၁၄ မတ် ၂၀၁၆ - ၂၀:၂၁
ထိုင်းဘဏ်တစ်ခုတွင် ဓာတုဗေဒဆိုင်ရာ အမှားတစ်ခုကြောင့် လူ ၈ ဦး သေဆုံး

ထိုင်းနိုင်ငံရှိ ဘဏ်တစ်ခုတွင် ဓာတုဗေဒ လုပ်ငန်းစဉ် အမှားအယွင်းတစ်ခု ဖြစ်ပွားရာမှ လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ မတ် ၁၃ ရက် ညပိုင်းက ဘဏ်၏ မြေအောက်ခန်းတွင် မီးဘေး လုံခြုံရေး စနစ်တစ်ခုကို ကန်ထရိုက်ယူ တပ်ဆင်နေသူများ မတော်တဆမှု ဖြစ်ပွား၍ သေဆုံးခြင်းဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ထိုင်းစီးပွားရေးဘဏ်က စနစ် အမှားအယွင်းကြောင့် မြေအောက်ခန်းထဲတွင် အောက်စီဂျင် ပြတ်လပ်ကာ လူအများ သေကြေခဲ့ခြင်းဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ကန်ထရိုက်ယူ တပ်ဆင်သည့် ကုမ္ပဏီ၏ ပေါ့လျော့မှုကြောင့်ဟုလည်း ဖော်ပြထားသည်။ ဖြစ်ရပ်အတွင်း နောက်ထပ် လူ ၇ ဦးမှာလည်း ဆေးရုံသို့ တင်ပို့ ကုသမှု ခံယူခဲ့ရသည်။ ဘဏ်တာဝန် ရှိသူတစ်ဦးက ဘန်ကောက်ရှိ ဘဏ်ရုံးချုပ်မ မှတ်တမ်းများ စုဆောင်းရာ မြေအောက်ခန်းတွင် ယခုလို အောက်စီဂျင် ပြတ်လပ်မှု ပေါ်ပေါက်ခဲ့ခြင်းဟု ဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ထိုင်းနိုင်ငံရှိ ဘဏ်တစ်ခုတွင် ဓာတုဗေဒ လုပ်ငန်းစဉ် အမှားအယွင်းတစ်ခု ဖြစ်ပွားရာမှ လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မတ် ၁၃ ရက် ညပိုင်းက ဘဏ်၏ မြေအောက်ခန်းတွင် မီးဘေး လုံခြုံရေး စနစ်တစ်ခုကို ကန်ထရိုက်ယူ တပ်ဆင်နေသူများ မတော်တဆမှု ဖြစ်ပွား၍
သေဆုံးခြင်းဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ထိုင်းစီးပွားရေးဘဏ်က စနစ် အမှားအယွင်းကြောင့် မြေအောက်ခန်းထဲတွင် အောက်စီဂျင် ပြတ်လပ်ကာ
လူအများ သေကြေခဲ့ခြင်းဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ကန်ထရိုက်ယူ တပ်ဆင်သည့် ကုမ္ပဏီ၏ ပေါ့လျော့မှုကြောင့်ဟုလည်း ဖော်ပြထားသည်။

ဖြစ်ရပ်အတွင်း နောက်ထပ် လူ ၇ ဦးမှာလည်း ဆေးရုံသို့ တင်ပို့ ကုသမှု ခံယူခဲ့ရသည်။ ဘဏ်တာဝန် ရှိသူတစ်ဦးက ဘန်ကောက်ရှိ ဘဏ်ရုံးချုပ်မ
 မှတ်တမ်းများ စုဆောင်းရာ မြေအောက်ခန်းတွင် ယခုလို အောက်စီဂျင် ပြတ်လပ်မှု ပေါ်ပေါက်ခဲ့ခြင်းဟု ဆိုသည်။

ဘဏ်၏ အဆိုအရ မီးဘေးလုံခြုံရေး စနစ်တွင် တပ်ဆင်ထားသည့် Pyrogenခေါ် စနစ်တစ်ခုကို မှားယွင်း ဖွင့်လှစ်မိပြီး ပတ်ဝန်းကျင်ရှိ
 အောက်စီဂျင်ဓာတ်ငွေ့ အားလုံးကို ပျက်ပြားသွားစေခဲ့ကြောင်း ကန်ထရိုက်တာ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Pyrogen စနစ်သည် ပိုတက်ဆီယမ် ကာဘွန်နိတ်၊ နိုက်ထရိုဂျင်၊ ကာဘွန်ဒိုင်အောက်ဆိုက်၊ ကာဘွန်မိုနော့ဆိုက်၊ နိုက်ထရိုဂျင်
အောက်ဆိုက်နှင့် အမိုးနီးယားတို့ ပါဝင်သည့် ဓာတ်ငွေ့ အရောအနှော တစ်မျိုးကို ထုတ်ပေးပြီး မီးလောင်မှုကို အားပေးသည့် အောက်စီဂျင်ဓာတ်ငွေ့ကို
 ဝါးမြိုနိုင်ရန် တီထွင်ထားသည်။ အကယ်၍ မီးလောင်မှု ဖြစ်ပွားပါက ပတ်ဝန်းကျင်ရှိ အောက်စီဂျင် ဓာတ်ငွေ့များကို ယင်းစနစ်က မြန်မြန်ဆန်ဆန်
 ပျောက်ကွယ်သွားစေပြီး မီးမကူးအောင် တားဆီးပေးမည် ဖြစ်သည်။

ထိုင်းစီးပွားရေးဘဏ်သည် နိုင်ငံ၏ အကြီးမားဆုံး ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ဘဏ်က မတော်တဆမှု ဖြစ်ပွားခဲ့သည့်တိုင်
ဘဏ်လုပ်ငန်းများကို ပုံမှန်အတိုင်း ဝန်ဆောင်မှု ပေးနေကြောင်းလည်း ကြေညာသည်။

ထိုင်းနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ၌ လူအသေအပျောက် ဖြစ်ပေါ်သည့် မတော်တဆမှုမျိုးမှ ရှားပါးသော အခြေအနေ တစ်ခုဟုလည်း ဆိုသည်။
 ၁၉၉၃ ခုနှစ်ကမူ ထိုင်းတွင် အရုပ်စက်ရုံတစ်ခု မီးလောင်ကာ လူ ၂၀၀ နီးပါး သေဆုံးပြီး ၅၀၀ ခန့် ဒဏ်ရာများ ရရှိခဲ့ရာ နိုင်ငံသမိုင်းတွင်
 အဆိုးဆုံးသော စီးပွားရေး လုပ်ငန်းဆိုင်ရာ မတော်တဆမှု အနေဖြင့် မှတ်တမ်းဝင်ခဲ့သည်။

======================
251 / End