၄ ဒီဇင်ဘာ ၂၀၁၆ - ၂၀:၀၈
အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၏ဘဝသမိုင်းအကျဉ်း

အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၏ဘဝသမိုင်းအကျဉ်း ကို အဗ်နာ ပရိတ်သတ်များ အတွက် တင်ပြအပ်ပါတယ်။

بسم الله الرحمن الرحیم

 

အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၏ဘဝသမိုင်းအကျဉ်း

 

ကိုယ်တော်၏အမည်မှာဟဇရတ်အလီ(အလိုင်ဟစ်စ လာမ်)ဗင်အေမာမ်မူစာ(အလိုင်ဟစ်စလာမ်)ဗင်ဂျအ်ဖရ်(အလိုင် ဟစ်စလာမ်) ဖြစ်ပါသည်။မယ်တော်အမည်မှာ- ဟဇရတ်(သ) ဂျနာဗေနဂ်ျ မာ (သို့) သကသွမ်ဖြစ်ပြီး မိမိခေတ်ကာလ၌ သန့် ရှင်း၊သန့်ပြန့်(ဂုဏ်သတင်း ရှိသူ) အမျိုးသမီးများမှ တစ်ဦးဖြစ် ပေသည်။ကိုယ်တော်၏ ကွန်နီယတ်(လေးစားစွာဖြင့်ခေါ်ဆို သောအမည်)သည်ကားအဗူလ်ဟစန်(အလိုင်ဟစ်စလာမ်) ဖြစ် ပြီး လကဗ်တော်မှာ ရေဇာဖြစ်ပါသည်။ဤလကဗ်တော်သည် အလ္လာဟ်ဟိုအရှင်မြတ်ဖက်တော်မှကိုယ်တော်မီးရှုးသန့်စင်မ ဖွားမည်အရင်ကတည်းကကိုယ်တော်၏ဘိုး၊ဘေးများထံသို့ သတင်းပေးထားပြီး ဖြစ်ချေသည်။

အေမာမ်(အလိုင်ဟစ်စလာမ်) မွေးဖွားရာ ဇာတိတော် သည်ကား တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါ အာလေဟီ ဝစလာမ်)၏မြို့တော်မဒီနာရွှေမြို့တော်ဖြစ်ပေသည်။ အေမာမ်မိုဟမ္မဒ်သကီ (အလိုင်ဟစ်စလာမ်)သည် အေမာမ်(အ လိုင်ဟစ်စလာမ်)၏ တစ်ဦးတည်းသော သားတော်ဖြစ်ပေသည်။ သို့သော် အခြား သားတော်၊သမီးတော်များလည်း ရှိကြောင်းနှင့် စပ်လျဉ်းပြီအမြင်ကွဲလွဲမှုများရှိပေသည်။ဖွားမြင်သန့်စင်သည့် နေ့ထူး နေ့မြတ် ကို ဟဒီးစ်ပါရဂူများ၊သမိုင်းပါရဂူများအနေဖြင့် ဇေလ်ကိုင်အ်သ(၁၁)ရက်ဟီဂျရီ(၁၄၈)ခုနှစ် ဖြစ်ကြောင်းမှတ် တမ်းတင်ထားပါသည်။အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အလိုင်ဟစ်စ လာမ်)သခင်ရှဟီးဒ်ဖြစ်တော်မူခဲ့သည့်နှစ်မှာလည်းဤနှစ်ပင် ဖြစ်ပေသည်။တစ်ချို့မှလည်း(၅)နှစ်နေပြီးမှအေမာမ်(အလိုင် ဟစ်စလာမ်)မွေးဖွားခဲ့သည်ဟုဆိုလေသည်။

အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၏ မယ်တော်သည် အေမာမ်(အလိုင်ဟစ်စလာမ်)အား မွေးဖွားပေးတော်မူပြီးနောက် သွာဟေ ရာဟုအမည်တွင်လေ၏။မယ်တော်သည် သန့်ရှင်း၊သန့် ပြန့်ပြီး အသိဥာဏ်ရှင် တစ်ဦးဖြစ်ပြီး အာရပ်လူမျိုး မဟုတ်သော် လည်း မြင့်မြတ် သည့် အမျိုးအနွယ်မှ ဆင်းသက်လာသူ ဖြစ် လေသည်။ရီဝါယတ်တော်၌ လာရှိသည်ကားဂျနာဗေနဂ်ျမာ (ခ) သကသွမ်အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)၏ မယ်တော်မှ မိမိအတွက် နို့ထိန်းဖေါ်တစ်ဦး ထားပေးရန်တောင်းဆို ခဲ့လေ သည်။(အေမာမ်ရေဇာ (အလိုင်ဟစ် စလာမ်)သခင် အား နို့တိုက် ရာ၌ ကူညီရန်ဖြစ်ပေသည်။)နို့နည်းနေ၍ အကူအညီလိုပါသ လား? ဟူ၍မေးမြန်းကြလေရာ -မဟုတ်ပါ။သို့ သော်သားတော် လေး (အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)ကို မွေးဖွားပြီးနောက်လျော့သွားသည့် အလ္လာဟ်ဟိုအရှင်မြတ်အား တမ်းတမှု၊နမာဇ် များကို ဖြည့်စွက် ဖို့ဖြစ်ပါသည်ဟူ၍ဖြေကြားတော်မူလေသည်။

 

ကိုယ်တော်၏စာရိတ္တတော်နှင့်လူထုဖြင့်

ဆက်သွယ်၊ဆက်ဆံသည့်ဝိနည်းတော်များ

 

ဆင့်ပြန်ချက်၌လာရှိသည်မှာ-အေမာမ်ရေဇာ(အလိုင် ဟစ်စလာမ်)သခင်သည် လူထုနှင့်မတွေ့မည် အလျှင် မိမိကိုယ် ကို သန့်သန့်ပြန့်ပြန့် ဝတ်ဆင်လေ့ရှိပေသည်။လူထုနှင့် စကား ပြောချိန်၌ မည်သူစကားကိုမျှ ဥပက္ခာမပြုခဲ့ချေ။ ယုတ်စွအဆုံး မည်သည့် အချိန်၌ဖြစ်စေ သူတစ်ပါး၏ စကား ကိုမဖြတ်ချေ။အ ဆုံးထိ တိုင်အောင်ပြောခွင့် ပေးလေသည်။ထိုနည်းတူစွာ မည်သူ ကိုမဆို လိုအင်အာသီသကို မိမိစွမ်းအားဖြင့် တတ်နိုင်သမျှ မ ပယ်ဖျက်ဘဲ ဖြည့်စွက်ပေးလေသည်။အေ မာမ်(အလိုင်ဟစ်စ လာမ်)၏ ဘဝတစ်လျှောက်လုံးတွင် မည်သည့် အခါမျှ အသံ ကျယ်လောင်စွာဖြင့် ရယ်မောခြင်းကို မတွေ့ခဲ့ရချေ။ရယ်မော တော်မူလျှင်လည်း ပြုံးပြယုံအထိသာ ရယ်တော်မူလေသည်။

အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သည် မိမိကိုယ်ကို အမွေး၊အကြိုင်၊ရေမွေးလိမ်းခြင်းကို ပြုတော်မူသည်။အထူးသဖြင့် လူထု အကြားကြွမြန်းချိန်၌ အမွေး၊အကြိုင်သုံးစွဲခြင်းကို နှစ်သက် တော်မူလေသည်။ကိုယ်တော်(အလိုင်ဟစ်စလာမ်)သည် သူတစ် ပါးအား မြောက်မြားစွာ အကျိုးအမြတ် ပြုခဲ့လေသည်။ဆဒ်ကာ ပေးကမ်းလှူဒါန်းခြင်း အလုပ်ကိုအများအားဖြင့် မှောင်မိုက်နေ သည့်ညများ၌ပြု လုပ်ခဲ့ပေသည်။အေမာမ်(အလိုင်ဟစ်စလာမ်) သည် အလွန်တရာ ကျိုးနွံသူဖြစ်ပေသည်။ရီဝါယတ်တော်၌ လာ ရှိသည်ကား တစ်နေ့၌လူအ များရေချိုးသည့် ခန်းမဆောင်တွင် အေမာမ်(အလိုင်ဟစ်စလာမ်)အား သိကျွမ်းမှုမရှိသူ တစ်ဦးတစ် ယောက်သည် ကိုယ်တော်အား ပြော ဆိုလေ၏။"ကျွန်တော်ကို ချေးတွန်းပေးပါ။"အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့်လည်း ချေးတွန်းပေးမှုကို စတင်လေသည်။

အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့် ၎င်းအမျိုးသား အား ချေးတွန်းပေးနေသည်ကို လူအများမှမြင်ပြီး၊၎င်းအမျိုးသား အား ချေး တွန်းပေးနေသူသည် (သာမန်ပုဂ္ဂိုလ်မဟုတ်ကြောင်း) အေမာမ်(အလိုင်ဟစ်စလာမ်) ဖြစ်ကြောင်း ပြောပြလေ၏။၎င်း အမျိုးသားသည် စပြီး တောင်းပန်လေ၏။သို့သော် အေမာမ်(အ လိုင်ဟစ်စလာမ်)သည် ၎င်းအား အချစ်၊မေတ္တာထားသည်ကို (သက်သေထူရန်)ဆက်လက်ပြီး ချေးတွန်းပေးခဲ့သည်။ထိုနည်း တူစွာ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သည် မိမိဧည့်သည် တော်များကို အရမ်းရိုသေ၊အလေးပေး လေးစား လေသည်။ရီဝါယတ်တော်၌ လာရှိသည်မှာ-တစ်နေ့၌ ဧည့်သည်တော်တစ် ယောက်သည် အေမာမ်(အလိုင်ဟစ်စလာမ်) ထံရောက်လာ၏။ ထို့နောက် ညပါနေလေ၏။ညအချိန် ဆီးမီးခွက်သည် လဲယိုင်သွား ရာ ထိုဧည့်သည်အနေဖြင့် ဆီးမီးခွက်ကို ပြန်လည်တည့်မတ်ရန် လာလေ သည်။သို့သော် အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့် ၎င်းကိုပြန်လည်တည့်မတ်ခွင့် မပေးဘဲကိုယ်တိုင် တည့်မတ်တော် မူပြီး၊မိန့်ကြားလေ သည်။"ကျွန်ုပ်တို့သည် မိမိ၏ဧည့်သည်များကို အလုပ်မလုပ်စေလိုချေ။(ဆိုလိုသည်ကား အရမ်းအားနာတတ်၍ ဖြစ်ပေသည်။ထို့ပြင် ဧည့် သည်များမပင်ပန်းစေလိုသောကြောင့် ဖြစ်ပေသည်။)

 

အေမာမ်(အလိုင်ဟစ်စလာမ)၏သက်တော်

 

ကျော်ကြားသည့် ရီဝါယတ်တော်အရ အေမာမ်(အလိုင် ဟစ်စလာမ်)၏ မင်္ဂလာနှင့်ပြည့်စုံတော်မူသည့် ဘဝသက်တမ်းမှာ (၅၅)နှစ် ဖြစ်တော်မူပြီး ရှဟာဒသ်ဖြစ်တော်မူသည့် ရက်သည် ကား ဟီဂျရီသက္ကရာဇ်(၂၀၃)ဆဖရ်လ၏ နောက်ဆုံးရက်ဖြစ်ပါ သည်။လုပ်ကြံသတ်ဖြတ် သူမှာလည်း စစ်မှန်သည့် ရီဝါယတ် တော်အဆိုအရ မာမူး(န)အဘာစီ ဖြစ်ပေသည်။သူ့အနေဖြင့် အေ မာမ်(အလိုင်ဟစ်စလာမ်)အား အဆိပ် ကျွေးသတ်ခဲ့ခြင်း ဖြစ်ပေ သည်။အေမာမ်(အလိုင်ဟစ်စလာမ်)၏ ဂူဗိမာန်တော်သည် မရှ် ဟဒ် မိုကဒက်စ်ရဇဝီးမြို့၌ရှိတော်မူပြီး ကမ္ဘာကျော် ပေသည်။

 

အေမာမ်(အလိုင်ဟစ်စလာမ)၏လူငယ်ဘဝ၌သာသနာ့

ပညာရပ်များနှင့်စပ်လျဉ်းပြီး ကိုယ်တော်ထံအကူအညီယူကြခြင်း

                                                                                       

အေမာမ်(အလိုင်ဟစ်စလာမ်)၏ လူငယ်ဘဝသည် မြင့် မြတ်မှုများ၊ပညာ အရည်အချင်းများဖြင့် ပြည့်နှက်နေခဲ့၏။လူထု တို့မှာအေ မာမ် (အလိုင်ဟစ်စလာမ်)ထံ မေးခွန်းများလာရောက် မေးမြန်းလေ့ရှိခဲ့ကြသည်။ဟဇရတ်အေမာမ်ကာစင်(မ)(အလိုင် ဟစ်စလာမ်)သခင် ကိုယ်တော်တိုင် လူထုအား အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)ထံ မေးမြန်းကြရန်မိန့်ဆိုညွှန်ကြားလေခဲ့ ရှိ ပြီးမိန့်တော်မူသည်မှာ-(ကျွန်ုပ်၏သားတော် ရေးသားသီကုံးထား မှုသည် ကျွန်ုပ်၏ ရေးသားမှုဖြစ်ပေသည်။၎င်း၏ စကားသည် ကျွန်ုပ်၏ စကားဖြစ်ပေသည်။၎င်း၏ စေလွတ်မှု (ခိုင်းစေမှု)သည် ကျွန်ုပ်၏ စေလွတ်မှု (ခိုင်းစေမှု) ဖြစ်ချေသည်။သားတော်၏ မိန့် ဆိုချက် ဟူသမျှသည် အမှန်တရားသာဖြစ် ချေသည်။)တစ်နေ့၌ ပုဂ္ဂိုလ်တစ်ယောက်သည် အေမာမ်ကာစင်(မ) (အလိုင်ဟစ်စ လာမ်)အား မေးမြန်းလေ၏။"ကျွန်တော် မေးစရာရှိပါ သည်။"ဟဇ ရတ်(သ)အေမာမ်ကာစင်(မ) (အလိုင်ဟစ်စလာမ်)အနေဖြင့် မိန့် လေသည်မှာ "မိမိ၏အေမာမ်(အလိုင်ဟစ်စလာမ်)ထံမှ မေးပါလေ "၎င်းပုဂ္ဂိုလ်သည် ပြန်မေးလေ၏။"ဘယ်သူကို အေမာမ်(အလိုင် ဟစ်စလာမ်)အဖြစ် ရည်ရွယ် ဆိုလိုပါသနည်း?"

ကျွန်တော်အနေဖြင့်အေမာမ်(အလိုင်ဟစ်စလာမ်) သည်ကား ကိုယ်တော်မှအပ အခြားသူကိုမသိပါ။"အေမာမ် (အလိုင်ဟစ်စလာမ်)ပြန်လည် ဖြေတော်မူသည်မှာ-"ထိုအေ မာမ်သည်ကား ကျွန်တော်၏သားတော်အလီ(အလိုင်ဟစ် စလာမ်)ဖြစ်ပါသည်။ကျွန်တော်အမည်ဖြင့် မိမိ၏ကွန်နီယတ်ကို ပင် ၎င်း၏ကွန်နီယတ် အဖြစ်သတ်မှတ်ထား ပေသည်။"စွန္နီအိုလ မာအဗ်နေဟဂျရ် ပြောကြားရေးသားထား သည်မှာ-

 

كانبفتيفيمسجدرسولللهصليللهعلیهوآلهوھوابننبفوعشرینسنه

 

အဓိပ္ပာယ်-အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သည် သက်တော်(၂၀)ကျော်ကျော် လောက်အရွယ်၌ပင် တမန်တော် မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝါအာလေဟီဝစလာမ်)၏ မက်စ်ဂျစ်ဒ်တော်၌ ဖသ်ဝါပေး ခဲ့တော်မူလေသည်။ဇဟ်ဘီ အ မည်ရှိအခြား အိုလမာ ယေအဟ်လေစွန္နတ်အနေဖြင့်လည်းရေး သားထားသည်မှာ-"ဟဇရတ်(သ)အေမာမ်ရေဇာ(အလိုင်ဟစ် စလာမ်) သည် စွန္နီမဇ်ဟပ်ကြီးလေး ပါး၏ဖကီး(ဓမ္မသတ်ပညာ ရှင်)များမှ တစ်ဦးဖြစ်သည့် မာလစ်က်ဗင်အနာစ် လက်ထက်၌ ဖသ်ဝါပေးခဲ့ပေသည်။ထိုအချိန်၌ လူငယ် ဖြစ်ပေသည်။"

 

ကလေးဘဝမှလူငယ်ဘဝ

 

မည်သို့ဆိုစေ သမိုင်းစာမျက်နှာသည် အထူးသဖြင့် အေ မာမ်များ(အလိုင်ဟေမွစ်စလာမ်) ၏ ကလေးငယ်ဘဝမှ လူငယ်ဘ ဝ အထိစပ်လျဉ်းပြီး ရေငုံနှုတ်ပိတ်ထား လေ့ရှိကြသည်။အ ကြောင်းသည်ကား-သမိုင်းရေးဆရာများသည် အသံအပြည့်ထွက် သည့် အကြောင်း အရာအဖြစ်အပျက်များ (နာမည်ကြီးသည့်အ ကြောင်းအရာ အဖြစ်အပျက်များ (သို့မဟုတ်)အားလုံးစိတ်ဝင်စား သည့် (ဘုရင်၊ရာထူး၊အာဏာ ရှင်)တို့၏ အကြောင်းသာ၊ရေးဖို့ စိတ်ဝင်စားချေသည်။ကြွေးကြော်မှု မရှိသူများ၊ကျော်ကြား၊ကျော် စော အသံများ ထွက်အောင် မလုပ်သူများအကြောင်းစိတ်မဝင် စားပေ။အထူးသဖြင့် အချုပ်အခြာအာဏာကို အမှန်တကယ် ရ ပိုင်ခွင့်ရှိသော်လည်း မတရား အလုခံထားရသည့် အဟ်လေ ဘိုက်(အလိုင်ဟေမွစ်စလာမ်)အကြောင်းဖြစ်ပေသည်။ထို ခေတ်ကာလ ပညာရှင်များသည်လည်း မဇ်ဟပ်ခြင်း မတူညီမှု အပေါ်အခြေခံ ပြီးအဟ်လေဘိုက်(အလိုင်ဟေမွစ်စလာမ်)ကို အထင်သေး၊ဂုဏ်ငယ်အောင် ကြိုးပမ်းခဲ့ပေသည်။

ဤအတွက်ကြောင့် ၎င်းတို့(အဟ်လေဘိုက် (အလိုင် ဟေမွစ်စလာမ်)၏ ရန်သူများ)အနေဖြင့် လာမည့်မျိုးဆက်သစ် လူငယ်များကို အထူးသဖြင့် အဟ်လေဘိုက်(အလိုင်ဟေမွစ် စလာမ်)၏ အေမာမသ်တာဝန်ကို အတိအလင်း တာဝန်မယူခင် အချိန်ဖြစ်စေ၊တာဝန်ယူပြီး အချိန်ဖြစ်စေအကြောင်းအရာတော် တော်များများအားဖုံးကွယ်ဖို့လုပ်ခဲ့ကြပေသည်။အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)နှင့် ပတ်သက် ပြီးသမိုင်း၌ လာရှိသည်မှာ- အေ မာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သည် ငယ်စဉ် တောင်ကျေးက လေး ဘဝကပင် ဖခမည်းတော်အေမာမ်မူစာဗင်ဂျအ်ဖရ်(အ.စ)၏ အထူးဂရုပြုအလေးထားခြင်းကို ခံခဲ့ရပေသည်။အေမာမ် မူစာ ဗင်ဂျအ်ဖရ်(အလိုင်ဟစ်စလာမ်)၏ သာဝကတော် များမှ တစ်ပါး ဖြစ်သူ မိုဖွစ်စလ်အနေဖြင့် ပြောကြားသည်မှာ-"ကျွန်တော်အနေ ဖြင့် အေမာမ်မူစာဗင်ဂျအ်ဖရ် (အလိုင်ဟစ်စလာမ်)ထံ သွား ရောက်ခဲ့ပါသည်။ကိုယ်တော်မှ မိမိ၏သားတော်အလီ(အလိုင်ဟစ် စလာမ်) ကို ပွေ့ထားပြီး၊နမ်းရှုံ့ကာ၊လျှာတော်ကို စုပ်ပေးတော်မူ ခဲ့၏။(တစ်နည်းဆိုရလျှင် အရမ်းယုယကြောင်း ပြဆိုနေလေ သည်။)ပြီးနောက် မိမိပခုံးထက်ဝယ် တင်တော်မူပြီး၊မိမိကိုယ်၌ ထွေးပွေ့၊ပိုက် ထားတော်မူ၍ မိန့်တော်မူသည်မှာ-"ကျွန်တော်၏ ဖခင်အားအသင်(အလီရေဇာ (အလိုင်ဟစ်စလာမ်))အတွက် စတေးပါ၏။(အာရပ်လူမျိုးများမှာ အရမ်းလေးစား၊ဂုဏ်ပေး၊ရိုသေ သည့် အခါသုံးစွဲလေ့ရှိသည့် ဝါကျဖြစ်သလို၊အမှန်တကယ်လည်း ဖြစ်နိုင်ပေသည်။)အသင်၏ မည်မျှ ကောင်းမြတ်သည့်ရနံ့၊၊မည်မျှ ကောင်းမြတ်သန့်စင်သည့် စာရိတ္တ၊မည်မျှမြင့်မြတ်ကြီး ကျယ်မှု သည် ရှင်းလင်း ပြတ်သားနေပါသည်။"

မိုဖွစ်စလ်အနေဖြင့် လျှောက်ထားသည်ကား"ကျွန်တော် သည် ကိုယ်တော်အတွက် စတေးပါ၏။ကျွန်တော်နှလုံးသား၌ သခင်(အ လိုင်ဟစ်စလာမ်)ကြီးကို အချစ်မေတ္တာ ထားသကဲ့သို့ ဤကလေးငယ်ကိုလည်း အချစ်မေတ္တာ သက်ဝင်နေပါသည်။အ ခြား မည်သူတစ်ဦး၊ တစ်ယောက်ကိုမျှ ဤကဲ့သို့ချစ်ခင်၊သက်ဝင်မှုမရှိခဲ့ပါ။"အေမာမ်(အလိုင်ဟစ်စလာမ်)မိန့်ကြားတော်မူသည်ကား-"အို-မိုဖွစ်စလ်-သားတော်သည်ကျွန်ုပ်ကဲ့သို့ပင်တည်း။ကျွန်တော် ၏ဖခမည်းတော်(အေမာမ်ဂျအ်ဖရ်(အလိုင်ဟစ်စလာမ်))၏သား တော်များမှသားတော်တစ်ပါး ဖြစ်ပေသည်။အလ္လာဟ်ဟိုအရှင် မြတ်သခင်သည်ကြားသိတော်မူသော၊သိရှိတော်မူသောအရှင်ပင်တည်း။"မိုဖွစ်စလ်ပြန်လည်လျှောက်ထားသည်မှာ-"သားတော် သည် သခင်ကြီး(အလိုင်ဟစ်စလာမ်)နောက်ပိုင်း အေမာမ်ဖြစ်ပါ သလား? အေမာမ်(အလိုင်ဟစ်စလာမ်)ပြန်လည်ဖြေ ကြားသည် မှာ - ဟုတ်ပါသည်။အေမာမ် ဖြစ်ပါသည်။

               မည်သူမဆို ၎င်း၏အမိန့်ကို နာခံကျင့်သုံးမည်ဆိုပါက အမှန်တရားကို ပိုင်ဆိုင်မည် ဖြစ်ပြီး၊မည်သူမဆို ၎င်း၏အမိန့်ကို ဖီဆန်၊ဆန့် ကျင် မည်ဆိုပါက ကာဖေရ် ဖြစ်ချေသည်။"(ဤနေ ရာ၌ ကာဖေရ်ဆိုသည်မှာ မည်ကဲ့သို့ ဆိုလိုကြောင်းရှီအာ၊အိုလ မာသုခမိန်များထံ မေး မြန်းသင့်ပေသည်။)ဘာသာပြန်ဆိုသူ

 

ကိုယ်တော်၏ရက်ရောပေးကမ်းလှူဒါန်းမှု

 

ကိုယ်တော်သည် ရက်ရော ပေးကမ်း လှူဒါန်း၊စွန့်ကြဲမှု နှင့်စပ်လျဉ်းပြီး မိမိခေတ်ကာလ၌ ပြိုင်ဘက် မရှိခဲ့ချေ။အာရ်ဖါနေ့ များ၌ မိမိ၏ ဥစ္စာ၊ပစ္စည်းများ အားလုံးကို စွန့်ကြဲပေးကမ်း ခဲ့လေ သည်။ဖွစ်လ်ဗင်စဟ်လ်အနေဖြင့် ပြောကြားသည်မှာ-"ဤ(ရက် ရော၊လှူဒါန်းမှု၊ စွန့်ကြဲမှု သည်)ဆုံးရှုံးမှု မဖြစ်ပါသနည်း? အေ မာမ်(အလိုင်ဟစ်စလာမ်)မိန့်ကြားတော်မူသည်မှာ-မည်သည့်အ ရာကို မဆိုအလ္လာဟ်အရှင်မြတ်၏ လမ်း၌ လှူဒါန်း ပေးကမ်းခဲ့ မည်၊ချီးမြှင့်ခဲ့မည် ဆိုလျှင် ၎င်းအရာကို ဆုံးရှုံးမှု၊နစ်နာမှု စာရင်း၌ မထည့်ရပေ။"တစ်နေ့၌ ပုဂ္ဂိုလ်တစ်ယောက် သည် အေမာမ်(အ လိုင်ဟစ်စလာမ်)အား ပြောကြားသည်မှာ-"မိမိ၏ ပျော့ပြောင်း သည့် နှလုံးသားနှင့် အညီ ကျွန်တော်အား ပေးကမ်း စွန့် ကြဲပါ လေ။" အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့် အဖြေပြန်ပေး သည်မှာ"မဖြစ်နိုင်ချေ။"ထပ်ပြီးပြန်လျှောက်သည်မှာ"ကျွန်တော်၏ ပျော့ပြောင်းသည့် နှလုံးသားနှင့်အညီ ကျွန်တော်အား ပေးကမ်း စွန့်ကြဲပါဟု ဆိုရာ။"အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့် "ဒီ နာရ်နှစ်ရာ ပေးရန်"အမိန့်ပေးတော်မူလေ၏။

အစ္စလာမ် သာသနာတော်၌ အထူးတိုက်တွန်း နိုးဆော် ထားသည့် ကိစ္စတစ်ရပ်မှာ မရှိဆင်းရဲ၊နွမ်းပါး၊လိုအပ်နေ သူများ၏ ဆန္ဒများကို ဂရုပြု၊ဖြည့်စွက် ကူညီပေးဖို့ဖြစ်ပေသည်။မရှိဆင်းရဲ နွမ်းပါး၊လိုအပ်နေသူများ၏ ဆန္ဒကို ဖြည့်စွက်ပေးမှုကြောင့် ရရှိ မည့် အကျိုးဆုလာဒ်များနှင့် ပတ်သက်ပြီး ကျမ်းတော်မြတ် ကုရ် အာန်၏အာယတ်တော်များ၊မအ်စူးမ်မီး(န်)(အလိုင်ဟေမွစ်စလာမ်)၏ အမိန့်သြဝါဒတော်များ၌အထူးလာရှိပေသည်။လူသားအနေ ဖြင့် အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၏ ဘဝသမိုင်းကို အ နည်းငယ်လေ့လာကြည့်ရှု့မည်ဆိုလျှင်အေမာမ်(အလိုင်ဟစ်စ လာမ်)သခင်ကြီး သည် မရှိဆင်းရဲ နွမ်းပါး၊လိုအပ်နေသူများ၏ ဆန္ဒများ ကို အထူးတလည်မည်ကဲ့သို့ အကျိုးပြု ကူညီခဲ့သည် ဆိုသည့် ဖြစ်ရပ်မှန်၊အမှန် တရားကို ထင်ထင်၊ရှားရှားသိနိုင် ပေသည်။

မိုအ်မရ်ဗင်ခလာဒ်အနေဖြင့် တင်ပြသည်မှာ- "အေမာမ် ရေဇာ(အလိုင်ဟစ်စလာမ်)သည် ထမင်းစားသုံးနေလေသည်။အ ကောင်းတ ကာ့၊အကောင်းဆုံးဖြစ်သည့် အစားအစာထည့်ထား သည့် ခွက်တစ်ခုအား စားပွဲခင်းမှ ဆွဲထုတ်ပြီး၊မရှိဆင်းရဲသားများ ကို ပေးကမ်းရန်မိန့် လေ သည်။"

 

စိတ်ရှည်အလောမကြီးမှုနှင့်သည်းခံမှု

 

အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၏သည်းခံမှု၊ခန္တီပါရမီတရား၊စိတ်ရှည် အလောမကြီးမှု၊အနွံ၊အတာခံမှုနှင့် ပတ်သက် ပြီး မာမွန်၏ အုပ်ချုပ်သည့် ကာလ၊၎င်း၏ နိုင်ငံရေး လှည့်ကွက်၊ ဖုံးကွက်၊လိမ်လည်ကွက်များ အချိန်နှင့် အေမာမ်(အလိုင်ဟစ်စ လာမ်)အား အိမ်ရှေ့မင်း သားအဖြစ် ခန့်ထားပြီး နောက်ပိုင်းအ ချိန်များ၌ မည်မျှအထိ အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့် သည်းခံခဲ့တော်မူကြောင်း၊စိတ်ရှည် အနွံအတာခံခဲ့တော်မူ ကြောင်း ထင်ရှားစွာ သိရှိနိုင်ပါသည်။ဟဒီးစ်ပါရဂူများမှ တစ်ဦး ဖြစ်သည့် ယာစေရ်ခိုဒါမ်အနေဖြင့် ဆင့်ဆိုသည်မှာ-သောကြာ နေ့၌ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သခင်သည် ဗလီဝတ် ကျောင်းတော်မှ ပြန်လာရာ ကိုယ်တော်သည် ချွေးများ၊ဖုန်မှုံ များ ဖြင့် ပေလူးနေလေသည်။ထိုအချိန် မိုးကောင်းကင်ဘက် လက် တော်နှစ်ဖက်ကို မြှောက်တော်မူပြီး ဒိုအာတောင်းလေ၏။

"အို-အလ္လာဟ်ဟိုအရှင်မြတ်သခင်ကြီး ကျွန်တော်မျိုး၏ (မာမွန်၏ နှိပ်စက်ညှဉ်းပန်း၊ဂွင်စဉ်မှုများမှ)လွတ်မြောက်မှုသည် သေခြင်း တရား၌ ရှိမည်ဆိုပါက-အမြန်ဆုံး ဤအချိန်၌ သေခြင်း တရားကို ပေးသနားတော်မူပါ။"ဤရီဝါယတ်တော်အနေဖြင့် မီး မောင်းထိုး ပြနေသည်မှာ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) အနေဖြင့် အိမ်ရှေ့မင်းသားဘဝ၌ နေခဲ့စဉ် မာမွန်၏ နိုင်ငံရေး လှည့်ကွက်များ၊မကောင်းသည့် ဥာဏ်စဉ်မှုများဖြင့်၊ဒုက္ခ၊သောက ရောက်ခဲ့ရသည်ကို သိနိုင်ပေသည်။ဤခါးသီးမှုများ၊မကျေနပ်မှု များကို အရမ်းသည်းခံပြီး၊တိတ်ဆိတ်စွာ နေခဲ့ပေသည်။ထို့နောက် အလ္လာဟ်ဟိုအရှင်မြတ်၏ အမိန့်တော်ကို လိုက်နာ ကျင့်သုံးဖို့ရန် အတွက် အမိန့်တော်ကို စောင့်စား သည်းခံခဲ့ တော်မူလေသည်။

 

အေမာမ်(အလိုင်ဟစ်စလာမ)၏တရားမျှတမှု

 

ဆင့်ဆိုတင်ပြသည်မှာ-မိုဟမ္မဒ်ဗင်အေဗာဒေဟ်မှအေ မာမ်(အလိုင်ဟစ်စလာမ်)အား မေးမြန်းလေ၏။"အဘယ်ကြောင့် အမီး ရွလ်မိုမေနီး(အလိုင်ဟစ်စလာမ်)၏ မိန့်ကြားခဲ့မှုများကို အ ချိန်ဆွဲခဲ့တော်မူပြီး၊ရှောင်ကြဉ် ခဲ့ရပါသနည်း?"အေမာမ်(အလိုင် ဟစ်စလာမ်) အဖြေပေးတော်မူသည်မှာ -အသင်၏ အမြင်တွင် ဤအလုပ် (အမီးရွလ်မိုမေနီး(အလိုင်ဟစ်စလာမ်)၏ မိန့်ကြား ချက်) ဆိုသည်မှာ အဘယ် နည်း? အကယ်၍ အချုပ်အခြာ အာ ဏာကို ဆိုလိုခြင်း ဖြစ်ပါက မိမိမူရင်း အတိုင်းသာ နေပါလေ၊အ ကယ်၍ ကျွန်ုပ်အနေဖြင့် အချုပ်အခြာ အာဏာကို ယူခဲ့လျှင် လည်း အသင်သည် ဤအတိုင်းပင် ဖြစ်ပေမည်။သူတစ်ပါး နည်းတူဖြစ်ပေမည်။အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၎င်း ကိုအဖြေပေးပြီး စစ်မှန်သည့် ရုပ်လုံးကို ဖော်ပေးခဲ့ပေသည်။ပြီး နောက် ဆက်လက် မိန့်ကြားတော်မူသည်မှာ ခေလာဖသ်(အုပ် ချုပ်မှု)အား အပြည့်အဝ ၎င်းအား ပြောင်းလဲပေးအပ်ခြင်း မရှိဘဲ၊ ၎င်းခေလာဖသ်(အုပ်ချုပ်မှု)ကို လက်ခံပါကလည်းအကျိုးအမြတ် ရှိမည်မဟုတ်ချေ။ဤ (အေမာမ်(အလိုင်ဟစ်စလာမ်))၏ အဖြေ ကြောင့် ၎င်းမေးမြန်းသူ၏ မျက်နှာသည် ဝမ်းနည်း၊ပူဆွေးသည့် အရောင်များ ထွက်လာလေ၏။

အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)အနေဖြင့် မိမိ၏ ခေလာဖသ်(အုပ်ချုပ်မှု)နှင့် စပ်လျဉ်းပြီး မိမိလမ်းစဉ်ကိုမိန့်တော် မူသည်မှာ - မည်သူမျှအခြားသူတစ်ဦးထက် သာလွန် မြင့်မြတ်မှု၊ အရေးပေးခံရမှုကို ရရှိမည် မဟုတ်ချေ။အာဏာပိုင်ဖက်မှ ဥပဒေ ကို လေးစားမှုနှင့် တရားမျှတမှု၊ကျောသား၊ရင်သားမခွဲခြားမှု၊ကို အပြည့်အဝ လိုက်နာမည် ဖြစ်ပေသည်။တရားမျှတမှု၊ကျော သား၊ရင်သားမခွဲခြားမှုကို လူထု အကြား ကျင့်သုံးရမည် ဖြစ်ပေ သည်။ဤလုပ်ရပ်သည်အလွန်အရေးကြီးသည်လုပ်ရပ်တစ်ခုဖြစ်ပါသည်။

 

အကြီးအကဲများ၏အဆို၌အေမာမ် (အလိုင်ဟစ်စလာမ်) ၏ကြီးကျယ်မြင့်မြတ်မှု

 

အကယ်၍ တစ်နည်းဆိုရလျှင်ကျွန်တော်တို့အတွက်အေမာမ်(အလိုင်ဟစ်စလာမ်)၏ ကြီးကျယ် မြင့်မြတ်မှုအတွက်ကိုယ်တော်၏ အေမာမ်မသ်တည်း သာလျှင် လုံလောက်ပေ သည်။သို့သော်အေမာမ်(အလိုင်ဟစ်စလာမ်)၏ ကြီးကျယ်၊ မြင့်မြတ်မှုနှင့် ပတ်သက်ပြီး အချို့ အကြီးအကဲများ၏ အဆိုတစ် ချို့သည် အများလူထု၏ ဦးနှောက်ထဲ အရမ်းဝင် စေပေသည်။ မာမူးမ်ရရှီးဒ်အာဘာစ်စီသည် ပညာအရကြီးမား သည့် နေရာကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။သို့သော်လည်း ကိုယ်တော်၏ ရန် သူများမှ တစ်ယောက် ဖြစ်ပေသည်။၎င်းအနေဖြင့် ကိုယ်တော် နှင့် ပတ်သက် ပြီးပြောသည်ကား -

 

مااعلماحدافضلمنھذاالرجلعليوجهالارض

 

အဓိပ္ပါယ်။။ကျွနှ်ပ်အနေဖြင့် ဤပုဂ္ဂိုလ်ထက်သာလွန် ကောင်းမွန် သူ တစ်ဦး၊တစ်ယောက်ကိုမျှ ဤပထဝီ မြေကြီး၌မတွေ့ဖူးချေ။ဂျ မားလ် လွဒ်ဒီးန်အဟ်မဒ်ဗင်အလီနဇာပေ၊စာပေ ကျော်ကြားသည့် အမည်အဗ်နေအန်ဗေအနေဖြင့် ဆိုထားသည်မှာ အေမာမ်ရေဇာ (အလိုင်ဟစ် စလာမ်)၏ ကွန်နီယသ်သည် အဗူလ်ဟစန် ဖြစ်ပါ သည်။မိမိခေတ်ကာလတွင် အနှိုင်းမဲ့သည့် အဗူသွာလစ်ဗ်(အလိုင် ဟစ်စလာမ်)သား တော်များမှ ဖြစ်ပေသည်။ထို့ပြင် ဇဟ်ဘီဟု ကျော်ကြားသည့် အဟ်လေ့ဘိုက်(အလိုင်ဟေမွစ်စလာမ်)အား ကျောခိုင်းသူ တစ်ဦးမှ အေ မာမ်ရေဇာ(အလိုင်ဟစ်စလာမ်)နှင့် ပတ်သက်ပြီးပြောသည်ကား-၎င်းသည် မိမိခေတ်ကာလတွင် ဗနီဟာရှင်၏ ခေါင်းဆောင်ဖြစ်ပြီး၊ခန္တီတရားအရှိဆုံး၊အသိဥာဏ်၊ ပညာ အရှိဆုံးဖြစ်ပေသည်။

အဗာစဲလ်ဟရ်ဝီးမိမိခေတ်ကာလ၏ အကြီးဆုံးပညာရှင် အနေဖြင့်ပြောဆိုသည်မှာ-အလီ(အလိုင်ဟစ်စလာမ်)၊ဗင်မူစာ (အလိုင် ဟစ်စလာမ်)၊အလ်ရေဇာ(အလိုင်ဟစ်စလာမ်)ပမာပညာ အရှိဆုံး မည်သည့် ပညာရှင်ကိုမျှ မတွေ့ဖူးချေ။အကယ်၍ မည် သည့် ပညာရှင် မဆို ၎င်းအား(အေမာမ်ရေဇာ(အလိုင်ဟစ်စ လာမ်))တွေ့မြင် မည်ဆိုလျှင် ထိုပညာရှင် ကိုယ်တိုင်ကျွန်ုပ်ကဲ့သို့ ပင်သက်သေ ခံပေမည်။

 

 

အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) ပညာအရည်အချင်း

 

ကိုယ်တော်သည်ပညာအရည်အသွေးအားမိမိ၏ဘိုး တော်ရစူလ်လေခိုဒါ(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝ စလာမ်) ထံမှအမွေရထားခြင်းဖြစ်ပေသည်။ကိုယ်တော်သည် အေလ်မ်နှင့်ဖဇီးလသ်(ပညာနှင့်မြင့်မြတ်မှု)၏ပင်မဖြစ်ချေသည်။ အေလ်မ်(ပညာ)နှင့် မအ်ရေဖတ်သ်(အလ္လာဟ်ဟိုအရှင်မြတ်ကိုသိ ရှိနားလည်ခြင်း)ဆည်းပူးလိုသူများမှာကိုယ်တော်ဆီမှဆည်းပူးအ ကျိုးရယူခဲ့ကြပေသည်။မဆာအေလ်(ပညတ်ချက်တော်များ)ကို နားလည် သဘောပေါက်ရန်၊အခက်အခဲများကို ဖြေရှင်း ကျော် လွှားနိုင်ရန်၊ကိုယ်တော်ထံမှ အကျိုးအမြတ်အကူအညီယူခဲ့ကြ ပေသည်။

သမိုင်းစာမျက်နှာမှမြောက်များစွာသော ကိုယ်တော်(အ လိုင်ဟစ်စလာမ်)၏အေလ်မ်မီမိုနာဇေရေဟ်(အမှန်တရားအတွက် ပညာယှဉ်ပွဲ)၊ဖေက်ရ်(စဉ်းစားတွေးခေါ်မှု)ဆိုင်ရာ ဆွေးနွေးမှု များသည် အစ္စလာမ်ရန်သူများအပေါ် အောင်နိုင်မှုအဖြင့် နေရာ ယူထားပြီး ဖြစ်ချေသည်။

အီဗရာဟီးမ်ဗင်အာဘာစ်ဆူလီအနေဖြင့်တင်ပြပြောဆို သည်မှာ -ကျွန်ုပ်အနေဖြင့်အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) အား မေးခွန်း၊မေးတိုင်း၊မဖြေနိုင်တာမရှိကြောင်း၊မသိကြောင်းကို တစ်ခါမျှ မတွေ့ခဲ့ရချေ။၎င်းထက် ပိုပြီး ဥာဏ်အရှိဆုံး၊ပညာအရှိ ဆုံး မည် သူကိုမျှမတွေ့ဘူးချေ။

 

ပတ်ဝန်းကျင်နှင့်ပေါင်းသင်းဆက်ဆံမှုဆိုင်ရာကျင့်ဝတ်များ

 

မာစူမ်အေမာမ်များ (အလိုင်ဟေမွစ်စလာမ်) များသည် လောက မမက်မောသည့် သူတော်စင်များအနက် အကောင်းဆုံး သူတော် စင်များဖြစ်သည်မှာ သံသယမရှိ မှန်ကန်ပေသည်။လော က၏ အရောင်၊အလက်များ၊တန်ဆာများမှလည်း အလွန်တရာ ရှောင်ကြဉ်ခဲ့သူများ ပင်တည်း။သို့သော်အေမာမ်များ(အလိုင် ဟေမွစ်စလာမ်)အမြင်တွင် လောကမမက်မောမှုဆိုသည်မှာရိုးရိုး၊အဝတ် ဝတ်ဆင်ခြင်း၊ရိုးရိုး၊အ စားအစာ၊စားသောက်ခြင်း အထိမဟုတ်ဘဲ၊အဓိပ္ပါယ် ဆိုလိုချက် ပိုမိုကျယ်ပြန့်မှုကို ဆောင် နေပေသည်။အမှန်တကယ်လောက မမက်မော သူဆိုသည်မှာ လောက၏ ပျော်ရွင်မှုများ၊အရသာများကိုမိမိ၏ ကိုယ်၊စိတ်၊နှ လုံးအပေါ် အုပ်ချုပ်မှု မပေးဘဲ ထိန်းချုပ်ထားနိုင်သူကို ခေါ်ပါ သည်။

((နတ်စ်ရေဒ်ဒိုရရ် )) အမည်ရှိ စာအုပ်တွင် ရာဝီး(ရေ ဝါယသ်ဆင့်ဆိုသူ)တစ်ယောက်မှတင်ပြသည်မှာ - ခိုရာစာန်တွင်စူဖီများမှအုပ်စုတစ်စုသည်အေမာမ်ရေဇာ (အလိုင်ဟစ် စလာမ်) ထံအခစားဝင်ကြပြီးလျှောက်ထား ကြသည်မှာအမီး ရွလ်မိုမေနီ(မာမူမ်ရရှီးဒ်) သည် အလ္လာဟ်ဟိုအရှင်မြတ် မိမိကို ပေးအပ်သည့် တာဝန်(ခေလာဖာသ်)နှင့် ပတ်သက်ပြီး စဉ်းစား ၊တွေးတောကာ ကိုယ်တော်၏အဟ်လေ့ဘိုက် (အလိုင်ဟေမွစ် စလာမ်) သည် လူသားအားလုံးထက် အေမာမ်မသ်နှင့်၊ရှေ့ ဆောင်တာဝန်ကို ခံယူအထိုက်ဆုံးဟုရလာဒ် ထုတ်ခဲ့ ပေသည်။ ပြီးနောက်အဟ်လေ့ဘိုက်(အလိုင်ဟေမွစ်၊စလာမ်)အားသုံးသပ် ရာ ကိုယ်တော်သည် အသင့်တော်ဆုံး ဖြစ်ကြောင်း တွေ့လေ သည်။ဤအတွက်ကြောင့်ခေလာဖသ်၏တာဝန်ကိုယ်တော်ကိုပြန်လည်ပေးအပ် လိုပါတယ်။လက်ရှိ လူထုအတွက် ရိုးရိုး၊အဝတ် ဝတ် ဆင်ပြီး၊ရိုးရိုး အစား၊အစာ စားသောက်ကာ ရိုးရိုး၊အစီး၊အ နင်းဖြစ်သည့် မြည်းကို အသုံးပြုမည့် ရှေ့ဆောင်၊ခေါင်းဆောင် လိုအပ်နေပါသည် ဟုလျှောက်ထား ကြလေသည်။

ရာဝီးအနေဖြင့် ဆက်လက်ပြီး ဆင့်ဆိုသည်မှာ-အေမာမ် (အလိုင်ဟစ်စလာမ်)သည် မှီထိုင် နေရာမှ အမှီကိုလွှတ်ပြီး ထိုင် ကာ မိန့် တော်မူသည်မှာ-((ဟဇရတ်ယူစွဖ်(အလိုင်ဟစ်စလာမ်)) သည် နဘီတမန်တော်ဖြစ်ပြီး ၎င်း၏ အဝတ်သည် ပိုးထည် ဖြစ် ပြီး၊ကြယ်သီးသည် ရွှေ ဖြစ်ပေသည်။ထို့ပြင် ဖေရ်အောင်နီများ (ရှိုင်တွာန်များ)၏ မဂျလစ်(ထိုင်ဝိုင်း)တွင် ကောင်းလှသည့် အမှီ များကို မှီပြီး ထိုင်တော်မူလေ သည်။အသင်တို့ အရှက်၊တရား ကင်းမဲ့ ကြပေသည်။အသင်တို့ တရားမျှတသည့် အေမာမ်၊ကျော သား၊ရင်သားး၊မခွဲ ခြားသည့် အေမာမ်လို ချင်သည်ဟု ဆိုပြီး အ ဘယ်ကြောင့် စကား၊အမှန် မဆိုကြပါသနည်း? အကယ်၍ အမိန့် ပေးမှုကို ပြုမည်ဆိုလျှင် တရားမျှတပါစေ။ကတိပေးလျှင်တည်ပါ စေ။

 

ဟဇရတ်အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)အနေဖြင့် မိမိ၏ ရှဟာဒတ်ဒ်နှင့် မြှုပ်နှံရာ အရပ်ကို

ကြိုသိတော်မူခြင်း

 

ဟဇရတ်အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)အနေဖြင့် မိမိ၏ ရှဟာဒတ်ဒ်သည် မာမွန်ကြောင့် ဖြစ်ရမည် ဖြစ်သော ကြောင့် အကြိမ် ကြိမ် အထူးအနေဖြင့် သတင်းပေးတော်မူခဲ့ ပေသည်။တစ်ခါ၊တစ်ရံ မိန့်ကြားတော်မူသည်မှာ-ကျွန်တော် ခိုရာစာန်သို့ ခရီးထွက်မည်၊သို့သော် ပြန်လာနိုင်မည် မဟုတ် ချေ။အကြောင်းသည်ကား မာမွန်သည် ကိုယ်တော်အား အိမ်ရှေ့ မင်းသားအဖြစ် မဒီနာရွှေမြို့တော်မှ ခိုရာ စာန်သို့ ဖိတ်ခေါ်ခဲ့သည့် အတွက်ကြောင့် ဖြစ်ပေသည်။ရာဝီးမှတင်ပြသည်မှာ-နှုတ်ဆက် ရန် အတွက်(ဘိုးတော်) ရစူလ်လေခိုဒါ (ဆွလ်လ္လာဟ်ဟို အလိုင် ဟေ ဝါအာလေဟီ ဝစလာမ်) ရောင်ဇာတော်ဆီ လာရောက်ပြီး အသံကျယ်စွာဖြင့် ငိုကြွေး တော်မူလေသည်။

ကျွန်တော်(ရာဝီး)အနေဖြင့်အေမာမ်(အလိုင်ဟစ်စလာမ်)အား စလာမ် ဆက်သတော်မူပြီး ဖိတ်ခေါ်ခြင်း ခံရသည့် အိမ်ရှေ့ မင်းသားရာထူးအတွက် မိုဘာရတ်ပြောကြားခဲ့သည်။အေမာမ် (အလိုင်ဟစ်စလာမ်)အနေဖြင့် မိန့်သည်မှာ- ((ကျွန်ုပ်အား မိမိ၏ ဘိုးတော် ရစူလ်လေခိုဒါ(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝါအာလေ ဟီ ဝစလာမ်)နားမှ ဝေးအောင် လုပ်နေပေသည်၊ကျွန်ုပ်သည် မိမိ မွေးရပ် မြေနှင့်ဝေး ပြီး သေရပေလိမ့်မည်။ဟရွန်ရရှီးဒ်ဘေး၌ မြှုပ်နှံခြင်းခံရပေလိမ့်မည်။))ဤအတွက်ကြောင့် ကိုယ်တော်အနေ ဖြင့် မဒီနာရွှေမြို့တော်ကို စွန့် ခွာတော်မူချိန်၌(မိမိအမျိုးအဆွေ များ)ကိုကျွန်ုပ်အပေါ် ငိုကြွေးကြရန် အမိန့် ပေးတော်မူလေ၏။ အကြောင်းသည်ကား-မာမွန်အနေဖြင့် အပြင်ပိုင်းအရ အေမာမ် ရေဇာ(အလိုင်ဟစ်စလာမ်) ကို နှစ်သက်၊မြတ်နိုးကြောင်း ပြပေ သည်။နန်းတွင်း အစည်း၊အဝေးပွဲများတွင် အေမာမ် အလီ(အလိုင် ဟစ်စလာမ်)၏ အေမာမ်မာသ်ကိုကာကွယ်ခဲ့ပေသည်။

အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)အနေဖြင့် မိမိ၏ အ ပေါင်းအဖော်များကို မိန့်ကြားလေ့ရှိပေသည်။((မာမွန်အနေဖြင့် မိ မိ၏ တရားများဖြင့် အသင်တို့အား မလှည့်စားဖို့ လိုပေသည်။ အလ္လာဟ်ဟိုအရှင်မြတ်၏ ကစမ်၎င်းမှ လွဲပြီး ကျွန်ုပ်ကို မည်သူမျှ လုပ်ကြံ၊သတ်ဖြတ်မည်မဟုတ်ချေ။ကျွန်ုပ်အနေဖြင့်လည်း ဖူးစာ တွင် ရေးထားသည့်(ရှဟာဒသ်)ကို ရရှိရာမှအပ၊တခြားနည်းလမ်း မရှိတော့ချေ။))ဤအကြောင်း နှင့် ပတ်သက်ပြီး၊အခြားရာဝီးတစ် ယောက်မှလည်း တင်ပြသည်မှာ ကျွန်တော်အနေဖြင့် ခလီဖာ အဘာစီသည် မစ်ဂျစ်ဒ်ဒေဟရမ်၏ တံခါး ပေါက်တစ်ခုမှ အပြင် ထွက်လာပြီး၊အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) မှလည်း အခြားတံခါးပေါက် တစ်ခုမှအပြင် ထွက်လာတော်မူသည် ကို တွေ့ခဲ့ရပါသည်။ကိုယ်တော်အနေဖြင့်မိန့်တော်မူသည်ကား -

 

یابعدالداروقربالملتقيانطوسستجمعنيوایاه

 

((အိမ်သည် မည်မျှ ဝေးနေပါသနည်း?တွေ့ဆုံဖို့ မည်မျှ နီးကပ် နေပေသည်။သူစ်မြို့တွင် ၎င်းနှင့် ကျွနှ်ပ်သည် ပေါင်းသင်း ဆက်ဆံ ရပေမည်။ဟရွန်၏ ကဗ်ရ်ဘေးတွင် ကျွန်ုပ်(အေမာမ်ရေ ဇာ (အလိုင်ဟစ်စလာမ်)) ၏ ကဗရ်ရှိမည်ဟု သိလိုက် ရပါ သည်။))တစ်ခါ၊တစ်ရံဟာရွန်မစ်ဂျစ်ဒ်နဗဝီးတွင်တရားဟော နေစဉ်ကိုယ်တော်မိန့်တော်မူသည်မှာ -

 

ترونيوایاهندفنفيبیتواحد

 

အဓိပ္ပါယ်။။ကျွန်ုပ်နှင့်၎င်းသည်တစ်နေရာတည်းတွင်မြှုပ်နှံခြင်းခံရပေလိမ့်မည်။တစ်ခါတစ်ရံမိန့်တော်မူသည်မှာ-ကျွန်ုပ် နှင့် ဟာရွန်ကို ဤကဲ့သို့ မြင်ရလိမ့်မည်၊ထို့နောက် မိမိ လက်ခ လယ်နှင့် တခြားလက်ချောင်း တစ်ခုကိုကပ်ပြလေသည်။ရာဝီး အနေဖြင့်ပြောကြားသည်မှာ-အေမာမ်(အလိုင်ဟစ်စလာမ်)၏ အဓိပ္ပါယ် ဆိုလိုချက်ကို သဘောမပေါက်ခဲ့ရာ ဟာရွန်ဘေးတွင် အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)အားမြှုပ်နှံချိန်တွင်မည် သည်ကို အေမာမ်ဆိုလိုတော်မူခဲ့ကြောင်းသဘောပေါက်ခဲ့ ပေသည်။

 

الحمد لله رب العالمین