၂၈ အောက်တိုဘာ ၂၀၁၆ - ၂၀:၀၄
  မိုဆဲလ်မြို့ တွင် ဝဟာဘီ အကြမ်းဖက် IS များ မုတ်ဆိတ်များ ရိတ်ပြီး အသွင်ပြောင်း

အီရတ် စစ်တပ်အနေဖြင့် မိုဆဲလ်မြို့ အား ဝဟာဘီ အကြမ်းဖက် IS များ လက်မှ လွတ်မြောက်ရန် ကြီးမားသည့် စစ်ဆင်ရေး ကြီးတစ်ခု ကို ပြုလုပ်နေပါတယ်။ တစ်ဖက်တွင်လည်း မိုဆဲလ်မြို့ တွင် ဝဟာဘီ အကြမ်းဖက် IS များ မှ မုတ်ဆိတ်များ ရိတ်ပြီး အသွင်ပြောင်း နေကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ်သတင်းဌာန ၏ အေအဖ်ဘီ သတင်း အထောက်အထားများ အရ အီရတ် စစ်တပ် အနေဖြင့် မိုဆဲလ်မြို့ အား ဝဟာဘီ အကြမ်းဖက် IS များ လက်မှ လွတ်မြောက် ရန် ကြီးမား သည့် စစ်ဆင်ရေး ကြီးတစ်ခု ကို ပြုလုပ်နေပါတယ်။ တစ်ဖက်တွင်လည်း မိုဆဲလ်မြို့ တွင် ဝဟာဘီ အကြမ်းဖက် IS များ မှ  မုတ်ဆိတ်များ ရိတ်ပြီး အသွင်ပြောင်း နေကြပါတယ်။ သတင်းအထောက်အထားများ အရ မိုဆဲလ် မြို့ အရပ်သားများ ၏ တင်ပြ ချက်အရ ဒါအေရှ် (ခ)   ဝဟာဘီ အကြမ်းဖက် IS များ သည် မိမိတို့ ၏ မုတ်ဆိတ်များ ကို ရိတ်ပြီး နေရာများ ကို ပြောင်း လိုက်ပြီး ဖြစ်ကြောင်း ဖြစ်ပါတယ်။
သတိရှိရည့် အချက်မှာ အီရတ် စစ်တပ် အနေဖြင့် အောက်တိုဘာ ၁၇ ရက်မှ စပြီး စစ်ဆင်ရေး ကို စတင် ခဲ့ခြင်း ဖြစ်ပါတယ်။ဤစစ်ဆင်ရေး ဟာ ၁၀ ရက် ကြာပြီး ဖြစ်ပါတယ်။ မိုဆဲလ် မြို့ သား ကုန်သည် ဟောင်း  ဖြစ်သူ အဗူယူစွဖ် မှအေအဖ်ဘီ ကို ဝဟာဘီ အကြမ်းဖက် IS များ မှ  မုတ်ဆိတ်များ ရိတ်ပြီး  အဝတ်များ ပြောင်းဝတ်၍ အသွင်ပြောင်း လိုက်ပြီး ဖြစ်ကြောင်း ၊ မုချဧကန် ၎င်းတို့အနေဖြင့် ကြောက်လန့် နေပြီး ဖြစ်ကြောင်း မြို့မှ ထွက်ပြေးဖို့ စီစဉ်နေတာ ဖြစ် နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဝဟာဘီ အကြမ်းဖက် IS များ အနေဖြင့် ၂၀၁၄ခုနှစ် အလယ်ပိုင်းတွင် အမေရိကန် ၊ ဆော်ဒီ ၊ကာတာ ၊တူရကီ နိုင်ငံများ ၏ အထောက်အပံ့ အကူအညီ ဖြင့် အီရတ် နှင့် ဆီးရီးယား နိုင်ငံ တော်တော်များများနေရာကို ကျူးကျော် သိမ်းပိုက်ပြီး ကိုယ်တိုင်ထွင် ခေလာဖသ် ကို ကြေညာ ခဲ့ပါတယ်။    
========================
251/End