၅ နိုဝင်ဘာ ၂၀၁၆ - ၁၉:၂၈
ဆင်းရဲ နွမ်းပါးသူ အစစ်

ဆင်းရဲ နွမ်းပါးသူ အစစ် ဘယ်လိုလူ ဖြစ်ကြောင်း ကို လေ့လာ မှတ် သား နိုင်ရန် တင်ပါအပ်ပါတယ်။


 မဟာတမန်တော်မြတ်ကြီး (ဆွ) အနေဖြင့်မိမိ သာဝကတော်များ အားမိန့်တော်မူလေ၏။ မောင်မင်းတို့ ဆင်းရဲနွမ်းပါးသူကို သိပါသလား? ဟုမေးမြန်းတော်မူလေ၏။ သာဝကတော် များအနေဖြင့်အဖြေပေးကြလေ၏။ကျွန်တော်မျိုးတို့ အမြင်တွင် ငွေအသပြာမရှိသူ၊ စည်းစိမ် ဥစ္စာပစ္စည်းမရှိသူကို ဆင်းရဲ နွမ်းပါးသူလို့ခေါ်ဆိုပါသည်ခင်ဗျား ….. ဟုဖြေကြလေသည်။
 မဟာတမန်တော်မြတ်ကြီး(ဆွ)အနေဖြင့်(ထပ်ပြီး)မိန့်တော်မူလေသည်။ကျွန်ုပ်၏နောက်လိုက် နောက်သား(အွန်မသ်တော်)တွင် ၎င်းသူများမှ အပ မည်သူမျှ ဆင်းရဲ နွမ်းပါးသူ မရှိချေ။ ၎င်း ဆင်းရဲ နွမ်းပါးသူများဆိုသည်မှာနမာဇ်လည်းတည်ဆောက်၏၊ရိုဇာများလည်းထားလေ၏။ဇကာသ်ပေးဆောင်လေ၏။ဟဂ်ျလည်းပြုလေ၏။
 သို့သော်ကေယာမသ်နေ့ တွင်၎င်းထံလူတစ်ယောက်လာရောက်လာမည် ထိုသူမှာ၎င်း၏ အဆဲခံထားရသူဖြစ်ပေမည်။နောက်တစ်ယောက်ရောက်လာပေမည်ထိုသူမှာပစ္စည်း၊ရပိုင်ခွင့်အစားခံ ထားရသူဖြစ်ပေမည်။နောက်တစ်ယောက်ထပ်လာမည်။ထိုသူအား၎င်းအနေဖြင့်သွေးထွက် သံယိုဖြစ်
 အောင်လုပ်ခံထားရသူဖြစ်ပေမည်။ထပ်ပြီးနောက်တစ်ယောက်ရောက်လာမည်ထိုသူမှာ ၎င်း ထိုးကြိတ်၊ ရိုက်နှက်ထားသူ ဖြစ်ပေမည်။
 ဤနည်းဖြင့်၎င်း၏ကောင်းမှု ကိုသိုလ်အစုစုအားဆိုင်ရာဆိုင်ရာ ကာယံကံရှင်များ၏ (ရှရီအီ) ရပိုင်ခွင့်နှင့်အညီပေးဆောင်ရပေမည်။ အကယ်၍၎င်း၏ကောင်းမှုကုသိုလ်များသည် ဆိုင်ရာဆိုင်ရာ ကာယံကံရှင်များ၏ (ရှရီအီ)ရပိုင်ခွင့်နှင့်အညီပေးဆောင်ရင် ကုန်ဆုံးသွားမည်ဆိုလျှင် ဆိုင်ရာဆိုင်ရာ ကာယံကံရှင်များ၏ဂိုနာအပြစ်ငရဲများကို ၎င်း၏စာရင်းတွင်ဖြည့်ထည့်ခြင်းခံရပေမည်။ပြီးနောက်၎င်းကို ဂျဟန္နမ်(ငရဲဘုံ)တွင်ထည့်မည် ဖြစ်ပေသည်။
 ညွန်း - ဘေဟာ ကျမ်း အတွဲ ၃
 သင်ခန်းစာ
 မြတ်အလ္လာဟ်ထံမှအကဲလ်ရရှိထားသူတိုင်းအသေအချာတွေးတော်စဉ်းစားနိုင်ပေသည်။အ ထက်ဖော်ပြပါ ဟဒီးစ်တော် တွင် အနည်းငယ်ကိုသာ ပမာအားဖြင့်မိန့်တော်မူထားပေသည်။ မြတ်အလ္လာဟ်၏ရှေ့ မှောက်ဝယ်မည်သည့်အရာမျှမကွယ်ချေ။ဤနေရာတွင်လူတစ်ဦးတစ်ယောက် ကိုဆဲခြင်းကိစ္စ၊သူများရပိုင်ခွင့်ကိုစားခြင်းကိစ္စ၊သွေးထက်အောင်လုပ်ခြင်းကိစ္စစသည်မကောင်းမှုများ သည်တိုက်ရိုက်လုပ်သူများသာခံရမည်မဟုတ်ချေ။သွားဝိုက်နေသူများလည်းပါဝင်နေကြာင်းအထူး သတိပြုသင့်ပေသည်။ အကြောင်းမှာ အချို့ သည် လူတစ်ဦးတစ်ယောက်ကို တိုက်ရိုက် မဆဲချေ၊မရိုက်ချေ၊မကောက်ကျစ်ချေ။ အခြားတစ်ယောက်ကို ဤ မကောင်းမှုများ အားကြိုးမာန်တက်လုပ်ဆောင်ရန် နောက်မှ ၊အကွယ်မှ မြှောက်ပင့် ပေးတတ်ကြလေသည်။