၁၅ မတ် ၂၀၁၅ - ၁၉:၅၄
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုဖြင့် အမေရိကန်ကျောင်းသား ၉ ဦးကို ဖမ်းဆီး

အမေရိကန် ပြည်ထောင်စု လော့အိန်ဂျလိမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသား ၉ ယောက်ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ မတ် ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ
အမေရိကန် ပြည်ထောင်စု လော့အိန်ဂျလိမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသား ၉ ယောက်ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ မတ် ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
သူတို့ဟာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ယောက်ကို လိင်ပိုင်းဆိုင်ရာ အတင်းအကြပ်စေခိုင်းခဲ့ကြောင်း၊ ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် ၅ ယောက်ကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။
အဖမ်းခံထားရတဲ့ ကျောင်းသားတွေဟာ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ကြား အရွယ်တွေ ဖြစ်ပါတယ်။ ဗင်းနစ်အထက်တန်းကျောင်းဝင်းအတွင်းမှာ ၂၀၁၃ နှစ်ကုန်လောက်က စပြီး အမှုတွေကို ကျူးလွန်ခဲ့တယ်လှို့ စုံစမ်းရေးမှူးတွေနဲ့ လော့အိန်ဂျလိ ရဲဌာနက ပြောခွင့်ရသူ အန်ဒရူးစမစ်က ပြောပါတယ်။
အမှုတချို့ဟာ အတင်းအကြပ်ဖြစ်ပြီး တချို့က အလိုတူတဲ့ ကိစ္စတွေ ဆိုပေမယ့် အသက်မပြည့်သေးတဲ့အတွက် တရားဥပဒေအရ အရေးယူခံရမယ်လို့ ဆိုပါတယ်။
လော့အိန်ဂျလိ ကျောင်းရဲဌာန အကြီးအကဲ စတိဗင် ဇစ်ပါမင်းကလည်း ကျောင်းသားတွေရဲ့လုံခြုံရေးက ဦးစားပေး ကိစ္စဖြစ်ပြီး ကျောင်းနယ်မြေအတွင်း အခုလို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
==================================