
အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
============================================
အစွန်းရောက် အကြမ်းဖက် အစ္စလာမ်ခုတုံးလုပ် သူပုန် အဖွဲ့ IS (ခ) ဒါအေရှ် ဖက်မှ ဆီးရီးယား နိုင်ငံ ဟလဗ်မြို့ နယ် ရှိ မိမိတို့ ဖမ်းဆီးထား သည့် အကျဉ်းသားများ ကို ပထမဆုံး အကြိမ် ပိတ်ကားပေါ်တွင် တင်၍ မိမိတို့၏ လူမဆန်သည့် သွေးထွက် သတ်ဖြတ်မှု လုပ်ရပ် များကို ပြသခဲ့ပါသည်။

ဤပိတ်ကားပေါ်တွင် မိမိတို့၏လုပ်ရပ်များကို ပြသသည့် ရုပ်ရှင်မှတ်တမ်း ကို ((ကာဖေရ် ဖြစ်သူတိုင်းမနှစ်ကြပေ))ဆိုသည့် အမည်ဖြင့် စီစဉ်ထုတ်လုပ်ထားပြီး အကျဉ်းသားများ ကို မကြည့် မနေရ အဖြစ်သို့ ရောက်အောင် လုပ်ထားကြလေသည်။
အကျဉ်းသားများ အနေဖြင့် ဒါအေရှ် တိရစ္ဆာန်များ၏ လူမဆန်စွာ အပြစ်မဲ့ ပြည်သူများကို ခေါင်းဖြတ် လည်လှီး သတ်နေသည့် မြင်ကွင်းများကို မကြည့်ချင်ဘဲ ကြည့်ခဲ့ကြရလေသည်။
ဒါအေရှ် တိရစ္ဆာန်များ က ဤကဲ့သို့ အကြင်နာတရားကင်းမဲ့စွာ လူမဆန်စွာ ရက်ရက် စက်စက် ခေါင်းဖြတ် သတ်မှု ကို မိမိတို့အတွက် အောင်မြင်မှုများ အောင်ပွဲများ အဖြစ် အမည်ပေး ထားကြပါ သည်။
အကျဉ်းသားများ အနေဖြင့် ပိတ်ကားပေါ်တွင်ပြသသည့် အစီအစဉ်အား အစမှ အဆုံးထိ မတတ် နိုင်သည့် အခြေအနေဖြင့်ကြည့်ခဲ့ကြရလေသည်။
======================================