အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်အနီး ပိတ်မိနေသော ဒဏ်ရာရ လူနာများကို သွား ရောက် ခေါ်ဆောင်သော လူမှု ရေးအသင်း ကားတစ်စီး သေနတ် ဖြင့် ပစ်ခတ်ခံရသောကြောင့် ကယ်ဆယ်ရေး လုပ်သားတစ်ဦး သေနတ်ကျည်ဆန် ထိမှန်ခဲ့ ကြောင်း မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မူဆယ်မှ (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်သို့ သွားသော ကျင် ဆန်းကျော့လမ်းတွင် နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသော ကားသည် မေတ္တာမွန်လူမှုကူညီရေးအသင်း၏ ကားဖြစ်ပြီး ယာဉ်ပေါ်ပါ ကယ်ဆယ်ရေးလုပ်သားတစ်ဦး ရင်ဘတ်၌ သေနတ်ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်သူများသည် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့မှဖြစ်ကြောင်း ၎င်းက ပြောသည်။
မူဆယ်မြို့မ ရဲစခန်းမှူးက လူမှုရေးအသင်းကား ပစ်ခတ်ခံရ သည်မှာ မှန်ကန်ပြီး အသေးစိတ်မ ပြောနိုင်သေးကြောင်းပြောသည်။ ပစ်ခတ်ခံရသည့်ကားတွင် လူမှု ရေးအသင်း တံဆိပ်ပါရှိပြီး မူ ဆယ်ဒေသ၌ ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း လူမှုရေးအ သင်းကား ပထမဆုံးပစ်ခတ်ခံရ ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာ နေရာအ နီး ပိတ်မိနေသော အရပ်သားများ လည်း ရှိနေသေးကာ ကယ်ဆယ် ရေးကားများ လမ်းလုံခြုံရေးအ တွက် စိုးရိမ်နေသည်။ တိုက်ပွဲ ကြောင့် စုစုပေါင်း လူဦးရေ ၂,၆၀၀ ကျော် စစ်ဘေးရှောင်နေရ သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်း ပိတ်မိနေသော စစ်ဘေး ရှောင် ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် သွားရောက်ခဲ့သော လူမှုကူညီ ရေးအသင်းမှ မော်တော်ယာဉ် နှစ်စီးကို KIA၊ TNLA နှင့် MNDAAလက်နက်ကိုင်တပ်ဖွဲ့များက ပစ် ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရွှေလီမြို့နေ ကြင်နာနွေးထွေးပရ ဟိတလူငယ်အသင်းမှ ကိုရဲမင်း အောင် (၂၃)နှစ်(အဘ) ဦးချက်၏၀ဲဘက်ရင်ဘတ်ဘေး ဖောက် ထွက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော် ပြပါရှိသည်။
===================
251 / End
၂၂ နိုဝင်ဘာ ၂၀၁၆ - ၁၉:၁၉
News ID: 793625
မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်အနီး ပိတ်မိနေသော ဒဏ်ရာရ လူနာများကို သွား ရောက် ခေါ်ဆောင်သော လူမှု ရေးအသင်း ကားတစ်စီး သေနတ် ဖြင့် ပစ်ခတ်ခံရသောကြောင့် ကယ်ဆယ်ရေး လုပ်သားတစ်ဦး သေနတ်ကျည်ဆန် ထိမှန်ခဲ့ ကြောင်း မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။