အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
==============================================
အမေရိကန် ပြည်ထောင်စု အတ္တလန်တာမြို့ကနေ ချီကာဂိုမြို့ဆီကို ပြေးဆွဲတဲ့ ခရီးသည်တင်လိုင်းကား ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့အစောပိုင်းမှာ မတော်တဆ လမ်းချော်တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၆ ယောက် ဒဏ်ရာရသွားပါတယ်။
အင်ဒီယားနားပြည်နယ်ရဲအဖွဲ့က လိုင်းကားဟာ ဒေသစံတော်ချိန် ၄ နာရီခွဲလောက်မှာ လမ်းချော်ပြီး တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
16246810ဒဏ်ရာရသူတွေထဲမှာ အနည်းဆုံး ၆ ယောက်က ဒဏ်ရာ ပြင်းထန်ပြီး လူ ၂၀ လောက်က အတော်အသင့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မတော်တဆဖြစ်တဲ့အချိန်မှာ ကားပေါ်မှာ လူ ၆၀ လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။ လိုင်းကားဟာ ၁၀ မိနစ်စောပြီး တိမ်းမှောက်ခဲ့တဲ့ ကားတစီးကို ရှောင်ဖို့ ကြိုးစားရင်းနဲ့ တိမ်းမှောက်ခဲ့တာလို့ ကားကုမ္မဏီ Megabus က ပြောပြီး အဲဒီနေရာမှာ ညလုံးပေါက် မိုးရွာသွန်းခဲ့လို့ လမ်းချော်ခဲ့တယ်လို့ ဆိုပါတယ်။