၁၈ အောက်တိုဘာ ၂၀၁၂ - ၂၀:၃၀

နဂျဖ်အရှ်ရဖ်မြို့ရှိဟဇရတ်အာယာသွလ်လ္လာဟ်အလ်အွဇ်မာဆရက်စစ်သာနီ၏ရုံးမှ လာမည့်သောကြာနေ့အောက်တိုဘာလ၂၆ရက်နေ့သည်ကုရ်ဗာနီအီးဒ်ဟီဂျရီ၁၄၃၃ အတွက်ဖြစ်ကြောင်းကြေငြာခဲ့ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊ အဗ်နာ ။ ။ နူးန် အင်တာနက် သတင်းဌာနမှ တဆင့် အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ် ကုရ်အာန် သတင်း ဌာန - အီရန် - မှ တင်ပြသည်မှာ -ကမ္ဘာ့ ရှီအာများ၏ မရ်ဂျာ တစ်ပါး ဖြစ်သည့် ဟဇရတ်အာ ယာသွလ် လ္လာဟ် အလ်အွဇ်မာ ဆရက် စစ်သာနီ၏ရုံး ၊ နဂျဖ် အရှ်ရဖ်မြို့ မှ အောက်တိုဘာလ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့ သည် ဟီဂျရီ သက္ကရာဇ် ၁၄၃၃ ခုနှစ်အတွက် ဇီးလ်ဟဂ်ျဂျာလ မြတ်၏ ပထမဆုံး ရက်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အောက်တိုဘာလ ၂၆ ရက်နေ့ သည် ကုရ်ဗာနီ အီးဒ် ဟီဂျရီ ၁၄၃၃ အတွက် ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။အောက်တိုဘာလ ၂၆ ရက်နေ့ သည် ဆော်ဒီ အာရပ် တွင်လည်း ကုရ်ဗာနီ အီးဒ် ဟီဂျရီ ၁၄၃၃ အတွက် ဖြစ်မည် ဖြစ်ပါသည်။