၁၄ ဧပြီ ၂၀၁၅ - ၁၉:၃၀
 ဆော်ဒီအာရေဗျ မငြိမ်မသက်မှု ကိုပြုသူ / မက္ကာဟ်နှင့်မဒီနာ ဆော်ဒီ ပိုင်ပစ္စည်းမဟုတ် /

မဂ်ျ မယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ထိပ်တန်း အဖွဲ့ဝင် အာယာသွလ္လာဟ် ဟာဒဝီ တီဟီရန်နီ မှအကယ်၍ ဆော်ဒီ အစိုးရ အနေဖြင့် အကီဒါပိုင်းဆိုင်ရာလုံခြုံ မှု(မွတ်စလင်မ်များလွတ်လပ်စွာ မိမိတို့ ဖေရ်ကေ အရ အကီဒါ ထားရှိမှု အပေါ်လုံခြုံမှုပေးနိုင်ရေး) ၊ ဇေယာရသ် ပြုရန် လာရောက်သူများ၏ ဂုဏ်သိက္ခာ နှင့် အသက် လုံခြုံမှု အတွက် စီစဉ်နိုင်စွမ်း မရှိပါက ဟရမ်မိုင်းနေရှရီဖိုင်း ရေး စီမံခန့်ခွဲရေး ကော်စီကို မဖြစ် မနေ ဖွဲ့စည်းသင့်ကြောင်း ၊ထို့မှသာ အလ္လာဟ် အသျှင်မြတ် အိမ်တော်လာရောက်သူများ ၏လုံခြုံရေး စိတ်ချရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


လတ်တလော ဆော်ဒီအာရေဗျ၏ ဖြစ်ရေပ် အခြေအနေ ၊အလ္လာဟ် အသျှင်မြတ် အိမ်တော် ဇေယာရသ်ပြု သူများ အပေါ် လူမဆန် စွာစော်ကားမှု ၊ ယာယီ အိုမရေ ခရီးစဉ်ကို ဖျက်သိမ်းခြင်း ၊ ဆော်ဒီ ဖက်မှ ယီမင် အပေါ် တိုက်ခိုက်ခြင်း တို့ နှင့် စပ်လျဉ်းပြီး အဗ်နာ သတင်းဌာန ၏ ကြီးကြပ်မှု ဖြင့် မဂ်ျ မယေဂျဟာနီ အဲဟ် လေ့ဘိုက်(သ) (အ.စ) ၏ထိပ်တန်း အဖွဲ့ဝင် အာယာသွလ္လာဟ် မဲဟ်ဒီ ဟာဒဝီ တီဟီရန်နီ နှင့် ဗေအ်စေ မာကမ်မေ မိုအာဇမ်မေရဲဟ်ဗရီ တို့ အကြား သတင်းစာ ရှင်းလင်းပွဲကို ကွမ်းမြို့ တော် တွင်ကျင်းပခဲ့ပါတယ်။


ဒေသအတွင်း ဖြစ်ရပ်အခြေအနေများ၏ အကြောင်းခံများ
ဧပြီလ ၁၅ရက်နေ့ကနေ့လည်ချိန်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တွင် အာယာသွလ္လာဟ် ဟာဒဝီ တီဟီရန်နီမှ ဒေသအတွင်း ဖြစ်ရပ်အခြေအနေများ၏ အကြောင်းခံများ နှင့်ပတ်သက်ပြီး ပြောကြားခဲ့ပါ တယ်။
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ တော်လှန်ရေး ဟာ အာရှ အရှေ့  အလယ်ပိုင်းဒေသ တွင် ငြိမ်သက် ပိပြား နေချိန်တွင် အောင်မြင် ခဲ့ခြင်းဖြစ်ပြီး ၎င်းနောက် မထင်မှတ်ထားသည့်အတိုင်း အတာအထိ မုန်တိုင်း သဖွယ် ထိရောက်မှု ကိုပြခဲ့တယ်လို့ အနောက်တိုင်း သုံးသပ်သူများ အမြင်သမား များက ဆိုကြပါတယ်။
အာယာသွလ္လာဟ် မဲဟ်ဒီ ဟာဒဝီ တီဟီရန်နီမှဆက်လက်ပြီး အီရန်တော်လှန်ရေး အောင်ပွဲ ခံပြီးနောက်ပိုင်း အီရန် နိုင်ငံ က အနောက်တိုင်း တို့ ၏ ကြီးစိုးမှု လက်အောက် မှ လွတ်မြောက်ခဲ့ပြီး ၊ အာရှ အရှေ့ အလယ် ပိုင်း ဒေသရှိ အချို့ နိုင်ငံ များဟာ အနောက်တိုင်း အကျိုးအမြတ်အတွက် ရုပ်သေရုပ်များဘဝအဖြစ်သို့ ဖြစ်သွား ရကြောင်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး အာယာသွလ္လာဟ် မှ တစ်ဖက်မှ အခြားနိုင်ငံများကလည်း ပမာ အားဖြင့် အစ္စရေး နိုင်ငံဟာ အီရန် နိုင်ငံ သဘာဝ အရင်းအမြစ်များ ကို လက်လွတ်ခဲ့ရပါတယ်။ အစ္စရေးကလည်း ဒေသအတွင်းနေရာ တစ်နေရာ ခြေကုတ်နိုင်ဖို့ ကြိုးစားရင် နောက်ဆုံး အာရှ အရှေ့ အလယ် ပိုင်း ဒေသမှ ဆော်ဒီအာရေဗျ နဲ့ မဟာမိတ်ဖြစ် သွားကြောင်းကိုလည်း ပြောဆို ခဲ့ပါသည်။


ပြည်ထောင်စု အစ္စလာမ်မစ် အီရန် တော်လှန်ရေး ဟာ ဂိုဏ်းအစွဲအလန်း ၊လူမျိုးစု အာဃာတတွေနဲ့ကင်း ရှင်းတဲ့ တော်လှန် ရေး ဖြစ်ပါတယ်။


ဟောင်ဇေအေလ်မီယေ ကွမ်း၏ ကထိကတစ်ဦးလည်းဖြစ်တဲ့ အာယာသွလ္လာဟ် တီဟီရန်နီ မှ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် တော်လှန်ရေး ဟာ ဘာသာ တရား ၏တန်ဖိုး နှင့် အစ္စလာမ် ဘာသာ၏ သွန်သင်ချက်မှုများကို ရှင်သန်အောင် လက်တွေ့ လုပ်ဆောင် ရန် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းပြောကြားခဲ့ ပါတယ်။ သို့သော် တော်လှန်၏ ဦးသျှောင်နဲ့ နောက်လိုက်များ အားလုံး ဟာ ရှီ အာ (ရှီအိုက် )တွေ ဖြစ်ကြပြီး အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ နောက်လိုက်နောက် သားတွေ ဖြစ်ကြကြောင်း ၊ ဒါပေမဲ့ ဒီတော်လှန်ရေး ရဲ့ ညာသံ ဟာ ကမ္ဘာ့ ဆင်းရဲသားများ၊ အားပျော့ အနိုင်ခံ လူတန်းစားများ ၏ အကျိုး အမြတ် အတွက် ဖြစ်ကြောင်း ၊ ဒါကြောင့်လည်း ဒီတော်လှန်ရေး ၏ ရန်သူများဟာ ဒီတော်လှန်ရေး ဟာ ဂိုဏ်းအစွဲအလန်း နဲ့ လူမျိုးရေးကြောင့် ပေါ်ပေါက်လာတယ်ဆိုပြီး လူတွေ အထင်မှားလာ အောင် ကြိုးစားခဲ့ကြတယ်လို့ ထပ်မံ ပြော ကြားခဲ့ပါတယ်။


၎င်းမှဆက်လက်ပြီး ပြောပါတယ်။အီရန် အစ္စလာမ်မစ်တော်လှန်ရေး အနေဖြင့်ယနေအချိန်ထိ လူသိရှင်ကြား သိအောင်လုပ်ဆောင်ခဲ့တဲ့ အရာ ကတော့ ကမ္ဘာ့ အနိုင်ခံ အားပျော့ သူများ ဖက်ကနေ ကာကွယ် ပေးခဲ့တာ ပဲ ဖြစ်ပါတယ် ။ ပြည်ထောင်စု အစ္စလာမ်မစ် အီရန်အနေဖြင့် တကမ္ဘာ့လုံးရှိဆင်းရဲ အနိုင်ခံ အားပျော့သူများ၏ အခက်အခဲများကို သာ ကြည့်ပြီး ၎င်းတို့ဖက်ကနေ ကူညီဖို့သာ ကြေငြာခဲ့ပါတယ်။ အနိုင်ခံ အားပျော့ သူများဟာမည်သည့်ဖေရ်ကာနဲ့ နွယ်နေတဲ့သူပင်ဖြစ်ပါစေ ။
ဆက်လက်ပြီး အစ္စလာမ်မစ်တော်လှန်ရေး ၏ အခြားလူမျိုးစု များအပေါ် အကျိုး သက်ရောက်မှု ဖက်သို့ ညွန်း၍ ပြောခဲ့ပါတယ်။ အစ္စလာမ်မစ်တော်လှန်ရေး အတွေးခေါ်များဟာ အခြား နိုင်ငံများ တွင်လည်း အာနိသင် ရှိလာသည့် အထိ ကျယ်ပြန့် လာပါတယ်။ ဒေသများအတွင်း ပြီးခဲ့သည့် နှစ်များ အနည်းငယ် အတွင်း အစ္စလာမ် မီ နိုးထမှု လှိုင်းများ ထခဲ့တာကို တွေ့မြင်နိုင်ပါတယ်။


လူမျိုးစု များ၏ နိုးကြားမှု အပေါ် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် တော်လှန် ရေး ၏ အကျိုး သက်ရောက်မှု
မဂ်ျ မယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ထိပ်တန်း အဖွဲ့ဝင် အာယာသွလ္လာဟ် မဲဟ်ဒီ ဟာဒဝီ တီဟီ ရန်နီမှ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် တော်လှန် ရေး ၏ အကျိုး သက်ရောက်မှု ရှိခဲ့သည့် အစ္စလာမ်မီ နိုးကြားမှု ရှိလာသည့် နိုင်ငံများကို ပမာ ပေး တင်ပြပြီးပြောကြားခဲ့ပါတယ်။
ကျနော် အစ္စလာမ်မီ နိုးကြားမှု အာနိသင်သက်ရောက်ခဲ့တဲ့ တူနီးရှား နိုင်ငံ ကို ပမာပေးပြောလိုပါတယ်။ ဒီနိုင်ငံ ဟာ ပထမ ပြင်သစ်လက်အောက်မှာ ရှိခဲ့တာပါ။ အနောက်တိုင်းတပါးသားများနဲ့ ပြင်သစ်လူမျိုးများ၏ ခရီးသွား လှည့်လည် တဲ့နေရာ ဖြစ်ခဲ့ပါတယ်။သူတို့တွေ ဟာ ဒီနိုင်ငံကို မိမိတို့ အကျိုးအမြတ်များ အတွက် အသုံးချခဲ့ ပါတယ်။ ဇိုင်နွလ်အာဗေဒီး (န) ဗင်အလီ တူနီးရှား နိုင်ငံ၏ အာဏာ ရှင်စနစ်ကို ကျင့်သုံးခဲ့တယ် ။သူအစိုးရ လက်ထက် ကဆို အစ္စလာမ်ဆိုတဲ့အမည် ပင်မကြားရပါဘူး။ ဟေဂျာဗ်ဆိုတာ မရှိခဲ့ပါဘူး ။ရွာတွေ မှာသာ အဖွားအိုတွေ ပဲ ဟေဂျာဗ် ဝတ်ခဲ့ကြတဲ့လို့ယူဆရပါတယ်။အနောင်းတိုင်းယဉ်ကျေးမှု လွမ်းမိုးထားပါတယ် ။ အစ္စလာမ်မီ အတွေးအခေါ် နှင့် အဲဟ်ကမ်အတွက် ကတော့ နေရာ မရှိ ဖြစ်ခဲ့ရပါတယ်။


အာယာသွလ္လာဟ်ကြီး အနေဖြင့် မိမိမျက်စိနဲ့ တွေ့ ခဲ့ရတဲ့ တူနီးရှား အခြေအနေ ကိုပြောပြခဲ့ပါတယ်။ ကျနော် ဗင်အလီ အစိုးရလက်ထက်မှ အစ္စလာမ်မီနိုးကြားမှု မတိုင်မီပေါ့ တူးနီးယား နိုင်ငံသို့ ခရီး သွားခဲ့တာ ဖြစ်ပါတယ်။ ကျနော်တူနီးရှား နိုင်ငံသားတစ်ချို့ နဲ့ လည်း စကားပြောဖြစ်ခဲ့ပါတယ် ။ သူတို့နှလုံးသားထဲမှာ အစ္စလာမ်မီ အတွေးအခေါ် တွေ ရှိနေတာကို တွေ့မြင်ခံစားရတော့ တစ်နေ့ မဟုတ် တစ်နေ့ တော့ ဒီအစ္စလာမ်မီ အတွေးအေခ်ါတွေ အသွင် တစ်ခု မဟုတ် တစ်ခု အဖြစ် ထွက်ကို ထွက်ပေါ်လာမည် ဆိုတာ ကျနော် ယုံကြည်ခဲ့ပါတယ်။ ကျနော် အနေဖြင့် တူနီးယား အစ္စလာမ် မစ်တော်လှန်ရေးပြီးနောက် ခရီးပြန်ထွက်တော့ ကျနော်တွေ့ထားခဲ့တဲ့အစ္စလာမ်မီ အတွေး အခေါ် ကို အတိုင်းထက်အလွန် လူတွေအကြား အာနိသင် ရှိနေတာ ကို တွေ့ခဲ့ရပါတယ်။လူထုအနေဖြင့်လည်း အတိုင်းထက် အလွန် အစ္စလာမ် နဲ့ အစ္စလာမ်မီ အတွေးအခေါ် ဖက်သို့ စိတ်စားမှု ရှိလာတာကိုတွေ့ခဲ့ရပါတယ်။


ဆက်လက်ပြီးပြောကြားပါတယ်။ သို့သော်လည်းပဲ တူနီးရှား အစ္စလာမ်မီ နိုးကြားမှု ဟာ ပထမဆုံး စတင်ခဲ့ သလို မဟုတ်တော့ဘဲ အချို့ နိုင်ငံများ၏ နိုင်ငံရေး ၊ အကီဒါ ယုံကြည်မှုများ ၊ ငွေရေးကြေးရေး ကူညီမှုတို့ကြောင့် မိမိ ပင်မ လမ်းကနေ လမ်းလွဲသွားပါပြီး။ဒီနိုင်ငံ မှာ အစွန်းရောက်အုပ်စုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။


အစွန်းရောက်သက္က်ဖီးရီးတို့ ကို အသုံးချပြီး အစ္စလာမ်မီ နိုးကြားမှု ကို လမ်းလွဲစေခြင်း


အာယာသွလ္လာဟ် မဲဟ်ဒီ ဟာဒဝီ တီဟီရန်နီမှဆက်လက်ပြီး ပြောကြားပါတယ်။အရပ်နိုင်ငံတွေ ၏ ငွေကြေး အသပြာ ၊အနောက်နိုင်ငံများ၏ ညစ်ပစ်မသန့်စင်တဲ့ နိုင်ငံရေး များ ၊ အစ္စရေးတို့၏ ဝါဒဖြန့် မှုကြောင့် အစ္စလာမ်မီ နိုးကြားမှု လှိုင်းထခဲ့တဲ့နိုင်ငံတွေ မှာပမာအားဖြင့် ပထမဆုံး အစ္စလာမ်မီ နိုးကြားမှု ထခဲ့တဲ့ နိုင်ငံ တူနီးရှား နိုင်ငံ ဟာအစွန်းရောက်သက္က်ဖီးရီးတို့ရဲ့ ပလက်ဖောင်း ဘဝသို့ ရောက်သွား ပါတယ်။ အစ္စလာမ်မီနိုးကြားမှု ကို အစွန်းရောက် ရက်စက်ကြမ်းကြုတ်မှု နှင့်အစ္စလာမ်ဆို ကြောက်ရွံ့ မှု ဆိုတဲ့ အခြေအနေ ဖက်သို့ ပြောင်း လိုက်ကြပါတယ်။ ဆီးရီးယား ရှိ သမ္မတ ဗရှားအဆဒ်ကို တိုက်ခိုက်မှု အတွက် တူနီးရှား က အစွန်းရောက်သူပုန်တွေ ပို့ပြီး တိုက်စေခဲ့ပါတယ် ။ ဂျေဟာဒ်ဒိုနေကာဆိုတဲ့ ဗေဒအသ် ဟာလည်း တူးနီးရှား ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်လက်ပြီး ပြောကြားပါတယ်။ ဆီးရီးယားကို (အစ္စလာမ့်) ရန်သူများအနေဖြင့် အချိန်အနည်းငယ်အတွင်း အဆဒ်ရဲ့ အာဏာ ကိုပြုတ်ချဖို့ ပေါ်လစီတွေကို သုံးဖို့ စဉ်းစားခဲ့ကြပြီး သုံးခဲ့ကြပါတယ်။ဆီးရီးယား နိုင်ငံ ကို အန္တရာယ် အကြီးဆုံး အစွန်းရောက် သောင်းကြမ်းသူများ၏ ကိန်းအောင်းရာ ဌာနဖြစ်အောင်လုပ်ခဲ့ကြပါတယ်။


ဒါအေရှ် (ခ) IS နဲ့ပတ်သက်ပြီး ပြောကြပါတယ်။ IS ဟာ အရူး ၊ ဦးနှောက်မရှိသူ ၊ တိရစ္ဆာန် စိတ်ဝင်နေသူတွေ အုပ်စု လို့ ပြောကြပါတယ်။ (အစ္စလာမ့်) ရန်သူများအနေဖြင့် ဒီအုပ်စု ကို အကူအညီ အထောက် အပံ့များပေးတဲ့အတွက်ကြောင့် ဒီအုပ်စု ဟာ အီရတ် နိုင်ငံ နှင့်ဆီးရီးယား နိုင်ငံ တွင် ကျယ်ကျယ်ပြန့်ပြန့် လွမ်းမိုး ချုပ်ကိုင်မှုတွေ ပြုလာ နိုင်ပါတယ်။


ဆက်လက်ပြီး အာရှ အရှေ့ အလယ်ပိုင်း မှာ အစ္စလာမ့်ရန်သူတွေ၏ မအောင်မြင်မှု ကို ညွန်းပြီး ပြောကြား ခဲ့ပါတယ်။သို့သော် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် ၏ ကျယ်ပြန့် သည့် နိုင်ငံရေး များ၊ ပြည်သူလူထု အားပေးထောက်ခံမှု နဲ့ ရဲဟ်ဗရ် အင်ကေလာဗ် ၏လိမ္မာပါးပ်မှုများကြောင့် အခြေအနေတွေဟာ ပြောင်းပြန် ဖြစ်ကုန်ပါတယ် ။


အီရတ် နဲ့ ဆီးရီးယား နိုင်ငံ အတွင်း ရန်သူများ၏ ရည်ရွယ်ချက်ကို မအောင်မြင်အောင်ပြုနိုင်ပါတယ်။ အီရတ်နိုင်ငံမှာဆို ဒါအေရှ် (ခ) IS အဖွဲ့ဟာ ဘဂ္ဂဒတ်မြို့ နဲ့ ၁၅ ကီလိုမီတာ အကွာ အထိ ရောက်လာခဲ့ပြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မရ်ဂျာယေသက္က်လီးဒ်၏ လမ်းညွန်းမှုများ၊ ပြည်သူလူထု၏ ကြံခိုင်မှု၊ အီရတ် အရာရှိများ၏ ရှေ့ဆောင် နိုင်မှုများနှင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန်၏ ကူညီမှုကြောင့် IS အဖွဲ့ဟာ ရှေ့ ဆက်လှမ်း မရဖြစ်ခဲ့ရပါတယ်။


ယီမင်ရှိ အန်ဆွာရွလ်လ္လာဟ် အဖွဲ့


အာယာသွလ္လာဟ်ကြီးမှ မိမိဟောကြားမှု ၏ ဒုတိယ ကဏ္ဍ တွင် လက်ရှိ ယီမင် နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရက်စက်ကြမ်းယုတ် လူမဆန်မှု နှင့်နွယ်ပြီးပြောကြားခဲ့ပါတယ်။ ဟိုစီလူမျိုးစု ဆိုတာ ယီမင်နိုင်ငံ ရှိ ဇိုင်ဒီ ရှီအာ များ၏ ကြီးမားတဲ့လူမျိုးစု တစ်ခု ဖြစ်ပါတယ်။ ဒီလူမျိုးစု နဲ့ နွယ်နေတဲ့ အမျိုးသားရေး လှုပ်ရှားမှုနှင့် စစ်ရေး လှုပ်ရှား မှု ဟာ အကြိမ်ပေါင်းများစွာ (ထွက်ပြေးနေသည့် သမ္မတပြုတ်) အလီအဗ်ဒိုလ္လာဟ် ဆွာလေ နဲ့ရင်ဆိုင် ခဲ့ပါတယ်။


ဆက်လက်ပြီးပြောကြားပါတယ်။နောက်ဆုံးတော့ မကြာမီနှစ်များအတွင်း ဒီအဖွဲ့ ဟာ အမျိုးသားရေးနှင့် နိုင်ငံရေး အဖွဲ့ အသွင်ကိုဆောင်သွားပါတယ်။ အန်ဆွာရွလ်လ္လာဟ် အဖွဲ့ဟာ ပြည်သူ အရေး နဲ့ အမျိုးသားရေး ကို လှုပ်ရှားတဲ့ အဖွဲ့ လည်း ဖြစ်လာရော ကျယ်ပြန့်လာပြီး အင်အားကောင်းတဲ့ အဖွဲ့ တစ်ခု ဖြစ်လာပါတော့တယ်။


အန်ဆွာရွလ်လ္လာဟ် အဖွဲ့ဟာ ကျယ်ပြန့်ပြီးအားကောင်းတဲ့ အဖွဲ့ အဖြစ် ရပ်တည်လာပြီးနောက်ပိုင်း ယီမင်ကို မိမိခေလာဖသ်၏ အစိတ်အပိုင်း တစ်ခု အဖြစ် သတ်မှတ်ထားတဲ့ ဆော်ဒီ အာဏာရှင်အတွက် အန်ဆွာရွလ်လ္လာဟ် အဖွဲ့၏ အန္တရာယ် နဲ့ ရင်ဆိုင်ရလာ ပါတယ်။ဒါကြောင့် ဆော်ဒီကနေ နောက်ဆက်တွဲ ရလာဒ် ဘာဖြစ်လားမလဲဆိုတာ ကို မစဉ်းစားတော့ ဘဲ ယီမင်အပေါ် ကျူးကျော် တိုက်ခိုက်မှုကို ပြုခဲ့ပါတယ်။


ဆက်လက်ပြီး မလစ်က်အဗ်ဒွလ္လာဟ် ၏ကွယ်လွန်မှု ကို ဆော်ဒီနိုင်ငံ ရေး ပြောင်းလဲ မှုများ အဖြစ် သတ်မှတ်ပြီး ပြော ကြား ခဲ့ပါတယ်။မလစ်က်အဗ်ဒွလ္လာဟ် မကွယ်လွန်မည် အလျင် အစွန်းရောက် သက္က်ဖီးရီး အဖွဲ့ တွေဟာ ဆော်ဒီ အာရေဗျ အတွက်လည်းပဲ အန္တရာယ် ဖြစ်လာပါတယ်။ဒါကြောင့် လည်း ၎င်း အနေဖြင့် သက္က်ဖီးရီးဝါဒကို အကန့်အသတ် ဖြစ်အောင်လုပ်ခဲ့ပါတယ်။ သို့သော် ၎င်းကွယ်လွန်ခဲ့ပြီးနောက် ဆော်ဒီ အာရေဗျ နိုင်ငံရေး အခြေအနေ ဟာ ပြောင်းလဲ သွားပါတယ်။ တဖန် ထပ်ပြီး သက္က်ဖီးရီး ဝါဒ ( အစွန်းရောက်ဝါဒ ) ပြန်လည် လွမ်းမိုးလာခဲ့ပါတယ်။


ဒါကြောင့် လည်း ဆော်ဒီ အာရေဗျ ဖက်မှ ယီမင်အပေါ် ကျူးကျော် တဲ့ စစ် ဟာ သက္က်ဖီးရီး ဝါဒ ( အစွန်းရောက်ဝါဒ ) ပြန်လည် လွမ်းမိုးလာတဲ့ရလာဒ်ကြောင့် ဖြစ်ပါတယ် ။ ဤ ကျူးကျော်စစ်ဟာ ဆော်ဒီ အာဏာ ရှင်များ အတွက် အကျိုး သက်ရောက်မှု ကို ဖြစ်စေမည် မဟုတ်ဘဲ ၎င်းတို့ အာဏာချုပ်ငြိမ်းမှုကို ဖြစ်စေမည်ဟု ကျနော်တို့အနေဖြင့် ယုံကြည်ထားပါတယ် ။


မက္ကာဟ်နှင့်မဒီနာ ဆော်ဒီ ပိုင်ပစ္စည်းမဟုတ်


အာယာသွလ္လာဟ်ဟာဒဝီတီဟီရန်နီ မှဆက်လက်ပြီးမိမိဟောပြောချက်၏ နောက်ဆုံး ကဏ္ဍ အဖြစ် တင်ပြထားပါတယ်။ ဂျစ်ဒါဟ်လေဆိပ် တွင် အီရန်နီလူမျိုးဇေယာရသ် ပြုသူလူငယ် ၂ဦး နှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့သည့် လူမဆန်မှု ဖက်သို့ ညွန်းပြီး ပြောကြားခဲ့ပါတယ်။ မက္ကာဟ်နှင့်မဒီနာ ဆော်ဒီ ၂မျိုး စလုံးဟာ အစ္စလာမ်မီ မြို့ ၂မြို့ ဖြစ်ပါတယ် ။ မွတ်စလင်မ်များ အားလုံး နှင့်ပတ်သက်နေပါတယ်။ ပထိဝီမြေ အရ သာ ဆော်ဒီ အရဗျ မှာ ရှိနေတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဝမ်းနည်းလေစွ ဆော်ဒီ အာရေဗျ အာဏာ ပိုင်များ အနေဖြင့် အစ္စလာမ်မီ သွန်သင်မှု ၊ နိုင်ငံတကာဆိုင်ရာ ဥပဒေများ ပို မျက်ကွယ်ပြုပြီး ဒီ မြို့ ၂ မြို့ မှာ သီးသန့် ဖေရ်ကာ (ဝဟာဘီ ) ရဲ့ အမြင်၊အယူအဆ ကို လွမ်းမိုးရန်အတွက် အတင်းအဓမ္မ အာဏာ သုံးနေပါတယ်။ ရှီအာဖေရ်ကာ အတွက်ပဲ မဟုတ်ဘဲ အခြား မြောက်များစွာ သော ဖေရ်ကာများ အတွက် ကန့်သတ်ချက်များ စည်းမျဉ်းများကို လည်း ထုတ်ပြန်ကြေငြာထားပါတယ်။


ဆပ်လက်ပြီးပြောကြားပါတယ် ။ မက္ကာဟ်နှင့်မဒီနာ ဆော်ဒီ မြို့ မှာ တော့ အစကတည်းက အခက်အခဲတွေ ဒုက္ခတွေ ဇေယာရသ် ပြုသူများ အတွက် ရှိ ပြီး ဖြစ်ပါတယ်။လက်ရှိ အခြေအနေမှာတော့ အကီဒါအရ သက်ဝင်ယုံကြည်မှု အရ လုံခြုံမှု မရှိသည့် အပြင် ဂုဏ် သိက္ခာ အတွက်လည်း အန္တရာယ်ရှိလာပါပြီး ဖြစ်ပါတယ်။
ဒီ အချက်အားလုံးကို ကြည့်ပြီး သုံးသပ်အထောက်အထားပြုလို့ရသည့် အချက်ကတော့ ဆော်ဒီ အာရေဗျ အာဏာ ရှင်မျာဟာ ဟရမ်မိုင်းရှရီးဖိုင်း (မက္ကာဟ်နှင့်မဒီနာ ) ကို အုပ်ချုပ် ဖို့ အရည်အချင်းမရှိတာ ဖြစ်ပါတယ်။

အာယာသွလ္လာဟ်ဟာဒဝီတီဟီရန်နီ မှဆက်လက်ဟောကြားပါတယ်။ဆော်ဒီ အာရေဗျ အာဏာ ရှင်များ ဟာ ဟရမ်မိုင်း ရှရီးဖိုင်း (မက္ကာဟ်နှင့်မဒီနာ ) အားဇေယာရသ်ပြုသူများ အားလုံး၏ လုံခြုံရေး ကို မယူနိုင်တဲ့ အခြေ အနေ ဖြစ်နေတဲ့အတွက် မွတ်စလင်မ် နိုင်ငံများ စုပေါင်းပြီး ဟရမ်မိုင်း ရှရီးဖိုင်း (မက္ကာဟ်နှင့်မဒီနာ )၏ လုံခြုံရေး အစီအစဉ်များ ပြုလုပ်ပေးနိုင်ရန် အတွက် ကော်မတီတစ်ခုကို ဖွဲ့စည်း သင့်ပါတယ်။ အိုလမာယေ အစ္စလာမ် နှင့် ကမ္ဘာ့ အစ္စလာမ်မီ အဖွဲ့အစည်း များ အားလုံး လည်း ဤ ကိစ္စ နဲ့ပတ်သက်ပြီး စဉ်းစားတွေးခေါ် သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။