင်ခန်းစာ - ဆဲရေ တိုင်းထွာသူများ ၊ ပစ်စာ ပစ်သူများ ၊ အမည် အတုဖြင့် သူတစ်ပါးကို အထောက်အထားမဲ့ ပြောဆို သူများ … သတိထားသင့် ပေသည်။
သြဝါဒတော် (၂)
(( အလုပ်မစမည် အရင် ၎င်းအလုပ်နှင့် ပတ်သက်ပြီး တွေးတော် စဉ်းစား ခြင်း သည် အသင်အား အရှက်ရမှု မှ ထိန်းသိမ်းပေး မည် ဖြစ်ချေသည်။ ))
ကြည့် - မွစ်နတ် အေမာမ် မိုရ် ရေဇာ ကျမ်း အတွဲ (၁) ၊ စ .မ ၂၉၁ - ၂၉၄
သင်ခန်းစာ - ကျွန်တော်တို့အတွက် အလွန်တရာ လိုက်နာ ကျင့်သုံး သင့် သည့် သြဝါဒတော် ဖြစ်ပါသည်။
သြဝါဒတော် (၃)
((မကောင်းသူ၊ဒုစရိုက်သမားနှင့်အတူသွားလာနေထိုင်ခြင်းဖြင့်ကောင်းမြတ်သူများ၊သူတော်စင်သူ တော်ကောင်း
များ ကို အထင်မှား မကောင်းမြင်တတ်မှုကို ဖြစ်စေပါသည် ။ )
ကြည့် - မွစ်နတ် အေမာမ် မိုရ် ရေဇာ ကျမ်း အတွဲ (၁) ၊ စ .မ ၂၉၁ - ၂၉၄
သင်ခန်းစာ - ရှရီအတ် အမြင်တွင် မကောင်းသူ ၊ဒုစရိုက်များ နှင့် … ရှောင်ကျဉ်ပြီး နေသင့်ပေသည်။ဤကဲ့သို့မမြင်တတ်
၍လည်း လိပ်ကို ဂျပိုး ၊ဂျပိုးကို လိပ် လိုမြင်နေ ။.ပြောနေသူများ ထုနှင့်ထေ ပင်တည်း ။
သြဝါဒတော် (၄)
(( အလ္လာဟ် ဟိုအရှင်မြတ် ၏ ကျေးကျွန်အဖန်ဆင်းခံများအပေါ် မတရားရက်စက်ညှဉ်းပန်းခြင်း နှင့် ၎င်း တို့အပေါ် ရန်ညှိုး ထားခြင်းသည်လောကုတ္တရာ၊တမလွန်အတွက်မကောင်းတကာမကောင်းဆုံး ရိက္ခာ ဖြစ်ပေသည်။ ))
ကြည့် - မွစ်နတ် အေမာမ် မိုရ် ရေဇာ ကျမ်း အတွဲ (၁) ၊ စ .မ ၂၉၁ - ၂၉၄
သင်ခန်းစာ - ဤသြဝါဒတော်အရ သတိ နှင့်အသိဖြင့်နေသင့်ပေသည်။
သြဝါဒတော် (၅)
(( မိုမင် သည် စိတ်ဒေါသ အမျက်ထွက်နေချိန် ၌လည်း ဟက်(အမှန်တရား၊ သစ္စာတရား ) ၏ စည်းကို မ ချိုးဖောက်ချေ။ ))
ကြည့် - မွစ်နတ် အေမာမ် မိုရ် ရေဇာ ကျမ်း အတွဲ (၁) ၊ စ .မ ၂၉၁ - ၂၉၄
သင်ခန်းစာ - မိမိကိုယ် မိမိ မိုမင် ဟု ခံယူထားသူတိုင်း၊မိမိကိုယ်မိမိ
အစ္စလာမ်လမ်းစဉ်ပေါ်တွင်မယိမ်း၊မယိုင် လျှောက်လှမ်းနေသူဟုခံယူ
ထားသူတိုင်းအထူးသတိပြုသင့်ပေသည်။ )
သြဝါဒတော် (၆)
(( အခက်အခဲ တကာ အခက်ခဲ့ဆုံး အလုပ် (၃)ခု ရှိပေသည်။
၁ ။ တရားမျှတစွာ နှင့်အမှန်တရားဖက်မှ နေပြီးအမှန်ပြောဆိုခြင်း ၊ယုတ်စွ မိမိ အကျိုး အမြတ်ပါ ယုတ်ပါစေ။
၂ ။ အချိန်တိုင်း အလ္လာဟ်ဟို အရှင်မြတ် အား တမ်းတ သတိရခြင်း ။
၃ ။ မိမိ၏ အီမာန်တူ သာသာနာ ညီနောင်များ နှင့်အတူ ဥစ္စာပစ္စည်း နှင့်ပတ်သက်ပြီး ထပ်တူ ၊ထပ်မျှ အခွင့်အရေး ရှိသည်ဟု ခံယူခြင်း ))
ကြည့် - မွစ်နတ် အေမာမ် မိုရ် ရေဇာ ကျမ်း အတွဲ (၁) ၊ စ .မ ၂၈၅ - ၂၉၀
သင်ခန်းစာ - မိမိကိုယ် မိမိ အထက်ပါအချက်များအတွက် သတိပြု သင့်ပေသည်။နေရာလေးရဖို့အရေး ၊ငွေရေး အသပြာရေး၊ မိတ်မပျက်ရေး စသည့် မိမိကိုယ်ကျိုး အတွက်အမှန်တရားဖက်ကမပါခြင်း၊ပိုဆိုးသည်မှာ မပါသည့် အပြင် အမှန်တရား ကို ပါ ကိုယ်၊စိတ် ၊နှလုံး သုံးပါးဖြင့်စော်ကားတော်လှန်ခြင်း၊ အချိန် ပြည့် အလ္လာဟ် အရှင်မြတ်အား သတိမရခြင်း … ၊ မိမိအတွက်ဆို ငွေ ၊ပစ္စည်း ဘယ်လောက်ရမှ ၊အခြား မိုမင်အတွက်ဆို ထည့် မစဉ်းစားခြင်း …. တို့ မပြုမိဖို့ ကြိုးစားရပေမည်။
သြဝါဒတော် (၇)
(( အကြင် မည်သူ မဆို မွတ်စလင်တို့ အခွင့်အရေး ကို အလွဲ သုံးစားပြုမည်ဆိုလျှင် ထိုသူသည် ကျွန်ုပ်တို့ မှ မဟုတ်ချေ။ ))
ြ