အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆရာတော် ဓမ္မစာရ သင့်မြတ်သူများ ပွဲတွင် သြဝါဒစကား မိန့်ကြားနေစဉ်(ဓါတ်ပုံ – ကိုပေါက်။ မြန်မာမွတ်စ်လင်မ် မီဒီယာ)
လူ့တန်ဖိုးဆိုတာ နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ ကိုးကွယ် ယုံကြည်မှု တို့နဲ့သက်ဆိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံခြားသားဖြစ်လို့ လက်မခံနိုင်ဘူး ဆိုရင်တော့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးကို မှုလနေရပ် ပြန်ပို့ဖို့ ပဲရှိပါတော့တယ်လို့ ဆရာတော် ဓမ္မစာရ က ယခုလ ၇ ရက်နေ့က ကျင်းပတဲ့ သင့်မြတ်သူများပွဲ မှာ မိန့်ကြားလိုက်ပါတယ်။
“နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ လူ့တန်ဖိုးနဲ့ မဆိုင်ပါဘူး၊ ကိုးကွယ်ယုံကြည်မှုနဲ့ မဆိုင်ပါဘူး။ ဖေါ်ရိန်နာဖြစ်တဲ့ အတွက် လက်မခံဘူးဆိုရင် ဘုရားကို ပြန်ပို့လိုက်ဖို့ပဲ ရှိပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ကပ္ပိလဝတ်ပြည်က လာတဲ့ ကိုယ်တော်ဖြစ်ပါတယ်” လို့ ဆရာတော် ဓမ္မစာရ ကမိန့်ပါတယ်။
သင့်မြတ်သူများပွဲကို အစ္စလာမ် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အများဆုံး တက်ရောက်ခဲ့ပါတယ်။ ပွဲကိုတော့ စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ ရှိတဲ့ M3 စားသောက်ဆိုင်မှာ နေ့လည် ၁ နာရီ ခွဲကနေ ၅ နာရီ အထိ ကျင်းပခဲ့ကာ စိတ်ပါဝင်စားသူ ၃၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ဆရာတော်က ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရ ဆိုတဲ့ စကား အကောင်အထည် ပေါ်လာဖို့၊ တရား ဥပဒေ မစိုးမိုးရင် မတရား ဥပဒေသာ စိုးမိုးမှာဖြစ်တဲ့ အကြောင်းကိုလည်း ဝေဖန် ထောက်ပြပါတယ်။ ဒါ့အပြင် ဗမာတစ်ကျပ်ရရင် ကျန်တဲ့သူတွေလဲ တစ်ကျပ် ရသင့်တယ်လို့ မိန့်ပါတယ်။
“ဥပဒေရဲ့ အထက်မှာ စစ်တပ် တစ်တပ် သော်လည်းကောင်း၊ လူတစ်စု သော်လည်းကောင်း၊ ပါတီ တစ်ပါတီ သော်လည်းကောင်း ရှိမနေရပါဘူး။ လူမျိုးတစ်မျိုး မျိုး သော်လည်းကောင်း၊ ဘာသာ တစ်ရပ်ရပ် သော်လည်းကောင်း ရှိမနေရပါဘူး။ ဥပဒေရဲ့ကာကွယ် စောင့်ရှောက်မှု၊ ငြိမ်းချမ်းမှုရဲ့အောက်မှာ ဗမာတစ်ကျပ် အခွင့်အရေး ရခဲ့မယ်ဆိုရင် ကရင်လည်း တစ်ကျပ်၊ ကယားလည်း တစ်ကျပ်၊ ကုလားလည်း တစ်ကျပ်၊ ချင်းလည်း တစ်ကျပ်၊ မွန်လည်း တစ်ကျပ်၊ ရခိုင်လည်း တစ်ကျပ်ပဲ ရရပါမယ်။ တစ်ကျပ်ပဲ ယူရပါမယ်” လို့ အထက်ပါ ဆရာတော်က ဆက်လက် မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။
လူပာာ အတူတူပဲဖြစ်တဲ့ အတွက် အချင်းချင်း အပြန်အလှန် တန်ဖိုးထားအပ်ကြောင်းနဲ့ ပြဿနာတွေပာာ နားလည်မှု လွဲမှားခြင်း၊ လောဘဖြစ်ခြင်း၊ ဖြစ်ချင်စိတ်ဖြစ်ခြင်း၊ ဒေါသကို ရှေ့တန်းတင်ခြင်းတွေ အဖြစ် အဆင့်ဆင့် ကူးပြောင်း လာတာဖြစ်တယ်၊ တရားဥပဒေလည်း မစိုးမိုးတဲ့ အတွက် မတရား ဥပဒေတွေ စိုးမိုးလာတာ ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
ဆရာတော် ဓမ္မစာရက သံဃာတွေ အနေနဲ့ ဘုရားရှင်ရဲ့မျက်နှာကို ကြည့်ပြီး မပာုတ်တာ မလုပ်ဖို့ မေတ္တာပွားဖို့၊ သိက္ခာ ၃ ပါး စောင့်ထိန်းဖို့ ကိုလည်း တိုက်တွန်း လိုက်ပါတယ်။
“ဘုရားရှင် မျက်နှာကို ဘာသာရေး ခေါင်းဆောင်တွေ မကြည့်ခဲ့ကြဘူး။ တိုက်ရိုက် ပြောရရင်တော့ ရပာန်း၊ သံဃာတော်တွေ မထိန်းနိုင်ခဲ့ကြဘူး။ ကိုယ့်ပရိတ်သတ်ကိုယ် မနိုင်ခဲ့ကြတဲ့အတွက် တပည့် မကောင်း ဆရာ့ခေါင်း၊ သားသမီး မကောင်း မိဘခေါင်းပါ” လို့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို ရည်ညွန်းပြီး ဆရာတော်က ဝေဖန်ပါတယ်။
သတင်း – ကိုပေါက် (မြန်မာမွတ်စ်လင်မ်မီဒီယာ)