၂၇ ဇန်နဝါရီ ၂၀၁၃ - ၂၀:၃၀

ရှိက်ခ် အဇ်ဟရ် (အဟ်မဒ်သွာယေဗ် ) အနေဖြင့် မိမိနှင့်အတူ သွားမည့် အဖွဲ့အား ဆော်ဒီလေလိုင်း မှ ပထမတန်း ခုံများ မပေးသည်ကို မိမိတို့အား စော်ကား မရိုမသေပြုသည့် ပုဒ်မအဖြင့် သတ်မှတ်ပြီး ဆော်ဒီ သို့ သွားရန် ခရီးစဉ် အား ဖျက်သိမ်း လိုက်ကြောင်း သိရပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ရှိက်ခ် အဇ်ဟရ် (အဟ်မဒ်သွာယေဗ် ) နှင့် အတူ လိုက်ပါမည့် အိုလမာ အဖွဲ့ တဖွဲ့သည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆော်ဒီ သို့ ခရီးသွားရန် ဖြစ်ပေသည်။လေယာဉ်အတွင်း ဝင်ရောက်ပြီးနောက် မိမိနှင့်ပါလာသည့် အိုလမာ အဖွဲ့ ပထမတန်း ထိုင်ခုံများ မပေးကြောင်း သိသွားလေသည်။ရှိက်ခ် အဇ်ဟရ် (အဟ်မဒ်သွာယေဗ် ) အနေဖြင့် ဆော်ဒီ အဲရ်လိုင်း ကော်မတီ၏ တာဝန်ရှိပုဂ္ဂိုလ်အား မိမိနှင့် အတူ ပါလာသည့် သာသနာ့ ပညာရှင်များ ၊အိုလမာကိုလေးစားရိုသေရန် ၊၎င်းတို့အတွက် ပထမတန်း ခုံများ စီစဉ်ပေးရန် မေတ္တာ ရပ်ခံ ခဲ့လေသည်။သို့သော် ၎င်း တာဝန်ရှိပုဂ္ဂိုလ် မှ အတူ ပါလာသည့် သာသနာ့ ပညာရှင်များ ၊အိုလမာသည် ရိုးရိုးတန်း လက်မှတ် ဖြတ်ထားသည့်အတွက် မပေး နိုင်ကြောင်း အဖြေပေးပြောကြားခဲ့ပါသည်။