၁၆ နိုဝင်ဘာ ၂၀၁၆ - ၁၇:၅၀
လာမယ့်လွှတ်တော်က ပြည်သူ့ဆန္ဒကို ဘယ်လောက်ဖော်ဆောင်နိုင်မလဲ

ဥပဒေများ၊ တရားရုံးများ နှင့် ခပ်ကင်းကင်း နေလေ့ရှိသော မြန်မာပြည်သူများသည် လတ်တလော ဖြစ်ပွားခဲ့သော ဖြစ်ရပ်အချို့ကြောင့် ဥပဒေအချို့ကို ပြင်လိုကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဥပဒေများ၊ တရားရုံးများ နှင့် ခပ်ကင်းကင်း နေလေ့ရှိသော မြန်မာပြည်သူများသည် လတ်တလော ဖြစ်ပွားခဲ့သော ဖြစ်ရပ်အချို့ကြောင့် ဥပဒေအချို့ကို ပြင်လိုကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်။

ဒုတိယအကြိမ် လွှတ်တော်၏ တတိယပုံမှန် အစည်းအဝေးတွင် မည်သည့်ဥပဒေများ ဆွေးနွေးသင့်သလဲဟူသည့် မေးခွန်းကို အလွယ်တကူ အဖြေပေးခဲ့ကြသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေးနှင့် သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးရေးတို့ဖြစ်သည်။

 ပြည်ခိုင်ဖြိုးလွှတ်တော်က ရေးဆွဲခဲ့သော ဥပဒေဖြင့် ဒီချုပ်အစိုးရဝန်ကြီးချုပ် တစ်ဦးက သတင်းမီဒီယာတစ်ခုကို အမှုဖွင့်လိုက်ချိန် ၌ ပုဒ်မ ၆၆(ဃ)သည် နာမည်ကြီးသည်ထက် ကြီးသွားတော့သည်။

ဝေဖန်ထောက်ပြသူများက ၆၆(ဃ) ဖြင့် တရားစွဲဆိုခံရပြီဆိုလျှင် အချုပ်ခံရပြီးမှ ရင်ဆိုင်ရခြင်းကို အဓိက ထောက်ပြခဲ့ကြခြင်းဖြစ်သည်။

အသရေဖျက်မှု ပုဒ်မ ၅၀၀ မှာ၆၆(ဃ)ကြောင့် ညှိုးမှိန်သွားခဲ့ရသည်။ မြန်မာနိုင်ငံ၏ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ ၁၁ သန်းခန့်သည် အချိန်မရွေး ပုဒ်မ ၆၆(ဃ)၏ သားကောင်ဖြစ်လာနိုင်သည့် အခြေအနေဖြစ်သည်။

‘‘အသက်အန္တရာယ် ခြိမ်းခြောက်တာ၊ ငွေတောင်းခံတာ၊ မကောင်းတဲ့ပုံတွေတင်တာနဲ့ အသရေဖျက်မှုကို ပုဒ်မခွဲလိုက်စေချင်တာပါ။ အသရေဖျက်မှုက တကယ်အသရေဖျက်မှုမြောက်၊ မမြောက် အချက်အလက် မှန်၊ မမှန် စစ်ဆေး ဖို့ လိုအပ်တဲ့အတွက် တရားမမှုပဲ ဖြစ်သင့်ပါတယ်’’ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးရဲ ထွန်းကပြောသည်။

၆၆(ဃ)သည် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မ ဖြစ်သည်။ 7Day News က အလွှာစုံမှ လူဦးရေ ၂၀ ခန့်အား မေးမြန်း ရာ ဖြေဆိုသူအားလုံးနီးပါးက ၆၆ (ဃ)သည် ဆက်လက်ထားရှိသင့် သော်လည်း ပြင်ဆင်ရန်လိုအပ် ကြောင်း ဖြေကြားခဲ့သည်။

ပြည်သူလူထုအတွင်း နောက် ထပ် လူပြောအများဆုံးကိစ္စမှာ သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေး ရေးဖြစ်သည်။ အနာဂတ်၏ ပန်း ပွင့်များကို အညွန့်ချိုးသည့် ကာမ ဘီလူးများကို သေဒဏ်ပေးသည် အထိ ဒဏ်ခတ်သင့်သည်ဟူသော အသံများကျယ်လောင်လာသည်။

‘‘ဒီလို လူ့တိရစ္ဆာန်တွေကို လူ့ လောကကနေ ဖယ်ထုတ်လိုက် တာ အကောင်းဆုံးပဲ’’ဟု ပထမအ ကြိမ် လွှတ်တော်တွင် သက်ငယ်မုဒိမ်းမှုကို ပြင်းထန်စွာနှိမ်နင်းရန် သုံးကြိမ်အထိ ကြိုးစားခဲ့သူ လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦး သိန်းညွန့်ကပြောသည်။

တစ်ဖက်ကလည်း သေဒဏ် မရှိသင့်ကြောင်း အယူအဆများ လည်းရှိသည်။

‘‘လူ့အခွင့်အရေးတွေ၊ မုဒိမ်း ကောင်တွေကို စာနာလို့မဟုတ် ဘူး။ ကလေးတွေအတွက်။ အခု ကလေးတွေ ပြန်ပြောလို့သိရတာ။ သေဒဏ်ဆိုရင် ကလေးတွေကို မု ဒိမ်းကျင့်ပြီး အစဖျောက်လိုက်ရင် ဘယ်လိုလုပ်ကြမလဲ’’ဟု ထည့် သွင်းစဉ်းစားသင့်သည့် အချက် တစ်ခုကို ကုမ္ပဏီဝန်ထမ်း မငြိမ်း ငြိမ်းက ထောက်ပြသည်။

ထိုကဲ့သို့ ပြစ်မှုကျူးလွန်သူ များကို သေဒဏ်မပေးလိုပါက ကြီးလေးသည့် ထောင်ဒဏ်များချမှတ် ၍ မည်သည့်လွတ်ငြိမ်းချမ်းသာခွင့် ခံစားမှုများနှင့် သက်ရောက်မှုမရှိစေရဟူသည့် မှတ်ချက်ဖြင့် ၎င်းတို့အတွက် ဥပဒေပြင်ဆင်ရေးဆွဲသင့်ကြောင်း ဥပဒေပညာရှင် များက အကြံပြုပြောကြားသည်။

လူပြောများနေသည့် ဥပဒေ များအတွက် ပြည်သူလူထုက တင် မြှောက်ထားသော ဥပဒေပြုအမတ်မင်းများ ခေါင်းသုံးကြရမည့် ကိစ္စ ဖြစ်သည်။ ပြည်သူများအကြား ပြောဆိုမှုများနေသည့် ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် သက် ငယ်မုဒိမ်းမှုကိစ္စကို ဆွေးနွေးရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦး ဇော်မင်းကပြောသည်။

ဒုတိယအကြိမ် လွှတ်တော် အသီးသီး၏ တတိယပုံမှန်အစည်း အဝေးများကို နိုဝင်ဘာ ၁၆ ရက် (ယနေ့)တွင် ပြန်လည်စတင်မည် ဖြစ်သည်။ အစည်းအဝေးလျာထား ချက်အရ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ကြမည်ဖြစ်သည်။

 လွှတ်တော်အသီးသီးတွင် ဆောင်ရွက်ဆဲ ဥပဒေကြမ်းများအ နက်မှ ပြည်သူလူထုအတွက် အ ရေးကြီးသည့် ဥပဒေများ ဆက် လက်ပြဋ္ဌာန်းနိုင်ရေး ကိစ္စရပ်များ ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားထားသည်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယခုကျင်းပမည့် လွှတ်တော်အ စည်းအဝေးတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံ ခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ကြမ်း၊ ဘာသာပြန်ကော်မရှင်ဥပ ဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရေချိုငါးလုပ်ငန်းဥပ ဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း စသည့် ဆောင်ရွက်ဆဲဥပဒေကြမ်း များကို အတည်ပြနိုင်ရေး ဆက် လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွှတ်တော်အနေဖြင့် အရေး ကြီးသော ဥပဒေကြမ်းများအနက် မည်သည့်ဥပဒေများကို ဦးစားပေး ပြဋ္ဌာန်းရမည်လဲဟူသည့် စိန်ခေါ်မှု နှင့် မလွဲမသွေ ရင်ဆိုင်ရမည်သာ ဖြစ်သည်။

ဦးရွှေမန်းကော်မရှင်က တင် ပြထားသော ဦးစားပေးပြဋ္ဌာန်းရန် လိုအပ်သည့် ဥပဒေများစာရင်းကို လွှတ်တော်သို့ တင်ပြရာ ဥပဒေ ပေါင်း ၄၈ ခု ရှိသည်။

HIV ပိုး ကူးစက်ခံရသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေ၊ အမျိုး သမီးများအား အကြမ်းဖက်မှု ကာ ကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ် ဖွဲ့ဥပဒေအပါအဝင် ဦးစားပေး ပြဋ္ဌာန်းရန်လိုအပ်သော ဥပဒေ ၄၈ခုကို သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်ထောင် စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေ ၄၈ ခုတွင် အုပ်ချုပ်ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် သက်ဆိုင် သော ဥပဒေများပါဝင်သည်။

ပညာရေးနှင့်သက်ဆိုင်သော ဥပဒေများမှာ မသင်မနေရ ပညာ ရေးဥပဒေ၊ ကျောင်းပြင်ပနှင့် တစ် သက်တာပညာရေးဥပဒေ၊ အခြေ ခံပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာ ရေးဥပဒေ၊ အဆင့်မြင့်ပညာရေး ဥပဒေ၊ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးပညာဥပဒေတို့ ဖြစ် သည်။

ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သော ဥပဒေနှစ်ခုပါဝင်ပြီး မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဥပဒေနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဝန်ထမ်း ဆိုင်ရာဥပဒေတို့ဖြစ်သည်။

ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် သက်ဆိုင်သော  ဒီဇိုင်းဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေ၊ မူပိုင်ခွင့် ဥပဒေနှင့် တီထွင်မှု မူပိုင်ခွင့်ဥပဒေ တို့ကို ပြဋ္ဌာန်းရန်လည်း ကော်မရှင်က တင်ပြသည်။

ထို့ပြင် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းရန် လည်း ကော်မရှင်တင်ပြချက်တွင် ပါဝင်သည်။

ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲ ရေးဆိုင်ရာဥပဒေ၊ ဘဏ်နှင့်ဆက် သွယ်ဆောင်ရွက်သူများအား အ ကာအကွယ်ပေးရေး ဥပဒေနှင့် ကြွေးမြီဆိုင်ရာ သတင်းအချက်အ လက်ဥပဒေတို့လည်း ပါဝင်သည်။ ယခုလွှတ်တော်သို့ တင်ပြသည့် ကော်မရှင်၏တင်ပြချက်တွင် အ လှကုန်ပစ္စည်းဥပဒေ ပြဋ္ဌာန်းရန်ပင်ပါရှိသည်။

ထို့ပြင် မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေး ဆိုင်ရာဥပဒေများ ပြဋ္ဌာန်းရန် လည်း ပါရှိသည်။

ပြည်သူ့အကျိုးစီးပွား ရပိုင် ခွင့်ကို ခိုင်ခိုင်မာမာအကာအကွယ် ပေးနိုင်သည့် မည်သည့်ဥပဒေမျိုး ကိုမဆို လွှတ်တော်အနေဖြင့် တိ တိကျကျ ပြဋ္ဌာန်းနိုင်ရန် လိုအပ်သ ကဲ့သို့ အမှန်တကယ် ခိုင်ခိုင်မာမာ အသက်ဝင်အောင် ဆောင်ရွက်ရန် လည်း လိုအပ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင် အောင်ကျော်က ပြောသည်။

ထို့ပြင် ပြဋ္ဌာန်းပြီးသည့် ဥပ ဒေ၊ နည်းဥပဒေများကို ပြည်သူ တစ်ရပ်လုံးသိရှိရန် ယခုထက် ထိ ထိရောက်ရောက် ကျယ်ကျယ်ပြန့် ပြန့် အသိပေးနိုင်အောင် မည်သို့ ဆောင်ရွက်မည်ကို အဖြေရှာစေ လိုကြောင်း ၎င်းကပြောသည်။

ဒီချုပ်လွှတ်တော်သည် ပုဒ်မ ၁၈ ဖြင့် နာမည်ကြီးခဲ့သော ငြိမ်းစုစီဥပဒေကို ပြင်ဆင်နိုင်ခဲ့ပြီဖြစ် သည်။ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နှင့် သက်ငယ်မုဒိမ်းမှုကို မည်သို့ ကိုင်တွယ်မည်လဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ပြည်သူလူထု၏နေ့စဉ် လူနေမှုဘဝနှင့် တိုက်ရိုက်ပတ်သက်နေ သော ကုန်ဈေးနှုန်းကြီးမြင့်မှုလျော့ ကျအောင် လွှတ်တော်က မည်သို့ ကူညီချဉ်းကပ်နိုင်မည်လဲဆိုသည် မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

‘‘ကုန်ဈေးနှုန်းကြီးတာ ဈေး ကွက်ကိစ္စပါ။ လွှတ်တော်နဲ့ မဆိုင် လှဘူးလို့ ထင်မှာစိုးတယ်’’ဟု စမ်း ချောင်းမြို့နယ်မှ အိမ်ရှင်မတစ်ဦး ကပြောသည်။

ခမ်းနားလှပသော လွှတ် တော်ရှိ ကျွန်းဆိုင်းဘုတ်ကြီးတွင်တော့ လွှတ်တော်၏ ဆောင်ပုဒ်ကို အောက်ပါအတိုင်း ရေးသားထားပါသည်။

‘ပြည်သူ့အသံ လွှတ်တော်အသံ

ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ

ပြည်သူတို့ မျှော်လင့်ချက်

လွှတ်တော်က ဖော်ဆောင်ရွက်’

‘‘ပြည်သူတစ်ယောက်အနေ နဲ့ ကျွန်မရဲ့မျှော်လင့်ချက်ကတော့ ကုန်ဈေးနှုန်းကျဖို့ပါပဲ’’ဟု အထက် ပါ အိမ်ရှင်မက ပြောသည်။

ထို့အတူ အခြားပြည်သူတစ် ဦးချင်းဆီတွင်လည်း သူတို့အတွက် ကိုယ်စီကိုယ်စီ အရေးကြီးသော မတူညီသည့် မျှော်လင့်ချက်များရှိ နေမည်သာဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူက ရွေး ကောက် တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များ၏ အကြီးမားဆုံးစိန်ခေါ်မှုမှာ လွှတ် တော်ဆောင်ပုဒ်၏ တတိယစာ ကြောင်းကို မည်သည့်အတိုင်းအ တာအထိ ဖြည့်ဆည်းပေးနိုင်မည် လဲဆိုသည်ပင်ဖြစ်ပါသည်။

===================    
251 / End