အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁ ရာစုပင်လုံ) ထောက်ခံကြိုဆိုပွဲကို တိုင်းရင်း သားပါတီများနှင့် ဒေသခံများ၊ လူ မှုကူညီရေးအသင်းအဖွဲ့များ ပူး ပေါင်း၍ မိုးကုတ်မြို့တွင် ပြုလုပ် ခဲ့သည်။
အဆိုပါကြိုဆိုထောက်ခံပွဲ ကို မိုးကုတ်မြို့တွင် သြဂုတ် ၂၆ ရက် နံနက်က ၈၈ မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း)၊ တအာင်း ပလောင် အမျိုး သားပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ လီဆူးအမျိုးသားတိုး တက်ရေးပါတီ (ဒူးလေး) စသည့် နိုင်ငံရေးပါတီများ အပါအ၀င် အ ခြားလူမှုကူညီရေးအသင်းအဖွဲ့ များမှ စုစုပေါင်း လူဦးရေ ၃၀၀ ခန့် ထောက်ခံကြိုဆိုခဲ့ကြသည်။
‘‘ပူးပေါင်းပါဝင်တဲ့အ ကြောင်းရင်းကတော့ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးအ တွက် ထောက်ခံတယ်။ လက်မှတ် ထိုးပြီးတဲ့အဖွဲ့တွေရော၊ လက် မှတ်မထိုးရသေးတဲ့အဖွဲ့တွေရော တက်ရောက်ဖို့ ကြိုဆိုပါတယ်။ ပလောင်အမျိုးသားအနေနဲ့လည်း တတ်နိုင်သလောက် ကြိုဆို ထောက်ခံကြပါ။ အရင်က ဥမကွဲ သိုက်မပျက်နေထိုင်ခဲ့ကြပေမယ့် အခုဆိုရင် အချင်းချင်း သဘောမ ပေါက်တာတွေ၊ နယ်မြေလုတာ တွေ ရှိပါတယ်။ တိုင်းပြည်ခေါင်း ဆောင်တွေအနေနဲ့ စစ်ရပ်စဲရေး ကို သဘောထားကြီးစွာနဲ့ စဉ်းစား ပေးစေချင်တယ်။ ဒါမှလည်း ပင် လုံညီလာခံအောင်မြင်ပြီး ကမ္ဘာ တည်သရွေ့ ငြိမ်းချမ်းမယ်လို့ ယုံ ကြည်ပါတယ်’’ဟု တအာင်း ပလောင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးထူးမြတ်က ပြောသည်။
မိုးကုတ်အနီးပတ်ဝန်းကျင်ရှိ တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ များဖြစ်ပွားခဲ့မှုကြောင့် ပိန်းပြစ် ကျေးရွာရှိ ပြည်သူများ မိုးကုတ် မြို့ပေါ်သို့ စစ်ဘေးရှောင်လျက်ရှိ ရာ ယနေ့အထိ လူဦးရေ ၁၀၀ ခန့် စစ်ရှောင်စခန်းတွင် နေထိုင်နေရ ကြောင်း စစ်ဘေးရှောင်ဒေသခံ များက ပြောသည်။
‘‘ဒီနေ့ ပင်လုံညီလာခံ ထောက်ခံပွဲထဲမှာကို ပိန်းပြစ်က စစ်ဘေးရှောင်တွေပါတယ်။ ပင် လုံညီလာခံက တိုင်းပြည်ရဲ့ နိုင်ငံ ရေးလမ်းပြမြေပုံဖြစ်တဲ့ ဆင်းရဲ တွင်းနက်နေတာတွေ လွတ် မြောက်ရာလမ်းဖြစ်တယ်။ စာ ရွက်မှာပြောတဲ့ ငြိမ်းချမ်းရေးစာ ချုပ်မဟုတ်ဘဲ တိုင်းပြည်ကို ညီ ညီညွတ်ညွတ်ဝိုင်းဝန်းထူထောင် တဲ့ ပင်လုံညီလာခံပေါ်ပေါက်မယ် လို့ မျှော်လင့်ပါတယ်’’ဟု စစ် ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။
===================
251 / End
၂၇ ဩဂုတ် ၂၀၁၆ - ၁၂:၄၈
News ID: 774798
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁ ရာစုပင်လုံ) ထောက်ခံကြိုဆိုပွဲကို တိုင်းရင်း သားပါတီများနှင့် ဒေသခံများ၊ လူ မှုကူညီရေးအသင်းအဖွဲ့များ ပူး ပေါင်း၍ မိုးကုတ်မြို့တွင် ပြုလုပ် ခဲ့သည်။